လူလုပ်ယဉ်တစီး နေမိသားစုရဲ့ အပြင်ဘက်ကို ပထမဆုံးထွက်သွားနိုင်တာကို နက္ခတ္တဗေဒ ပညာရှင်ဒေါက်တာဝင်းသာထွေးက ပြောပြထားပါတယ်။
Voyager 1 နဲ့ 2 ၂ စင်းကို နာဆာက လွှတ်တင်ထားတဲ့ထဲက Voyager 1 ဟာ နက်ရှိုင်းတဲ့ အာကာသ ဟင်းလင်းပြင်ရှိရာကို ထွက်သွားနိုင်ပြီဖြစ်ပါတယ်။
ဒီယဉ်ထဲမှာ ကမ္ဘာကြီးရဲ့တည်နေရာပြမြေပုံ၊ လူနဲ့ တိရိစ္ဆာန်မျိုးစုံရဲ့ ပုံတွေ၊ အသံတွေ၊ ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ အသံ၊ ခေတ်ပေါ်နဲ့ ခေတ်ဟောင်းဂီတတွေ သာမက ပင်လယ်ကမ်းခြေက ရေလှိုင်းပုတ်သံတွေ အပါအဝင်၊ ကမ္ဘာမြေပြင်ဆိုင်ရာ အချက်အလက်မျိုးစုံကို ရွှေဓါတ်ပြားလေးနဲ့ ထည့်ပေးလိုက်တာပါ။ နေစင်္ကဝြဋာ အပြင်ဘက်မှာ လွင့်မျောရင်း တစုံတယောက်က တွေ့သွားရင် ဆက်သွယ်နိုင်အောင် စီစဉ်ပေးလိုက်တာလို့ ဆိုပါတယ်။