သုံးရလွယ်ကူစေသည့် Link များ

အီလက်ထရောနစ် မဲပေးစံနစ်နဲ့ ရွေးကောက်ပွဲမဲပေးစံနစ်များ


အိန္ဒိယ နိုင်ငံက အီလက်ထရောနစ် စံနစ်နဲ့ မဲပေးတဲ့ ရွေးကောက်ပွဲ

ရွေးကောက်ပွဲအတွက် မဲပေးတဲ့ စံနစ်တွေ အများအပြားရှိတဲ့ထဲက အသုံးအများဆုံး စံနစ်ဟာ First Past The Post System ဖြစ်ပါတယ်။ တချို့ကတော့ Two round voting system တို့ parallel voting system တို့ကို သုံးတာလည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ first past the post လို့ခေါ်တဲ့ မဲအများဆုံး ရသူနိုင်တဲ့ စံနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပပါတယ်။ အမေရိကန် နိုင်ငံမှာတော့ ဒီစံနစ်ကို အဓိကကျင့်သုံးပေမယ့် ပြည်နယ်အုပ်ချုပ်သူတွေပေါ်မူတည်ပြီး တခြားစံနစ်တွေ ကိုလည်း သုံးကြပါတယ်။ အိမ်နီးချင်း အိန္ဒိယ နိုင်ငံမှာလည်း FPTP စံနစ်ကို ကျင့်သုံးပါတယ်။ ဒါပေမယ့် အိန္ဒိယမှာ ထူးခြားတာက အီလက်ထရောနစ် စက်နဲ့ မဲပေးတာပါ။

အီလက်ထရောနစ် မဲပေးစံနစ်နဲ့မဲပေးတဲ့အခါမှာ အားသာချက်က မဲပေးရာမှာ မြန်မြန်ဆန်ဆန် ပေးနိုင်သလို မဲတွေကို ရေတွက်ရာမှာလည်း မိနစ်ပိုင်းအတွင်းမှာပဲ အဖြေကို သိနိုင်ပါတယ်။ ဒါ့အပြင် မသန်စွမ်းသူတွေ မဲပေးရာမှာ အဆင်ပြေအောင် လုပ်ထားနိုင်ပါတယ်။ ဒါ့ကြောင့် မျက်စိမမြင်သူတွေ၊ ခြေလက် မသန်စွမ်းသူတွေ အတွက် ပိုအဆင်ပြေပါတယ်။

ဒါပေမယ့် သူ့မှာ အားနဲချက်က လုံခြုံရေး ဖြစ်ပါတယ်။ အမေရိကန်လို နိုင်ငံမျိုးမှာ အီလက်ထရောနစ် စက်နဲ့ မဲပေးတဲ့ စံနစ်ကို ကျင့်သုံးဖို့ ကျိုးစားတာ ကြာပြီဖြစ်ပေမယ့် security လိုအပ်ချက် ဖြစ်တဲ့ မဲတွေကို လုံခြုံမှုရှိအောင် လုပ်ရာမှာ အခုထိ အခက်အခဲတွေ ရှိနေဆဲမို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ မသုံးနိုင်သေးပါဘူး။ ဥပမာ- တောင် ကရိုလိုင်းနား ပြည်နယ်မှာ စက်နဲ့ မဲပေးတဲ့အခါ အငြင်းပွါးမှုတွေ ဖြစ်ခဲ့တာပါ။

အီလက်ထရောနစ် စက်နဲ့ မဲပေးရာမှာ အကောင်းဆုံးလို့ ဆိုရမယ့် မဲပေးမှုကို ဗင်နီဇွဲလားနိုင်ငံမှာ သုံးသွားပါတယ်။ အဲဒီမှာ မဲကို touch screen လို့ခေါ်တဲ့ ဖန်သား ပြင်ပေါ်မှာ မဲပေးပြီးရင် ဘယ်သူ့ကို ပေးခဲ့တယ် ဆိုတဲ့ မှတ်တမ်းစာလေး ထုတ်ပေးပါတယ်။ အဲဒီစာရွက်ကို မဲပုံးထဲ သွားထည့်ရတာပါ။ ဒါ့ကြောင့်မဲ အငြင်းပွါးမှု တစုံတရာ ဖြစ်လာရင် ဒီစာရွက်တွေကို ပြန်ရေတွက်ပြီး စစ်ဆေးနိုင်တာပါ။

XS
SM
MD
LG