သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဒဏ်ခတ်မှု ကန်နဲ့မဟာမိတ်တွေ သုံးသပ်


အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မြန်မာဆိုင်ရာ ထုတ်ပြန်ချက်
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မြန်မာဆိုင်ရာ ထုတ်ပြန်ချက်

မြန်မာနိုင်ငံမှာအာဏာသိမ်းထားတဲ့ စစ်ကောင်စီအပေါ်ဒဏ်ခတ်အရေးယူမှုတွေနဲ့ ထိရောက်အရေးပါမှု တွေကို သုံးသပ်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောကော်မရှင်နဲ့ ဥရောပသမဂ္ဂနိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ မေလ ၂၄ ရက်နေ့ မှာဆွေးနွေးခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

ညှိနှိုင်းဆောင်ရွက်ရေးတာဝန်ရှိသူတွေဟာ၊ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေါ်ဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး ကတည်းကချမှတ်ခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေနဲ့၊ မြန်မာနိုင်ငံဆိုင်ရာ လက်ရှိပူးပေါင်းဆောင်ရွက်မှုတွေရဲ့ထိရောက်မှု၊ ပိတ်ဆို့အရေးယူထားတာတွေကို အထောက်အကူ ဖြစ်စေမယ့် ပစ်မှတ်နဲ့သတင်းချက်အလက်တွေရဲ့အရေးပါမှု စတာတွေကိုဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီက မတရားညှင်းပန်းနှိပ်စက်နေတာတွေ ကန့်သတ်တား စီးနိုင်ဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုပြန်လည်ရောက်ရှိလာအောင် ဖိအားပေးနိုင်ဖို့အတွက် မဟာမိတ်နိုင်ငံ တွေအကြား ဆက်လက်ပြီး တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်စစ်တပ်က အာဏာသိမ်းပြီးနောက် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ လှုပ်ရှားမှုကိုကူညီဖို့ NDAA ဥပဒေကိုလွှတ်တော်မှာပြဌာန်းခဲ့သလို အရေးယူဒဏ်ခတ်မှု အနည်းဆုံး ၃၃ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်တွေအပါအဝင် စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို ကူညီထောက်ပံ့နေတဲ့ လူပုဂ္ဂိုလ် ၈၀ ကျော်နဲ့ လုပ်ငန်းပေါင်း ၃၀ ကျော်ကို ဒါဏ်ခတ်အရေးယူထားပြီးဖြစ်ပါတယ်။

ကျန် ကနေဒါ၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတွေကလည်း အလားတူပူးပေါင်း အရေးယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG