သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နိုင်ငံခြားရေးဌာန ကွန်ပြူတာများ အင်တာနက်ထိုးဖောက်ခံရ


အင်တာနက်-ဟက်ကာတွေရဲ့ တိုက်ခိုက်မှုလို့ သံသယရှိစရာတွေတိုးလာနေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အီးမေးလ်ကွန်ယက် စနစ်တခုလုံး ရပ်သွားတဲ့အထိ မကြုံဖူးလောက်အောက် တိုက်ခိုက်ခံခဲ့ရပါတယ်။

အခုလို တိုက်ခိုက်ခံရတာကို ကျွမ်းကျင်ပညာရှင်တွေက ပြင်ဆင်ဖို့ကြိုးစားနေကြပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ကွန်ပျူတာကွန်ယက်ကို ပြီးခဲ့တဲ့လက အတိုက်ခိုက်ခံရချိန်နဲ့ တပြိုင်နက်တည်းလိုလိုမှာပဲနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အီးမေးလ်ကွန်ယက်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အိမ်ဖြူတော်က အီးမေးလ်တွေ အတိုက်ခိုက်ခံရချိန်တုန်းက အစိုးရအေဂျင်စီတွေအပါအဝင် အမေရိကန်စာတိုက်လုပ်ငန်းနဲ့ အမျိုးသား ရာသီဥတု စောင့်ကြည့်ရေးဌာနတို့ကပါ အတိုက်ခိုက်ခံရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဟိုအရင် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ တရုတ်နဲ့ရုရှား အင်တာနက် ဟက်ကာတွေကို အပြစ်တင်ခဲ့တာမျိုးရှိခဲ့ပေမယ့် ဒီတခေါက်မှာတော့ ဘယ်သူ့လက်ချက်လဲဆိုတာကို အမေရိကန်က တရားဝင် ထုတ်မပြောသေးပါဘူး။

လုံးဝရပ်သွားတဲ့ အီးမေးလ်ကွန်ယက်တခုလုံး လုံခြုံစွာနဲ့ ဘယ်တော့ပြန်သုံးနိုင်မလဲဆိုတာကို ဒီနေ့ သို့မဟုတ် မနက်ဖြန် အင်္ဂါနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG