သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသွား သတိပေးချက်၂၀၁၆ နှစ်ဆန်းအထိ ကန်နိုင်ငံခြားရေးဌာနထုတ်ပြန်


နိုင်ငံခြားရေးဌာန ခရီးသွား သတိပေးချက်
နိုင်ငံခြားရေးဌာန ခရီးသွား သတိပေးချက်

လာမယ့် ပွဲတော် အားလပ်ရက်တွေအတွင်း သန်းနဲ့ချီတဲ့ အမေရိကန်နိုင်ငံသားတွေ ခရီးထွက်ဖို့ ပြင်ဆင်နေကြစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ကမ္ဘာတဝှမ်း ခရီးသွား သတိပေး နိုးဆော်ချက် တရပ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိသတင်းတွေအရ ISIL ၊ Al-Qaida ၊ Boko Haram နဲ့ တခြား အကြမ်းဖက်အုပ်စုတွေဟာ နေရာအတော်များများမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ ဆက်လက် ကြံစဉ်နေတယ်လို့ ယူဆရတဲ့အကြောင်း တနင်္လာနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လက်ရှိမှာတော့ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ် ဖြစ်နိုင်ချေ မရှိဘူးလို့ FBI ကပြောပေမယ့် ကျေးဇူးတော်နေ့၊ အားလရက်နေ့ပွဲတော်ရဲ့ ဈေးဝယ်ထွက်ဖို့နဲ့ ခရီးသွားဖို့ ပြင်ဆင်နေချိန်မှာ ဒေသခံနဲ့ ဗဟိုအစိုးရ ဥပဒေ ထိမ်းသိမ်းရေး ဌာနတို့ကတော့ အဆင့်မြင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီအားလပ်တွေအတွင်း သာမာန်အားဖြင့် ခရီးသွား နှစ်သန်းလောက်ရှိခဲ့ပေမယ့် ဒီနှစ်အတွက် ခရီးသည် ၄၀ ရာခိုင်နှုန်း တိုးနိုင်တယ်လို့ TSA သယ်ယူပို့ဆောင်ရေး လုံခြုံရေး ဌာနက ခန့်မှန်းပါတယ်။ နယူးယောက်မှာ အဓိက မီးရထား ဘူတာရုံတွေမှာ ရဲအရာရှိတွေကို တိုးပြီး ကင်းလှည့်ကြမှာဖြစ်ပါတယ်။ ကျေးဇူးတော်နေ့ အားလပ်ရက်တွင် ခန့်မှန်းချေ လူ ၄၆ ဒသမ ၉ သန်း တို့ မိမိတို့ အိမ်ထက် မိုင် ၅၀ ကျော် ခရီးထွက်ကြလိမ့်မယ်လို့ AAA ခရီးသွားလုပ်ငန်းက ခန့်မှန်းပါတယ်။

အဲဒီအနက် အမေရိကန်နိုင်ငံသား ၄၂ သန်းတို့ဟာ မော်တော်ကားနဲ့ ခရီးထွက်ဖို့ရှိပြီး ၃ ဒသမ ၆ သန်းတို့ကတော့ လေယာဉ်နဲ့ ခရီးသွားဖို့ ရှိပါတယ်။ Thanksgiving အားလပ်ရက်ကို ဗုဒ္ဒဟူးနေ့ နိုဝင်ဘာလ ၂၅ နှစ် ကနေ တနင်္ဂနွေနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ ကျင်းပကြမှာဖြစ်တယ်လို့ AAA ခရီးသွားလုပ်ငန်းကပြောပါတယ်။

ဒီခရီးသွား သတိပေးချက်ဟာ ၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ အကျုံးဝင်းမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေအနေနဲ့ လူစု လူဝေးနေရာတွေနဲ့ အများပြည်သူသုံး ပို့ဆောင်ရေးစံနစ်တွေကို အသုံးပြုတဲ့နေရာမှာ အစစ သတိထားကြဖို့လည်း နှိုးဆော်ထားပါတယ်။

XS
SM
MD
LG