သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ဖုိ႔ ဘာေၾကာင့္ႀကိဳးစားရသလဲ


မိတၳီလာ ျမန္မာႏိုင္ငံ ေလေၾကာင္းနဲ႔ အာကာသပညာတကၠသိုလ္

ဒီတပတ္ေတာ့ ျမန္မာႏုိင္ငံ ေလေၾကာင္းနဲ႔ အာကာသကညာ တကၠသိုလ္ကေန ႏိုင္ငံ့အတြက္ ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ဖုိ႔ ဘာေၾကာင့္ ႀကိဳးစားၾကတယ္ ဆိုတာကို ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္သြင္ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

တိုက္႐ိုက္ လင့္ခ္


Unicode / Zawgyi

Zawgyi

ဒီတပတ္ေတာ့ ျမန္မာႏုိင္ငံ ေလေၾကာင္းနဲ႔ အာကာသကညာ တကၠသိုလ္ကေန ႏိုင္ငံ့အတြက္ ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ဖုိ႔ ဘာေၾကာင့္ ႀကိဳးစားၾကတယ္ ဆိုတာကို ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္သြင္ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ၿဂိဳဟ္တုလႊတ္တင္ဖုိ႔ အတြက္ ျမန္မာႏိုင္ငံက ပထမဆံုးစၿပီး လုပ္ေဆာင္တာဟာ ၂၀၁၆ ခုႏွစ္မွာ ျဖစ္ၿပီး Intelsat ကုမၸဏီရဲ့ ဆက္သြယ္ေရး channel လိုင္းကို ငွါးသံုးတဲ့ MyanmarSat 1 နဲ႔ ၂၀၁၉ မွာ MyanmarSat 2 တို႔ကို လႊတ္တင္ခဲ့ၿပီး လာမယ့္ ၂၀၂၁ ႏွစ္ဆန္းမွာေတာ့ ကမာၻေျမေလ့လာေရး ၿဂိဳဟ္တုကို လႊတ္တင္ဖုိ႔ အတြက္ ျပင္ဆင္ေနပါၿပီ။ ဆက္သြယ္ေရးအတြက္ ပထမလႊတ္တင္ခဲ့တဲ့ ၿဂိဳဟ္တု ၂ ခုနဲ႔ အခု ေနာက္ဆံုးလႊတ္တင္မယ့္ ေျမကမာၻေလ့လာေရးၿဂိဳဟ္တု ကြာျခားခ်က္ကို ၾကည့္ရေအာင္ပါ။

ေဒါက္တာၾကည္သြင္။. ။“ဒီ communication satellite ဆက္သြယ္ေရးၿဂိဳဟ္တုကေတာ့ ပထမကcondosat ဆိုတာ- ႏိုင္သေလာက္နဲ႔ transponder ဝယ္ၿပီး က်ေနာ္တို႔ရဲ့ ဆက္သြယ္ေရးက႑မွာ အင္တာနက္တို႔ ရုပ္သံထုတ္လႊတ္တာတို႔ကို အသံုးခ်တယ္။ ေနာက္ အခု ဒုတိယတဆင့္က jointSat ေပါ့ေနာ္။ intelSat နဲ႔ က်ေနာ္တို႔ ျမန္မာနဲ႔ တဝက္စီေပါ့။ ဆိုေတာ့ နည္းပညာအားျဖင့္က Intelsat က အကုန္လုပ္တာေပါ့ေနာ္။ က်ေနာ္တုိ႔က ပိုက္ဆံထည့္ဝင္ေပးတာ၊ ရလာတဲ့ဟာကို က်ေနာ္တို႔ အသံုးခ်တာ။ ဒါပဲရွိတာေပါ့ေနာ္။

အခုဒီ အေကာင္အထည္ေဖၚမယ့္ ကမာၻေျမ ေလ့လာေရးၿဂိဳဟ္တုကေတာ့ က်ေနာ္တို႔ ေဆာက္တာ ျပဳတာေရာ အကုန္လံုး အလံုးစံု ကိုယ့္ဆီက ပိုင္တဲ့ ၿဂိဳဟ္တုေပါ့ေနာ္။ ေနာက္ ဒီအစီအစဥ္ထဲမွာပဲ က်ေနာ္တို႔က တခါထဲ နည္းပညာလႊဲေျပာင္းမႈ ဆိုတဲ့ဟာ၊ ဒါက ဒီၿဂိဳဟ္တု တခုကို ဘယ္လို ဒီဇိုင္း လုပ္မလဲ၊ ဘယ္လိုတည္ေဆာက္မလဲ၊ လႊတ္တင္မလဲ၊ ဘယ္လိုထိန္းေက်ာင္းမလဲ၊ ရလာတဲ့ image ဓါတ္ပံုေတြကို ဘယ္လို အသံုးခ်မလဲ၊ ဒီဟာေတြအတြက္ HR (Human Resources) training သင္တန္းေပးေလ့က်င့္တာေတြလည္း ဒီအထဲမွာ ပါမွာပါ။ ဒါက ေရရွည္အတြက္ပါ ရည္ရြယ္ၿပီး လုပ္တာပါ။ ဒါက ကိုယ္တိုင္ အလံုးစံု ပိုင္တဲ့ ၿဂိဳဟ္တု ျဖစ္တာေပါ့။ ဟုိတုန္းကေတာ့ တဝက္စီနဲ႔ ငွါးတာနဲ႔ ေပါ့ေနာ္။

အခု မိုက္ခရို စက္တလုိက္ microsatellite ကေတာ့ ကုန္က်စားရိတ္လည္း သက္သာတယ္။ ဆိုေတာ့ လႊတ္တင္ရတဲ့ စားရိတ္ေတြကလည္း သက္သာတယ္ ေပါ့ေနာ္။”

ေမး။. ။“ဟုတ္ကဲ့ဆရာ မိုက္ခရို စက္တလိုက္ကို ရွင္းျပေပးပါ။”

ေဒါက္တာၾကည္သြင္။. ။“စက္တလုိက္ေတြကို သူတုိ႔ရဲ့ weightအေလးခ်ိန္ေပၚ မူတည္ၿပီး အတန္းအစား ခြဲတာေပါ့ေနာ္။ ဥပမာ ဆက္သြယ္ေရးၿဂိဳဟ္တု communication satellite ဆိုရင္ ၂ တန္- ၃ တန္ေလာက္အထိ ေလးတယ္။ ေနာက္ geostationary ဆိုတဲ့ ကမာၻပတ္လမ္းက အေဝးႀကီး ေပါ့ေနာ္။ ကီလိုမီတာ ၃ ေသာင္း ၄ ေသာင္း အဲဒီ ေလာက္အထိကို တင္တယ္။ ကမာၻႀကီးနဲ႔ အတူတူပဲ ကမာၻက ၂၄ နာရီမွာ တပတ္လည္ သလိုပဲ ဒီၿဂိဳဟ္တု ကလည္း ကမာၻတပတ္ ပတ္ဖို႔ရာ ၂၄ နာရီ ၾကာတယ္။ ဒါေၾကာင့္ က်ေနာ္တို႔က communicate လုပ္လို႔ ဆက္သြယ္လို႔ရတယ္။ broadcasting အသံလႊင့္လို႔ ရတယ္။ သူက အႀကီးဆံုး ေပါ့ေနာ္။ ကီလိုဂရမ္ တေထာင္နဲ႔ ငါးရာ ၾကားထဲမွာ ေလးတယ္။ ကီလိုဂရမ္ တရာ အထိေအာင္က မိုက္ခရိုစက္တလိုက္ ထဲ ပါပါတယ္။ သူ႔ေအာက္ နဲတဲ့ ၁၀ ကီလိုဂရမ္ တို႔. ဘာတို႔က နာႏိုစက္တလိုက္တို႔၊ ပီဆို စက္တလိုက္တို႔ ဆိုၿပီး သူ႔ရဲ့ အေလးခ်ိန္ေပၚ မူတည္ၿပီး ၿဂိဳဟ္တုအမ်ိဳးအစား ကို ခြဲျခားသတ္မွတ္တာပါ။”

ေမး။. ။“အခုလႊတ္တင္တဲ့ ဟာက Micro Satellite ပါလား ဆရာ။”

ေဒါက္တာၾကည္သြင္။. ။“ဟုတ္ပါတယ္။”

ေမး။. ။“ဒီျမန္မာႏုိင္ငံကေနၿပီးေတာ့ ဒီလိုမ်ိဳး ကိုယ္ပိုင္ၿဂိဳဟ္တု ဘယ္ႏွစ္လံုးေလာက္ လႊတ္တင္ဖို႔ လ်ာထား ပါလဲဆရာ။”

ေဒါက္တာၾကည္သြင္။. ။“အခု ဒီစီမံကိန္းထဲမွာ ေစာေစာက ေျပာတဲ့ ဒီ ၿဂိဳဟ္တု ၂ လံုးတင္မွာ ရွိတယ္။ ကိုယ့္ၿဂိဳဟ္တုုကို ထိန္းေက်ာင္းမယ့္ ground control station ေျမျပင္ထိန္းခ်ဳပ္ေရးစခန္း ျမန္မာျပည္မွာထားရွိမယ္ေပါ့။ ကိုယ္တုိင္ ေနာက္ပိုင္း ကိုယ့္ၿဂိဳဟ္တုကို ကိုယ့္ဟာကိုယ္ ထိန္းေက်ာင္း မယ္ေပါ့ေနာ္။ က်ေနာ္တို႔က နည္းပညာ ရဖို႔ အတြက္ Human Resources ေတြကိုလည္း တြဲၿပီးေတာ့ train လုပ္မယ္။ ထရိန္းလုပ္ရင္းနဲ႔ စက္တလိုက္ laboratory ဓါတ္ခြဲခန္း ျမန္မာျပည္မွာ ထူေထာင္မယ္ ေပါ့ေနာ္။ ၿဂိဳဟ္တု - ဒီမို္က္ခရိုစက္တလိုက္ ေဆာက္ဖို႔ လိုအပ္တဲ့ စက္ပစၥည္းေတြ (equipment) ေတြ တခါထဲ ဒီစီမံကိန္း ထဲမွာ ပါတယ္။ ပါေတာ့ ၊ ေနာက္ တတိယေျမာက္ အလံုး ဆို လိုတဲ့ ပစၥည္းပဲ ဝယ္ၿပီးေတာ့ ကိုယ့္ဟာကိုယ္ develop လုပ္ၿပီးေတာ့ ဆိုရင္ ကုန္က်စားရိတ္လည္း အမ်ားႀကီးသက္သာသြားမယ္။ ၿဂိဳဟ္တု ေဆာက္ရမယ့္ နည္းပညာလည္း ပိုရတာေပါ့။

ဒီမိုက္ခရို စက္တလိုက္နဲ႔ က်ေနာ္တို႔က communication ဆက္သြယ္ေရးကို ကူးယူမယ္ ေပါ့ေနာ္။ ဒါဆိုရင္ ကိုယ့္ ႏိုင္ငံရဲ့ ဆက္သြယ္ေရး က႑ အတြက္ေရာ၊ ကမာၻေျမ ေလ့လာေရးက႑ အတြက္ေရာ ဒီၿဂိဳဟ္တုကို ကိုယ့္ဟာကိုယ္ တည္ေဆာက္ ႏိုင္တဲ့အထိ က်ေနာ္တို႔က ေရရွည္ ရည္ရြယ္တာေပါ့ခင္ဗ်။”

ဒါ ေတာ္ေတာ္ဝမ္းသာစရာပါ ဆရာ၊ ဒါမ်ိဳး လုပ္ႏိုင္တယ္ ဆိုတာေလ။

ေဒါက္တာၾကည္သြင္။. ။“က်ေနာ္တို႔က ဒီၿဂိဳဟ္တုနည္းပညာက ႏိုင္ငံတခုရဲ့ ဖြ႔ံၿဖိဳး တိုးတက္မႈ အတြက္ အမ်ားႀကီး အေထာက္အကူ ျပဳတယ္ ဆိုတဲ့ဟာကို သိတယ္ ဆိုေပမယ့္လည္း လုပ္ႏိုင္တဲ့ အင္အားေပါ့ေနာ္၊ ေနာက္တခါ ပံ့ပိုးႏိုင္တဲ့ ေငြေရး ေၾကးေရးပုိင္းေရာ၊ တခါ ဒီလို လုပ္ဖို႔ လိုအပ္တယ္ ဆိုတာကို လမ္းညႊန္ေပးႏိုင္တဲ့ လူႀကီးေတြ ေပၚမွာလည္း အမ်ားႀကီး မူတည္ပါတယ္။ အမွန္ေတာ့ ၿပီးခဲ့တဲ့ အစိုးရသက္တမ္း တုန္းကလည္း တခု ႀကိဳးစား ခဲ့ဘူးတာ ရွိတယ္။ သို႔ေသာ္ မလုပ္ျဖစ္ခဲ့ ဘူး ေပါ့ေနာ္။ အခု လက္ရွိ အစိုးရ လက္ထက္မွာေတာ့ ဒါကို ေတာ္ေတာ္ ေလးကို အားလည္း ေပးတယ္။ ဒီ ၿဂိဳဟ္တု လႊတ္ႏုိင္တယ္ ဆိုတာ ဂုဏ္တခုအတြက္ လုပ္တာမ်ိဳး မဟုတ္ဖူး။ တကယ္လိုအပ္ခ်က္ကို ရွိေနတာ။”

ေမး။. ။“ဘယ္လို လိုအပ္ခ်က္ပါလဲ၊”

ေဒါက္တာၾကည္သြင္။. ။“ဒိၿဂိဳဟ္တုအတြက္ feasibility ျဖစ္ႏိုင္ေခ် ေတြကို တြက္ဖို႔ လုပ္တဲ့ အခါ ဒီ ဝန္ႀကီးဌာနေတြကို က်ေနာ္တို႔ စစ္တမ္းေတြ ေကာက္ပါတယ္။ ဒီ Satellite Image ေကာင္းကင္ၿဂိဳဟ္တု ဓါတ္ပံုေတြ ဘယ္ေလာက္ လုိသလဲ၊ ဘယ္ေလာက္ resolution လိုသလဲ၊ ဘယ္ေလာက္ ဧရိယာ လုိသလဲ၊ တလကို ဘယ္ႏွစ္ႀကိ္မ္ လိုသလဲ၊ တႏွစ္ကို ဘယ္ႏွစ္ႀကိမ္ လိုသလဲ စသျဖင့္ ဒီဟာေတြ အကုန္လံုး ေမးခြန္းေတြ စုၿပီးေတာ့ ေကာက္ပါတယ္။ ေကာက္တဲ့ အခါမွာ ရလာတဲ့ သူတုိ႔ရဲ့ resolution ေတြ၊ ဧရိယာေတြ အႀကိမ္ အေရအတြက္ ေတြေပၚ မူတည္ၿပီးေတာ့ က်ေနာ္တို႔ ဝယ္ရမယ္ ဆိုရင္ အဲဒီ ၂၀၁၈ တုန္းက ၿဂိဳဟ္တုဓါတ္ပံု ေစ်းနဲ႔ တြက္တာကို တႏွစ္တႏွစ္ကို ေဒၚလာ ဆယ္သန္းေက်ာ္ ေလာက္ ကုန္မယ္။ ဒါေပမယ့္ က်ေနာ္တုိ႔ ဝယ္ႏိုင္လား ဆိုေတာ့ မဝယ္ႏိုင္ဘူး။ အဲဒီေလက္ႀကီးကို။ မဝယ္ႏိုင္တဲ့ အတြက္ သံုးသင့္ရဲ့ သားနဲ႔က်ေနာ္တို႔ မသံုးႏိုင္ခဲ့ဘူး။ အလကားရတဲ့ image ပံုေတြပဲ က်ေနာ္တို႔ သံုးရတယ္။ ပံုရိပ္ျပတ္သားမႈ - resolution ေတြက မေကာင္းဘူး။ သို႔ေသာ္ ဒါနဲ႔ပဲ အလုပ္ျဖစ္ေအာင္ လုပ္ရတယ္ ေပါ့ေနာ္။

အခု က်ေနာ္တို႔က ဒီ စီမံကိန္း တခုလံုးမွ ေစာေစာက ေျပာသလို ၿဂိဳဟ္တု ၂ လံုးပါမယ္။ HR ေတြ ထရိန္နင္ လုပ္တာ ပါတယ္။ satellite lab ပါတယ္။ ေျမျပင္ထိ္န္းသိ္မ္းေရး စခန္း ground station ေတြ ပါတယ္။ အကုန္လံုးေပါင္းမွာ က်ေနာ္တို႔က ၁၅ သန္း ေက်ာ္ေက်ာ္ ၁၆ သန္း နီးပါးပဲ က်တယ္။ ဆိုေတာ့ ေစာေစာေလးက image ဝယ္ရင္ေတာင္ က်ေနာ္တုိ႔က တႏွစ္ထဲတင္ ေဒၚလာ ဆယ္သန္းေလာက္ ကုန္မယ္။ ႏိုင္ငံေတာ္ ဘတ္ဂ်က္ အေနနဲ႔။ အခု က်ေနာ္တို႔က ပထမ တလံုရယ္ ေနာက္တခါ ဒုတိယအလံုးလႊတ္မွာက စုစုေပါင္း ၈ ႏွစ္ေလာက္ သံုးလို႔ ရတယ္။ ၈ ႏွစ္ဆို ထားပါေတာ့ သန္း ၈၀ စာေလာက္ကို က်ေနာ္တို႔က ၁၅ သန္း ၁၆ သန္းနဲ႔ ရမွာ ေပါ့ေနာ္။ ေနာက္အဓိက အျမတ္က က်ေနာ္တို႔အတြက္ နည္းပညာ ရတယ္။ ေနာက္ ဒီကေနမွ ဆင့္ပြါးၿပီး ဆက္သြယ္ေရး communication အတြက္ မိုက္ခရို satellite ေတြ ဆက္ၿပီးေတာ့ သြားမလားေပါ့။

ဆိုပါေတာ့ သဘာဝ ေဘးအႏၱရာယ္ disasters ေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြ အၿမဲတမ္း ထိေတြ႔ခံစား ေနရတာ၊ ဒါေတြကို ဘယ္လုိ ကာကြယ္မလဲ။ တခုခု ျဖစ္လို႔ရွိရင္ ဆံုးရံႈးမႈနည္းေအာင္ ဘယ္လို လုပ္မလဲ ဆိုတဲ့ သဘာဝ ေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈ လုပ္ဖုိ႔ disasters management လုပ္ဖို႔ အတြက္ ဒီ satellite images ၿဂိဳဟ္တုဓါတ္ပံု ေတြက အမ်ားႀကီး အေထာက္ အကူျပဳတယ္ေပ့ါ။ အဲဒီအတြက္ကို က်ေနာ္တို႔က ႀကိဳးစားရတာ ျဖစ္ပါတယ္။”

ေမး။.။“ဆရာတို႔ တကၠသိုလ္ကေနၿပီးေတာ့ ဒီၿဂိဳဟ္တုနဲ႔ ပတ္သက္ၿပီး အနာဂတ္မွာ ဘာေတြ လုပ္ဖုိ႔ ရွိပါလဲဆရာ။”

ေဒါက္တာၾကည္သြင္။.။“က်ေနာ္တို႔ တကၠသိုလ္မွာ အဓိကပညာရပ္ ၅ ခု ရွိတယ္ေပါ့ေနာ္။ အဲဒါေတြက ဒီၿဂိဳဟ္တု၊ ဒံုးပ်ံေတြ အတြက္ လုိအပ္တဲ့ အေျခခံပညာ ေတြကို သင္ၾကား ေပးတဲ့ လုိင္းေတြ ေပါ့ေနာ္။ အဲဒီမွာ ပထမ ေျခလွမ္းအားျဖင့္ ဒီၿဂိဳဟ္တု စၿပီးေတာ့ လႊတ္ႏိုင္မယ္ ဆိုလို႔ရွိရင္ ဒီဟာနဲ႔ပတ္သက္တဲ့ နည္းပညာေတြ၊ အေတြ႔အႀကံဳေတြ ရလာမယ္။ တဖက္ကလည္း ႏိုင္ငံေတာ္က အာကာသ ေအဂ်င္စီ ထူေထာင္ လာတဲ့ အခါမွာ အဲဒီ အာကာသေအဂ်င္စီရယ္၊ က်ေနာ္တုိ႔ တကၠသိုလ္ရယ္ အျပန္အလွန္ ပူးေပါင္းၿပီး ႏိုင္ငံအတြက္ လုိအပ္တဲ့ ၿဂိဳဟ္တုနည္းပညာေတြ၊ ဒံုးပ်ံနည္းပညာေတြ၊ အာကာသနည္းပညာ အသံုးခ်မႈေတြနဲ႔ ႏိုင္ငံေတာ္အတြက္ကို ပံ့ပိုးႏုိင္ေအာင္ ေပါ့ေနာ္၊ ဆက္လုပ္သြားဖုိ႔ ရွိပါတယ္။ ေနာက္ အခု က်ေနာ္တုိ႔ စလႊတ္တာကေတာ့ ကမာၻေျမ ေလ့လာေရး ၿဂိဳဟ္တုေပါ့။ ဒါကေနမွ ဆက္ၿပီး ႏိုင္ငံအတြက္ လုုိအပ္တဲ့ ဆက္သြယ္ေရး ၿဂိဳဟ္တုေတြ၊ navigation လမ္းညႊန္တာနဲ႔ ပတ္သက္တဲ့ ၿဂိဳဟ္တု satellite ေတြ၊ အဲဒီအထိေအာင္ က်ေနာ္တို႔ အေတြ႔အႀကံဳေတြ ရလာတဲ့ အခ်ိန္မွာ ေရရွည္အေနနဲ႔ ဆက္လုပ္သြားဖို႔ ရည္မွန္းထားပါတယ္ဗ်။”

ျမန္မာႏုိင္ငံေလေၾကာင္းနဲ႔ အာကာသပညာ တကၠသိုလ္က ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္သြင္ပါ။

Unicode

ဒီတပတ်တော့ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသကညာ တက္ကသိုလ်ကနေ နိုင်ငံ့အတွက် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ ဘာကြောင့် ကြိုးစားကြတယ် ဆိုတာကို ပါမောက္ခချုပ် ဒေါက်တာကြည်သွင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဂြိုဟ်တုလွှတ်တင်ဖို့ အတွက် မြန်မာနိုင်ငံက ပထမဆုံးစပြီး လုပ်ဆောင်တာဟာ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပြီး Intelsat ကုမ္ပဏီရဲ့ ဆက်သွယ်ရေး channel လိုင်းကို ငှါးသုံးတဲ့ MyanmarSat 1 နဲ့ ၂၀၁၉ မှာ MyanmarSat 2 တို့ကို လွှတ်တင်ခဲ့ပြီး လာမယ့် ၂၀၂၁ နှစ်ဆန်းမှာတော့ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုကို လွှတ်တင်ဖို့ အတွက် ပြင်ဆင်နေပါပြီ။ ဆက်သွယ်ရေးအတွက် ပထမလွှတ်တင်ခဲ့တဲ့ ဂြိုဟ်တု ၂ ခုနဲ့ အခု နောက်ဆုံးလွှတ်တင်မယ့် မြေကမ္ဘာလေ့လာရေးဂြိုဟ်တု ကွာခြားချက်ကို ကြည့်ရအောင်ပါ။

ဒေါက်တာကြည်သွင်။. ။“ဒီ communication satellite ဆက်သွယ်ရေးဂြိုဟ်တုကတော့ ပထမက condosat ဆိုတာ- နိုင်သလောက်နဲ့ transponder ဝယ်ပြီး ကျနော်တို့ရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ အင်တာနက်တို့ ရုပ်သံထုတ်လွှတ်တာတို့ကို အသုံးချတယ်။ နောက် အခု ဒုတိယတဆင့်က jointSat ပေါ့နော်။ intelSat နဲ့ ကျနော်တို့ မြန်မာနဲ့ တဝက်စီပေါ့။ ဆိုတော့ နည်းပညာအားဖြင့်က Intelsat က အကုန်လုပ်တာပေါ့နော်။ ကျနော်တို့က ပိုက်ဆံထည့်ဝင်ပေးတာ၊ ရလာတဲ့ဟာကို ကျနော်တို့ အသုံးချတာ။ ဒါပဲရှိတာပေါ့နော်။

အခုဒီ အကောင်အထည်ဖေါ်မယ့် ကမ္ဘာမြေ လေ့လာရေးဂြိုဟ်တုကတော့ ကျနော်တို့ ဆောက်တာ ပြုတာရော အကုန်လုံး အလုံးစုံ ကိုယ့်ဆီက ပိုင်တဲ့ ဂြိုဟ်တုပေါ့နော်။ နောက် ဒီအစီအစဉ်ထဲမှာပဲ ကျနော်တို့က တခါထဲ နည်းပညာလွှဲပြောင်းမှု ဆိုတဲ့ဟာ၊ ဒါက ဒီဂြိုဟ်တု တခုကို ဘယ်လို ဒီဇိုင်း လုပ်မလဲ၊ ဘယ်လိုတည်ဆောက်မလဲ၊ လွှတ်တင်မလဲ၊ ဘယ်လိုထိန်းကျောင်းမလဲ၊ ရလာတဲ့ image ဓါတ်ပုံတွေကို ဘယ်လို အသုံးချမလဲ၊ ဒီဟာတွေအတွက် HR (Human Resources) training သင်တန်းပေးလေ့ကျင့်တာတွေလည်း ဒီအထဲမှာ ပါမှာပါ။ ဒါက ရေရှည်အတွက်ပါ ရည်ရွယ်ပြီး လုပ်တာပါ။ ဒါက ကိုယ်တိုင် အလုံးစုံ ပိုင်တဲ့ ဂြိုဟ်တု ဖြစ်တာပေါ့။ ဟိုတုန်းကတော့ တဝက်စီနဲ့ ငှါးတာနဲ့ ပေါ့နော်။

အခု မိုက်ခရို စက်တလိုက် microsatellite ကတော့ ကုန်ကျစားရိတ်လည်း သက်သာတယ်။ ဆိုတော့ လွှတ်တင်ရတဲ့ စားရိတ်တွေကလည်း သက်သာတယ် ပေါ့နော်။”

မေး။. ။“ဟုတ်ကဲ့ဆရာ မိုက်ခရို စက်တလိုက်ကို ရှင်းပြပေးပါ။”

ဒေါက်တာကြည်သွင်။. ။“စက်တလိုက်တွေကို သူတို့ရဲ့ weight အလေးချိန်ပေါ် မူတည်ပြီး အတန်းအစား ခွဲတာပေါ့နော်။ ဥပမာ ဆက်သွယ်ရေးဂြိုဟ်တု communication satellite ဆိုရင် ၂ တန်- ၃ တန်လောက်အထိ လေးတယ်။ နောက် geostationary ဆိုတဲ့ ကမ္ဘာပတ်လမ်းက အဝေးကြီး ပေါ့နော်။ ကီလိုမီတာ ၃ သောင်း ၄ သောင်း အဲဒီ လောက်အထိကို တင်တယ်။ ကမ္ဘာကြီးနဲ့ အတူတူပဲ ကမ္ဘာက ၂၄ နာရီမှာ တပတ်လည် သလိုပဲ ဒီဂြိုဟ်တု ကလည်း ကမ္ဘာတပတ် ပတ်ဖို့ရာ ၂၄ နာရီ ကြာတယ်။ ဒါကြောင့် ကျနော်တို့က communicate လုပ်လို့ ဆက်သွယ်လို့ရတယ်။ broadcasting အသံလွှင့်လို့ ရတယ်။ သူက အကြီးဆုံး ပေါ့နော်။ ကီလိုဂရမ် တထောင်နဲ့ ငါးရာ ကြားထဲမှာ လေးတယ်။ ကီလိုဂရမ် တရာ အထိအောင်က မိုက်ခရိုစက်တလိုက် ထဲ ပါပါတယ်။ သူ့အောက် နဲတဲ့ ၁၀ ကီလိုဂရမ် တို့. ဘာတို့က နာနိုစက်တလိုက်တို့၊ ပီဆို စက်တလိုက်တို့ ဆိုပြီး သူ့ရဲ့ အလေးချိန်ပေါ် မူတည်ပြီး ဂြိုဟ်တုအမျိုးအစား ကို ခွဲခြားသတ်မှတ်တာပါ။”

မေး။. ။“အခုလွှတ်တင်တဲ့ ဟာက Micro Satellite ပါလား ဆရာ။”

ဒေါက်တာကြည်သွင်။. ။“ဟုတ်ပါတယ်။”

မေး။. ။“ဒီမြန်မာနိုင်ငံကနေပြီးတော့ ဒီလိုမျိုး ကိုယ်ပိုင်ဂြိုဟ်တု ဘယ်နှစ်လုံးလောက် လွှတ်တင်ဖို့ လျာထား ပါလဲဆရာ။”

ဒေါက်တာကြည်သွင်။. ။“အခု ဒီစီမံကိန်းထဲမှာ စောစောက ပြောတဲ့ ဒီ ဂြိုဟ်တု ၂ လုံးတင်မှာ ရှိတယ်။ ကိုယ့်ဂြိုဟ်တုကို ထိန်းကျောင်းမယ့် ground control station မြေပြင်ထိန်းချုပ်ရေးစခန်း မြန်မာပြည်မှာထားရှိမယ်ပေါ့။ ကိုယ်တိုင် နောက်ပိုင်း ကိုယ့်ဂြိုဟ်တုကို ကိုယ့်ဟာကိုယ် ထိန်းကျောင်း မယ်ပေါ့နော်။ ကျနော်တို့က နည်းပညာ ရဖို့ အတွက် Human Resources တွေကိုလည်း တွဲပြီးတော့ train လုပ်မယ်။ ထရိန်းလုပ်ရင်းနဲ့ စက်တလိုက် laboratory ဓါတ်ခွဲခန်း မြန်မာပြည်မှာ ထူထောင်မယ် ပေါ့နော်။ ဂြိုဟ်တု - ဒီမိုက်ခရိုစက်တလိုက် ဆောက်ဖို့ လိုအပ်တဲ့ စက်ပစ္စည်းတွေ (equipment) တွေ တခါထဲ ဒီစီမံကိန်း ထဲမှာ ပါတယ်။ ပါတော့ ၊ နောက် တတိယမြောက် အလုံး ဆို လိုတဲ့ ပစ္စည်းပဲ ဝယ်ပြီးတော့ ကိုယ့်ဟာကိုယ် develop လုပ်ပြီးတော့ ဆိုရင် ကုန်ကျစားရိတ်လည်း အများကြီးသက်သာသွားမယ်။ ဂြိုဟ်တု ဆောက်ရမယ့် နည်းပညာလည်း ပိုရတာပေါ့။

ဒီမိုက်ခရို စက်တလိုက်နဲ့ ကျနော်တို့က communication ဆက်သွယ်ရေးကို ကူးယူမယ် ပေါ့နော်။ ဒါဆိုရင် ကိုယ့် နိုင်ငံရဲ့ ဆက်သွယ်ရေး ကဏ္ဍ အတွက်ရော၊ ကမ္ဘာမြေ လေ့လာရေးကဏ္ဍ အတွက်ရော ဒီဂြိုဟ်တုကို ကိုယ့်ဟာကိုယ် တည်ဆောက် နိုင်တဲ့အထိ ကျနော်တို့က ရေရှည် ရည်ရွယ်တာပေါ့ခင်ဗျ။”
ဒါ တော်တော်ဝမ်းသာစရာပါ ဆရာ၊ ဒါမျိုး လုပ်နိုင်တယ် ဆိုတာလေ။

ဒေါက်တာကြည်သွင်။. ။“ကျနော်တို့က ဒီဂြိုဟ်တုနည်းပညာက နိုင်ငံတခုရဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် အများကြီး အထောက်အကူ ပြုတယ် ဆိုတဲ့ဟာကို သိတယ် ဆိုပေမယ့်လည်း လုပ်နိုင်တဲ့ အင်အားပေါ့နော်၊ နောက်တခါ ပံ့ပိုးနိုင်တဲ့ ငွေရေး ကြေးရေးပိုင်းရော၊ တခါ ဒီလို လုပ်ဖို့ လိုအပ်တယ် ဆိုတာကို လမ်းညွှန်ပေးနိုင်တဲ့ လူကြီးတွေ ပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ အမှန်တော့ ပြီးခဲ့တဲ့ အစိုးရသက်တမ်း တုန်းကလည်း တခု ကြိုးစား ခဲ့ဘူးတာ ရှိတယ်။ သို့သော် မလုပ်ဖြစ်ခဲ့ ဘူး ပေါ့နော်။ အခု လက်ရှိ အစိုးရ လက်ထက်မှာတော့ ဒါကို တော်တော် လေးကို အားလည်း ပေးတယ်။ ဒီ ဂြိုဟ်တု လွှတ်နိုင်တယ် ဆိုတာ ဂုဏ်တခုအတွက် လုပ်တာမျိုး မဟုတ်ဖူး။ တကယ်လိုအပ်ချက်ကို ရှိနေတာ။”

မေး။. ။“ဘယ်လို လိုအပ်ချက်ပါလဲ၊”

ဒေါက်တာကြည်သွင်။. ။“ဒိဂြိုဟ်တုအတွက် feasibility ဖြစ်နိုင်ချေ တွေကို တွက်ဖို့ လုပ်တဲ့ အခါ ဒီ ဝန်ကြီးဌာနတွေကို ကျနော်တို့ စစ်တမ်းတွေ ကောက်ပါတယ်။ ဒီ Satellite Image ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေ ဘယ်လောက် လိုသလဲ၊ ဘယ်လောက် resolution လိုသလဲ၊ ဘယ်လောက် ဧရိယာ လိုသလဲ၊ တလကို ဘယ်နှစ်ကြိမ် လိုသလဲ၊ တနှစ်ကို ဘယ်နှစ်ကြိမ် လိုသလဲ စသဖြင့် ဒီဟာတွေ အကုန်လုံး မေးခွန်းတွေ စုပြီးတော့ ကောက်ပါတယ်။ ကောက်တဲ့ အခါမှာ ရလာတဲ့ သူတို့ရဲ့ resolution တွေ၊ ဧရိယာတွေ အကြိမ် အရေအတွက် တွေပေါ် မူတည်ပြီးတော့ ကျနော်တို့ ဝယ်ရမယ် ဆိုရင် အဲဒီ ၂၀၁၈ တုန်းက ဂြိုဟ်တုဓါတ်ပုံ ဈေးနဲ့ တွက်တာကို တနှစ်တနှစ်ကို ဒေါ်လာ ဆယ်သန်းကျော် လောက် ကုန်မယ်။ ဒါပေမယ့် ကျနော်တို့ ဝယ်နိုင်လား ဆိုတော့ မဝယ်နိုင်ဘူး။ အဲဒီလေက်ကြီးကို။ မဝယ်နိုင်တဲ့ အတွက် သုံးသင့်ရဲ့ သားနဲ့ကျနော်တို့ မသုံးနိုင်ခဲ့ဘူး။ အလကားရတဲ့ image ပုံတွေပဲ ကျနော်တို့ သုံးရတယ်။ ပုံရိပ်ပြတ်သားမှု - resolution တွေက မကောင်းဘူး။ သို့သော် ဒါနဲ့ပဲ အလုပ်ဖြစ်အောင် လုပ်ရတယ် ပေါ့နော်။

အခု ကျနော်တို့က ဒီ စီမံကိန်း တခုလုံးမှ စောစောက ပြောသလို ဂြိုဟ်တု ၂ လုံးပါမယ်။ HR တွေ ထရိန်နင် လုပ်တာ ပါတယ်။ satellite lab ပါတယ်။ မြေပြင်ထိန်းသိမ်းရေး စခန်း ground station တွေ ပါတယ်။ အကုန်လုံးပေါင်းမှာ ကျနော်တို့က ၁၅ သန်း ကျော်ကျော် ၁၆ သန်း နီးပါးပဲ ကျတယ်။ ဆိုတော့ စောစောလေးက image ဝယ်ရင်တောင် ကျနော်တို့က တနှစ်ထဲတင် ဒေါ်လာ ဆယ်သန်းလောက် ကုန်မယ်။ နိုင်ငံတော် ဘတ်ဂျက် အနေနဲ့။ အခု ကျနော်တို့က ပထမ တလုံရယ် နောက်တခါ ဒုတိယအလုံးလွှတ်မှာက စုစုပေါင်း ၈ နှစ်လောက် သုံးလို့ ရတယ်။ ၈ နှစ်ဆို ထားပါတော့ သန်း ၈၀ စာလောက်ကို ကျနော်တို့က ၁၅ သန်း ၁၆ သန်းနဲ့ ရမှာ ပေါ့နော်။ နောက်အဓိက အမြတ်က ကျနော်တို့အတွက် နည်းပညာ ရတယ်။ နောက် ဒီကနေမှ ဆင့်ပွါးပြီး ဆက်သွယ်ရေး communication အတွက် မိုက်ခရို satellite တွေ ဆက်ပြီးတော့ သွားမလားပေါ့။
ဆိုပါတော့ သဘာဝ ဘေးအန္တရာယ် disasters တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ အမြဲတမ်း ထိတွေ့ခံစား နေရတာ၊ ဒါတွေကို ဘယ်လို ကာကွယ်မလဲ။ တခုခု ဖြစ်လို့ရှိရင် ဆုံးရှုံးမှုနည်းအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ဖို့ disasters management လုပ်ဖို့ အတွက် ဒီ satellite images ဂြိုဟ်တုဓါတ်ပုံ တွေက အများကြီး အထောက် အကူပြုတယ်ပေ့ါ။ အဲဒီအတွက်ကို ကျနော်တို့က ကြိုးစားရတာ ဖြစ်ပါတယ်။”

မေး။. ။“ဆရာတို့ တက္ကသိုလ်ကနေပြီးတော့ ဒီဂြိုဟ်တုနဲ့ ပတ်သက်ပြီး အနာဂတ်မှာ ဘာတွေ လုပ်ဖို့ ရှိပါလဲဆရာ။”

ဒေါက်တာကြည်သွင်။. ။“ကျနော်တို့ တက္ကသိုလ်မှာ အဓိကပညာရပ် ၅ ခု ရှိတယ်ပေါ့နော်။ အဲဒါတွေက ဒီဂြိုဟ်တု၊ ဒုံးပျံတွေ အတွက် လိုအပ်တဲ့ အခြေခံပညာ တွေကို သင်ကြား ပေးတဲ့ လိုင်းတွေ ပေါ့နော်။ အဲဒီမှာ ပထမ ခြေလှမ်းအားဖြင့် ဒီဂြိုဟ်တု စပြီးတော့ လွှတ်နိုင်မယ် ဆိုလို့ရှိရင် ဒီဟာနဲ့ပတ်သက်တဲ့ နည်းပညာတွေ၊ အတွေ့အကြုံတွေ ရလာမယ်။ တဖက်ကလည်း နိုင်ငံတော်က အာကာသ အေဂျင်စီ ထူထောင် လာတဲ့ အခါမှာ အဲဒီ အာကာသအေဂျင်စီရယ်၊ ကျနော်တို့ တက္ကသိုလ်ရယ် အပြန်အလှန် ပူးပေါင်းပြီး နိုင်ငံအတွက် လိုအပ်တဲ့ ဂြိုဟ်တုနည်းပညာတွေ၊ ဒုံးပျံနည်းပညာတွေ၊ အာကာသနည်းပညာ အသုံးချမှုတွေနဲ့ နိုင်ငံတော်အတွက်ကို ပံ့ပိုးနိုင်အောင် ပေါ့နော်၊ ဆက်လုပ်သွားဖို့ ရှိပါတယ်။ နောက် အခု ကျနော်တို့ စလွှတ်တာကတော့ ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုပေါ့။ ဒါကနေမှ ဆက်ပြီး နိုင်ငံအတွက် လိုအပ်တဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတွေ၊ navigation လမ်းညွှန်တာနဲ့ ပတ်သက်တဲ့ ဂြိုဟ်တု satellite တွေ၊ အဲဒီအထိအောင် ကျနော်တို့ အတွေ့အကြုံတွေ ရလာတဲ့ အချိန်မှာ ရေရှည်အနေနဲ့ ဆက်လုပ်သွားဖို့ ရည်မှန်းထားပါတယ်ဗျ။”

မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာကြည်သွင်ပါ။

XS
SM
MD
LG