သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Starlink ဂြိုလ်တုဆက်သွယ်ရေး ကရင်နီဒေသမှာ ရရှိ


Starlink logo
Starlink logo

စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကရင်နီဒေသမှာ Starlink ရဲ့ ဂြိုလ်တုဆက်သွယ်ရေး သုံးစွဲလို့ ရနေပြီလို့ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ Free Burma Rangers အဖွဲ့က ပြောပါတယ်။

ကရင်နီ နယ်ထဲက စစ်ဘေးရှောင်တွေ ပုန်းခိုနေတဲ့ နေရာတခုက အခြေအနေကို Free Burma Rangers အဖွဲ့တည်ထောင်သူ David Eubank က ဗီဒီယိုရိုက်ပြပြီး Starlink နဲ့ ကုမ္ပဏီတည်ထောင်သူ Elon Musk ကို ကျေးဇူးတင်ကြောင်း Twitter ပေါ်မှာ တင်ခဲ့ပါတယ်။

သူ့ရဲ့ ဗီဒီယိုထဲမှာတော့ Starlink ရဲ့ ဂြိုလ်တုဆက်သွယ်ရေးကို နေရာများများပိုရအောင်နဲ့ ကုန်ကျစရိတ် ပေးဖို့လိုသလောက် ပေးပါမယ်လို့ ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အပါအဝင် စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်နေတဲ့ နေရာတွေမှာ အင်တာနက်ဆက်သွယ်မှု၊ တယ်လီဖုန်းဆက်သွယ်မှုကို စစ်တပ်က ဖြတ်တောက်ထားသလို၊ တိုက်ခိုက်မှုတွေကြောင့် ဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။

စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေး၊ နေရေး၊ စားရေးအတွက်သာမက၊ စစ်တပ်ရဲ့ လုပ်ရပ်တွေ ကမာ္ဘသိအောင်လုပ်နိုင်ဖို့ အင်မတန်လိုအပ်တဲ့ အင်တာနက်ဆက်သွယ်မှု ရရှိနိုင်အောင် ကမာ္ဘတဝန်း ဂြိုလ်တုကွန်ရက်ဖြန့် မြန်နှုန်းမြင့် ကြိုးမဲ့ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေတဲ့ Starlink ကို မြန်မာနိုင်ငံက လိုအပ်နေတဲ့ နေရာတွေမှာ အင်တာနက်ရအောင် လုပ်ပေးဖို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြတာပါ။

အခုကရင်နီဒေသ တနေရာမှာ ရနေတဲ့ Starlink ဂြိုလ်တုဆက်သွယ်ရေးအတွက် ဝန်ဆောင်ခနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

XS
SM
MD
LG