သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျူးဘာသာရေးပွဲမှာ ဓားနဲ့ထိုးသူကို နယူးယောက်ရဲ ဖမ်းဆီး


ရဲအစောင့်အရှောက်ဖြင့် ဖမ်းဆီးခေါ်ဆောင်လာသည့် ဓားဖြင့်ထိုးသူ။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၉)
ရဲအစောင့်အရှောက်ဖြင့် ဖမ်းဆီးခေါ်ဆောင်လာသည့် ဓားဖြင့်ထိုးသူ။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၉)

(Zawgyi / Unicode)

ဂျူးလူမျိုးတွေရဲ့ ဘာသာရေး အထွတ်အမြတ်ပွဲတော် Hanukkah ၇ ရက်မြောက်နေ့ ကျင်းပနေစဉ် စနေနေ့ညက နယူးယောက်မြို့မှာရှိတဲ့ ဂျူးတရားဟောဆရာအိမ်မှာ လူငါးဦးကို ဓားနဲ့ထိုးခဲ့သူကို ဖမ်းဆီးထားပြီလို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

Hanukkah ပွဲတော် ကျင်းပဖို့ နယူးယောက်မြို့မြောက်ပိုင်းက Monsey အရပ်မှာရှိတဲ့ အဲဒီ ဂျူးတရားဟောဆရာအိမ်မှာ လူ ၇၀ လောက် စုဝေး ရောက်ရှိနေစဉ် ဓားထိုးမှု ဖြစ်သွားခဲ့တာပါ။

ဓားထိုးမှု သံသယနဲ့ ဖမ်းဆီးခံထားရသူ အနေနဲ့ လူသတ်ရန်အားထုတ်မှု ၅ မှု၊ ဖောက်ထွင်းခိုးယူမှုတို့နဲ့ တရားစွဲဆိုခံရနိုင်တယ်လို့ နယူးယောက် ရဲမှူးကြီး Brad Weidel က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒါဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုဖြစ်ကြောင်း သမ္မတ Donald Trump က ပြောပါတယ်။ ဂျူးလူမျိုးတွေကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ရင်ဆိုင် ဆန့်ကျင် အမြစ်ဖြုတ်ပစ်သင့်ကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။

မော်တော်ယာဉ်နဲ့ ထွက်မပြေးခင် ဓားနဲ့ထိုးခဲ့တယ်လို့ သံသယရှိခံရသူဟာ လူ ၅ ဦး ဒဏ်ရာရအောင် ဓားနဲ့ထိုးခဲ့တယ်လို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း နယူးယောက်မြို့မှာ ဂျူးတွေကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အထဲက အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း နယူးယောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း အားလပ်ရက်ကာလမှာ နယူးယောက်မြို့အတွင်း ဂျူးလူမျိုးတွေကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှု ၁၃ ကြိမ် ဖြစ်ခဲ့တယ်လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။

----------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG