သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေျခခံေက်ာင္းေတြျပန္ဖြင့္ေပးမယ့္ ကပ္ေဘးနဲ႔လုံၿခဳံေရးစိုးရိမ္


စစ္ေတြၿမိဳ႕က ေက်ာင္းအဝင္မွာ လက္နက္ကိုင္ရဲတပ္ဖြဲ႔ဝင္မ်ားအား တာဝန္ခ်ထားသည့္ျမင္ကြင္း။ (ဇြန္လ ၁၊ ၂၀၂၁)

{{{Zawgyi/Unicode}}}

ျမန္မာႏိုင္ငံမွာ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္လို႔ ေက်ာင္းျပန္တက္ေနသူ ေက်ာင္းသားမိဘေတြၾကား သူတို႔သားသမီးေတြ ကိုဗစ္ကူးစက္ခံရမွာနဲ႔ လုံၿခဳံေရးပိုင္းအတြက္ စိုးရိမ္မႈေတြ ရွိေနၾကပါတယ္။ ပညာေရးထိခိုက္မွာစိုးတဲ့အတြက္ ေက်ာင္းတက္ခိုင္းရေပမဲ့ ကပ္ေရာဂါနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြေၾကာင့္ စိတ္ပူေနရတယ္လို႔ မိဘတခ်ိဳ႕က ေျပာပါတယ္။ ကိုဗစ္စည္းကမ္းေတြနဲ႔ အညီေက်ာင္းေတြ ျပန္ဖြင့္ေနတယ္ဆိုေပမဲ့ ဒီစည္းကမ္းေတြကို အားလုံးလိုက္နာဖို႔ ျဖစ္ႏိုင္ပါရဲ႕လား။ ဒီအေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကိုကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈေတြမ်ားေနေသးတယ္လို႔ဆိုတဲ့ တိုင္းနဲ႔ျပည္နယ္ ၉ ခုက ၿမိဳ႕နယ္ ၄၆ ခုက စာေက်ာင္းေတြက လြဲရင္ တႏိုင္ငံလံုးအတိုင္းအတာနဲ႔ အေျခခံပညာေက်ာင္းေတြ၊ ပုဂၢလိက ေက်ာင္းေတြနဲ႔ ဘုန္းေတာ္ႀကီးပညာသင္ေက်ာင္းေတြ ႏုိဝင္ဘာ ၁ ရက္ တနလၤာေန႔က စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ကိုဗစ္စည္းကမ္းနဲ႔ အညီ ေက်ာင္းေတြ ဖြင့္လွစ္ဖို႔ ေဆာင္႐ြက္ထားတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာထားေပမဲ့ မိဘေတြကေတာ့ သားသမီးေတြ ကိုဗစ္ကပ္ေရာဂါ ကူးစက္မွာကို စိုးရိမ္ေနၾကပါတယ္။ ပညာေရးထိခိုက္မွာစိုးလို႔သာ ေက်ာင္းထားရေပမယ့္ ကိုယ့္ကေလး ကပ္ေရာဂါကူးမွာ စိုးရိမ္တယ္လို႔ ရန္ကုန္တို္င္း ေဒသႀကီး ထန္းတပင္ၿမိဳ႕နယ္က မသင္းသင္းပိုကေျပာပါတယ္။

“ကေလးေတြစိတ္ေလသြားမွာ ေၾကာက္လို႔ တေၾကာင္းရွိတယ္။ ေနာက္တခုက ၁၂ ႏွစ္ကေလးေတြကို ကာကြယ္ေဆး ထိုးေပးေနတယ္။ ေနာက္ ဆယ္နွစ္ေက်ာ္တဲ့ကေလးေတြကုိ မွတ္ပံုတင္လုပ္ေပးေနတဲ့အတြက္ မွတ္ပံုတင္မရမွာ ေၾကာက္တာရယ္ စိုးရိမ္တာေတြအတြက္ ေက်ာင္းပို႔ၾကတာ။ တဘက္မွာလည္း ဗံုးေဖာက္ကိုလည္း စိုးရိမ္ေနရတယ္ေလ။” (သထံုၿမိဳ႕က မိဘတဦး)


“စိုးရိမ္မွုေတြကေတာ့ ရွိတာေပါ့ေနာ္။ ဘယ္ေလာက္ပဲ ကိုဗစ္စည္းကမ္းခ်က္နဲ႔ အညီ ေက်ာင္းကေန လုပ္ေပးတယ္ဆိုေပမယ့္ သူတို႔က သြားလာတဲ့အခါမွာဆိုရင္လည္း သူငယ္ခ်င္း အေပါင္းအသင္းေတြနဲ႔ ထိေတြ႔မွုေတာ့ ရွိမွာေပါ့ေလ။ တကယ္လို႔ ကိုယ့္သားသမီးက ေက်ာင္းသြားလို႔ရွိရင္ ကိုယ့္မွာ ေရာဂါမရွိဘူးဆိုေပမယ့္ တျခားသူေတြမွာ ေရာဂါရွိတယ္ဆိုရင္ သူ႔ကို ကူးစက္ႏိုင္တယ္ေပါ့ေနာ္။ အဲဒါေတြကိုလည္း စိုးရိမ္တာေပါ့ေနာ္။ အခုေဆးထိုးထားတဲ့သူေတြကိုလည္း တျခားႏိုင္ငံေတြမွာ ျပန္ျဖစ္တာေတြၾကားတယ္ေလ။ အဲဒီအခါက်ေတာ့သူတို႔ ဘယ္ေလာက္ပဲ ကာကြယ္ေဆးထိုးထားထိုးထား စိုးရိမ္မႈရွိတာေပါ့ေနာ္။”
ေက်ာင္းတက္ေနၾကတဲ့ ဆရာ ဆရာမေတြ၊ ေက်ာင္းသူ ေက်ာင္းသားေတြအေနနဲ႔ လက္မၾကာခဏေဆးတာနဲ႔ ႏွာေခါင္းစည္း Mask တပ္တာေတြကို သတိထားၿပီးလုပ္သင့္တယ္လို႔ရခိုင္ျပည္နယ္က်န္းမာေရးဌာန ေျပာခြင့္ ေဒါက္တာ စိုးဝင္းပိုင္က အႀကံျပဳပါတယ္။

“တရက္လံုး mask မတပ္ႏိုင္ကေတာ့ မတပ္ႏိုင္တာေပါ့ေလ။ ဒါေပမယ့္ က်ေနာ္တို႔မွာ အေျခခံက်တဲ့ ကိုဗစ္ေရာဂါ ကာကြယ္ႏိုင္ဖို႔ ဆိုရင္ေတာ့ လက္ေဆးဖို႔၊ mask တပ္ဖို႔ ဒီဟာကေတာ့ အေရးႀကီးတာေပါ့။ တေယာက္နဲ႔ တေယာက္ ဆက္ဆံတယ္။ အမႈံအမႊားေတြ ကိုင္မိတယ္။ အဲဒါနဲ႔ ပါးစပ္ေတြ၊ နွာေခါင္းေတြကို ျပန္ပြတ္မိတယ္ဆိုေတာ့ လက္ေဆးဖို႔ လိုတာေပါ့ေနာ္။ mask ကေတာ့ က်ေနာ္တို႔ တပ္ထားတာေတာ့ အေကာင္းဆံုးပါပဲ။ ဒါေပမယ့္ maskက တေနကုန္တပ္ရင္ စိုလာႏိုင္ေသးတယ္ေပါ့ေနာ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ က်ေနာ္တို႔က ေက်ာင္းကလည္း တက္ဖို႔ အေရးႀကီးလို႔ တက္ရတာေပါ့ ေလေနာ္။ ေျပာရင္ေတာ့ ကိုဗစ္စည္းကမ္းနဲ႔ပဲ က်ေနာ္တို႔ တက္ခိုင္းထားတာဆိုေတာ့ေလ။ တက္ႏိုင္သေလာက္ေတာ့ ႀကိဳးစားလိုက္ တာေတာ့ အေကာင္းဆံုးေပါ့။ ဒါေတြက အေျခခံဆိုေပမယ့္ တကယ့္အ ေရးႀကီးတာေၾကာင့္ Mask တပ္ဆိုရင္ေတာ့ တပ္ထားရမွာေပါ့ေနာ္။”

ဒီအခ်က္ေတြအျပင္ လူစုလူေဝးေတြ မျဖစ္ရေအာင္ အတတ္ႏိုင္ဆံုး သတိထားဖို႔လည္း လိုအပ္တယ္လို႔ သူကေျပာပါတယ္။

ေက်းလက္ေဒသမွာရွိတဲ့ တခ်ဳိ႕ ေက်ာင္းေတြမွာေတာ့ နွာေခါင္းစည္းကို ဂ႐ုတစိုက္ မတပ္ၾကသူေတြ႐ွိသလို ကိုဗစ္စည္းကမ္းကိုလည္း သိပ္ တင္းတင္းၾကပ္ၾကပ္လုပ္ထားတာ မ႐ွိပါဘူး။

ေက်ာင္းသားမိဘေတြၾကားမွာေတာ့ က်မ္းမာေရးစိုးရိမ္မႈအျပင္ လံုၿခံဳေရးစိုးရိမ္မႈပါ ႐ွိေနၾကပါတယ္။ စစ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတာကို ကန္႔ကြက္ဆႏၵျပမႈေတြ၊ အၾကမ္းမဖက္ အာဏာ ဖီဆန္တဲ့အေနနဲ႔ ေက်ာင္းမတက္ဘဲ သပိတ္ေမွာက္ၾကဖို႔ ေဆာ္ၾသမႈေတြလည္း ႐ွိပါတယ္။ ေက်ာင္းေတြ ျပန္ဖြင့္တဲ့ မေန႔ကပဲ ရန္ကုန္အပါအဝင္ ၿမိဳ႕တခ်ဳိ႕မွာ အေသးစားဗံုးေပါက္ကြဲမႈေတြျဖစ္ခဲ့ပါတယ္။

ကေလးေတြ ပညာေရး ထိခိုက္သြားမွာ၊ အခြင့္အေရးေတြ ဆံုး႐ႈံးမွာ စိုးလို႔ ေက်ာင္းပို႔ထားရေပမဲ့ သူတို႔ လံုၿခံဳေရးအတြက္ ပူပန္ ေနရတယ္လို႔လည္း မြန္ျပည္နယ္ သထံုၿမိဳ႕ေပၚက ေက်ာင္းသားမိဘတဦးကေျပာပါတယ္။

“ပညာေရးစနစ္က အဆင္မေျပဘူးဆိုေပမယ့္ ကေလးေတြစိတ္ေလသြားမွာ ေၾကာက္လို႔ ေက်ာင္းပို႔တာ တေၾကာင္းရွိတယ္။ မိဘေတြမွာ ေနာက္တခုက ကေလးေတြ ကာကြယ္ေဆး ထိုးေပးေနတယ္။ ၁၂ နွစ္ ကေလးေတြေပါ့ေနာ္။ ေနာက္တခု ဆယ္နွစ္ေက်ာ္တဲ့ကေလးေတြကုိ မွတ္ပံုတင္လုပ္ေပးေနတဲ့အတြက္ မိဘေတြက မွတ္ပံုတင္မရမွာ ေၾကာက္တာရယ္၊ ကာကြယ္ေဆးမထိုးရမွာ စိုးရိမ္တာေတြအတြက္ ေက်ာင္းပို႔ၾကတာဆိုေပမယ့္ တဖက္မွာလည္း ဒီဘက္မွာက ဗံုးေဖာက္ကိုလည္း စိုးရိမ္ေနရတယ္ေလ။”

ရန္ကုန္ၿမိဳ႕ထဲအပါအဝင္ တခ်ဳိ႕ ၿမိဳ႕ေတြက စာသင္ေက်ာင္းေတြမွာ စစ္သားေတြ တပ္စြဲေနထိုင္တာေတြရွိေနေသးသလို ေက်ာင္းလံုၿခံဳေရးဆိုၿပီး လက္နက္ကိုင္ စစ္သားေတြ ေစာင့္ေနၾကတာေတြကိုလည္းေတြ႔ရပါတယ္။ မႏၱေလးတုိင္းထဲက ေက်ာင္းေတြရဲ႕ ေက်ာင္းတြင္း ေက်ာင္းျပင္လံုၿခံဳေရးအတြက္ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔က တာဝန္ယူေဆာင္႐ြက္ေပးေနတယ္လို႔ စစ္ေကာင္စီထုတ္သတင္းစာေတြထဲမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{{Unicode}}}

အခြေခံကျောင်းတွေပြန်ဖွင့်ပေးမယ့် ကပ်ဘေးနဲ့လုံခြုံရေးစိုးရိမ်

မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်လို့ ကျောင်းပြန်တက်နေသူ ကျောင်းသားမိဘတွေကြား သူတို့သားသမီးတွေ ကိုဗစ်ကူးစက်ခံရမှာနဲ့ လုံခြုံရေးပိုင်းအတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ပညာရေးထိခိုက်မှာစိုးတဲ့အတွက် ကျောင်းတက်ခိုင်းရပေမဲ့ ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် စိတ်ပူနေရတယ်လို့ မိဘတချို့က ပြောပါတယ်။ ကိုဗစ်စည်းကမ်းတွေနဲ့ အညီကျောင်းတွေ ပြန်ဖွင့်နေတယ်ဆိုပေမဲ့ ဒီစည်းကမ်းတွေကို အားလုံးလိုက်နာဖို့ ဖြစ်နိုင်ပါရဲ့လား။ ဒီအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကိုကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေများနေသေးတယ်လို့ဆိုတဲ့ တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၄၆ ခုက စာကျောင်းတွေက လွဲရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေ၊ ပုဂ္ဂလိက ကျောင်းတွေနဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေ နိုဝင်ဘာ ၁ ရက် တနင်္လာနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကိုဗစ်စည်းကမ်းနဲ့ အညီ ကျောင်းတွေ ဖွင့်လှစ်ဖို့ ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပေမဲ့ မိဘတွေကတော့ သားသမီးတွေ ကိုဗစ်ကပ်ရောဂါ ကူးစက်မှာကို စိုးရိမ်နေကြပါတယ်။ ပညာရေးထိခိုက်မှာစိုးလို့သာ ကျောင်းထားရပေမယ့် ကိုယ့်ကလေး ကပ်ရောဂါကူးမှာ စိုးရိမ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်က မသင်းသင်းပိုကပြောပါတယ်။
“စိုးရိမ်မှုတွေကတော့ ရှိတာပေါ့နော်။ ဘယ်လောက်ပဲ ကိုဗစ်စည်းကမ်းချက်နဲ့ အညီ ကျောင်းကနေ လုပ်ပေးတယ်ဆိုပေမယ့် သူတို့က သွားလာတဲ့အခါမှာဆိုရင်လည်း သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ထိတွေ့မှုတော့ ရှိမှာပေါ့လေ။ တကယ်လို့ ကိုယ့်သားသမီးက ကျောင်းသွားလို့ရှိရင် ကိုယ့်မှာ ရောဂါမရှိဘူးဆိုပေမယ့် တခြားသူတွေမှာ ရောဂါရှိတယ်ဆိုရင် သူ့ကို ကူးစက်နိုင်တယ်ပေါ့နော်။ အဲဒါတွေကိုလည်း စိုးရိမ်တာပေါ့နော်။ အခုဆေးထိုးထားတဲ့သူတွေကိုလည်း တခြားနိုင်ငံတွေမှာ ပြန်ဖြစ်တာတွေကြားတယ်လေ။ အဲဒီအခါကျတော့သူတို့ ဘယ်လောက်ပဲ ကာကွယ်ဆေးထိုးထားထိုးထား စိုးရိမ်မှုရှိတာပေါ့နော်။”
ကျောင်းတက်နေကြတဲ့ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ လက်မကြာခဏဆေးတာနဲ့ နှာခေါင်းစည်း Mask တပ်တာတွေကို သတိထားပြီးလုပ်သင့်တယ်လို့ရခိုင်ပြည်နယ်ကျန်းမာရေးဌာန ပြောခွင့် ဒေါက်တာ စိုးဝင်းပိုင်က အကြံပြုပါတယ်။

“တရက်လုံး mask မတပ်နိုင်ကတော့ မတပ်နိုင်တာပေါ့လေ။ ဒါပေမယ့် ကျနော်တို့မှာ အခြေခံကျတဲ့ ကိုဗစ်ရောဂါ ကာကွယ်နိုင်ဖို့ ဆိုရင်တော့ လက်ဆေးဖို့၊ mask တပ်ဖို့ ဒီဟာကတော့ အရေးကြီးတာပေါ့။ တယောက်နဲ့ တယောက် ဆက်ဆံတယ်။ အမှုံအမွှားတွေ ကိုင်မိတယ်။ အဲဒါနဲ့ ပါးစပ်တွေ၊ နှာခေါင်းတွေကို ပြန်ပွတ်မိတယ်ဆိုတော့ လက်ဆေးဖို့ လိုတာပေါ့နော်။ mask ကတော့ ကျနော်တို့ တပ်ထားတာတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် maskက တနေကုန်တပ်ရင် စိုလာနိုင်သေးတယ်ပေါ့နော်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့က ကျောင်းကလည်း တက်ဖို့ အရေးကြီးလို့ တက်ရတာပေါ့ လေနော်။ ပြောရင်တော့ ကိုဗစ်စည်းကမ်းနဲ့ပဲ ကျနော်တို့ တက်ခိုင်းထားတာဆိုတော့လေ။ တက်နိုင်သလောက်တော့ ကြိုးစားလိုက် တာတော့ အကောင်းဆုံးပေါ့။ ဒါတွေက အခြေခံဆိုပေမယ့် တကယ့်အ ရေးကြီးတာကြောင့် Mask တပ်ဆိုရင်တော့ တပ်ထားရမှာပေါ့နော်။”

ဒီအချက်တွေအပြင် လူစုလူဝေးတွေ မဖြစ်ရအောင် အတတ်နိုင်ဆုံး သတိထားဖို့လည်း လိုအပ်တယ်လို့ သူကပြောပါတယ်။

ကျေးလက်ဒေသမှာရှိတဲ့ တချို့ ကျောင်းတွေမှာတော့ နှာခေါင်းစည်းကို ဂရုတစိုက် မတပ်ကြသူတွေရှိသလို ကိုဗစ်စည်းကမ်းကိုလည်း သိပ် တင်းတင်းကြပ်ကြပ်လုပ်ထားတာ မရှိပါဘူး။

ကျောင်းသားမိဘတွေကြားမှာတော့ ကျမ်းမာရေးစိုးရိမ်မှုအပြင် လုံခြုံရေးစိုးရိမ်မှုပါ ရှိနေကြပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်နေတာကို ကန့်ကွက်ဆန္ဒပြမှုတွေ၊ အကြမ်းမဖက် အာဏာ ဖီဆန်တဲ့အနေနဲ့ ကျောင်းမတက်ဘဲ သပိတ်မှောက်ကြဖို့ ဆော်သြမှုတွေလည်း ရှိပါတယ်။ ကျောင်းတွေ ပြန်ဖွင့်တဲ့ မနေ့ကပဲ ရန်ကုန်အပါအဝင် မြို့တချို့မှာ အသေးစားဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

ကလေးတွေ ပညာရေး ထိခိုက်သွားမှာ၊ အခွင့်အရေးတွေ ဆုံးရှုံးမှာ စိုးလို့ ကျောင်းပို့ထားရပေမဲ့ သူတို့ လုံခြုံရေးအတွက် ပူပန် နေရတယ်လို့လည်း မွန်ပြည်နယ် သထုံမြို့ပေါ်က ကျောင်းသားမိဘတဦးကပြောပါတယ်။

“ပညာရေးစနစ်က အဆင်မပြေဘူးဆိုပေမယ့် ကလေးတွေစိတ်လေသွားမှာ ကြောက်လို့ ကျောင်းပို့တာ တကြောင်းရှိတယ်။ မိဘတွေမှာ နောက်တခုက ကလေးတွေ ကာကွယ်ဆေး ထိုးပေးနေတယ်။ ၁၂ နှစ် ကလေးတွေပေါ့နော်။ နောက်တခု ဆယ်နှစ်ကျော်တဲ့ကလေးတွေကို မှတ်ပုံတင်လုပ်ပေးနေတဲ့အတွက် မိဘတွေက မှတ်ပုံတင်မရမှာ ကြောက်တာရယ်၊ ကာကွယ်ဆေးမထိုးရမှာ စိုးရိမ်တာတွေအတွက် ကျောင်းပို့ကြတာဆိုပေမယ့် တဖက်မှာလည်း ဒီဘက်မှာက ဗုံးဖောက်ကိုလည်း စိုးရိမ်နေရတယ်လေ။”

ရန်ကုန်မြို့ထဲအပါအဝင် တချို့ မြို့တွေက စာသင်ကျောင်းတွေမှာ စစ်သားတွေ တပ်စွဲနေထိုင်တာတွေရှိနေသေးသလို ကျောင်းလုံခြုံရေးဆိုပြီး လက်နက်ကိုင် စစ်သားတွေ စောင့်နေကြတာတွေကိုလည်းတွေ့ရပါတယ်။ မန္တလေးတိုင်းထဲက ကျောင်းတွေရဲ့ ကျောင်းတွင်း ကျောင်းပြင်လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ စစ်ကောင်စီထုတ်သတင်းစာတွေထဲမှာ ဖော်ပြထားပါတယ်။

#MyanmarEduction #MyanmarHighSchools #MyanmarSecurity #Covid19 #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG