သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA တိုက်ခိုက်ခံရသည့် နေရာတွေကို အတိုင်ပင်ခံရုံးဒုဝန်ကြီး တနင်္ဂနွေနေ့ သွားမည်


၄-၁-၂၀၁၉ ရက်နေ့တွင် AA ရခိုင်လက်နက်ကိုင် အဖွဲ့မှ ရဲကင်းစခန်း ၄ ခုအားအကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ
၄-၁-၂၀၁၉ ရက်နေ့တွင် AA ရခိုင်လက်နက်ကိုင် အဖွဲ့မှ ရဲကင်းစခန်း ၄ ခုအားအကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်းလေးခုကို ရခိုင့်တပ်မတော် (AA) က ဝင်တိုက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ အဖွဲ့ဟာ ဘူးသီးတောင်၊ မောင်တောကို ဒီကနေ့ ဇန်နဝါရီ ၆ ရက်မှာ သွားရောက်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အခင်းဖြစ်တဲ့နေရာတွေကို သွားရောက်စစ်ဆေးပြီး အကူအညီတွေပေးအပ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခြား အစိုးရတာဝန်ရှိသူတွေ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ သတင်းထောက် ၁၅ ယောက်တို့လည်း ဒုဝန်ကြီးခရီးစဉ်မှာလိုက်ပါသွားကြမယ်လို့လည်း ဖော်ပြထားပါတယ်။

လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်၊ မနက်စောစောမှာ AA အဖွဲ့က အင်အားအလုံးအရင်းနဲ့ မြန်မာကင်း စခန်းလေးခုကို တချိန်တည်းတပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။ ငမြင်း ဘော်၊ ကျောင်းတောင်၊ ဂုပ္ပိနဲ့ ကထီးလှ ရဲကင်းတွေကို AA အဖွဲ့ဝင်တွေ ၂၅၀ လောက်က သောကြာနေ့ မနက် ၆ နာရီ ကျော်မှာ တိုက်ခိုက်ခဲ့ကြောင်း၊ မြန်မာစစ်တပ်ကပြန်လည်တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အထဲမှာ ရဟတ်ယာဉ် ၂ စီး နဲ့ လေကြောင်းကနေပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

မနက် ၉ နာရီကျော်မှာတော့ AA အဖွဲ့တွေဆုတ်ခွါသွားခဲ့တယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာ ချက်မှာ ဖေါ်ပြထားပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ဦး၊ သေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG