အမေရိကန်ပြည်ထောင်စု Wisconsin တက္ကသိုလ်မှာ ဓာတ်ပုံပညာ သင်ယူနေတဲ့ Joseph Quinnel (ဂျိုးဇင် ကွင်နဲလ်) ရဲ့ ထိုင်းနိုင်ငံ လက်တွေ့ ကွင်းဆင်းခရီးစဉ်က သူ့ရဲ့ဘ၀ကို အပြောင်းအလဲကြီး ပြောင်းလဲစေခဲ့ပါတယ်။ သူ့ခရီးစဉ်ရဲ့ မူလ ရည်ရွယ်ချက်က ထိုင်းနိုင်ငံမှာ ခိုလှုံနေကြတဲ့ နိုင်ငံမဲ့ ကလေးအလုပ်သမားတွေ၊ ပြည့်တန်ဆာတွေနဲ့ လူကုန်ကူးခံရသူတွေရဲ့ အခြေအနေတွေကို ဓာတ်ပုံပညာနဲ့ မှတ်တမ်းတင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တတိယနှစ် တက္ကသိုလ်ကျောင်းသား ဂျိုးဇက် ကွင်နဲလ် က နိုင်ငံမဲ့ဘ၀တွေကို ကိုယ်တိုင် လေ့လာတဲ့အခါ နိုင်ငံမဲ့ပြဿနာ ဖြေရှင်းရေးမှာ သူကိုယ်တိုင် တတ်အားသရွေ့ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါတ်ယ။ ဒီအကြောင်းကို အခုသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်ခင်စိုးဝင်း က တင်ဆက်ထားပါတယ်။