သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ သမ္မတ Biden တောင်းဆို


(Zawgyi / Unicode)

မြန်မာစစ်ကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ၊ သတင်းသမားတွေ၊ အရပ်ဘက် အဖွဲ့စည်း ခေါင်းဆောင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံခြားသားတွေကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ အမေရိကန်သမ္မတ Joe Biden က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ ၁ နှစ်ပြည့်နေ့ အတွက် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးချိန်က စလို့ နိုင်ငံသားတွေဟာ စစ်တပ်ရဲ့ မရေမတွက်နိုင်တဲ့ ရက်စက် အကြမ်းဖက်မှုတွေ ခံနေရကြောင်းနဲ့ လူပေါင်း ၁၅၀၀ သေဆုံးပြီး ထောင်ပေါင်းများစွာ မတရား အဖမ်းဆီးခံနေရသလို အဂတိလိုက်စားမှုတွေ တိုးလာနေတဲ့ အပြင် တိုက်ခိုက်မှုတွေ တိုးလာပြီး ဒေသတွင်းမှာပါ မတည်မငြိမ်ဖြစ်လာနေတယ်လို့လည်း ပြောပါတယ်။

ဒီလို စစ်အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုတွေကို ရှုတ်ချကြောင်းနဲ့ ကျူးလွန်သူတွေ တာဝန်ခံမှု ရှိစေဖို့ အာဆီယံ အပါအဝင် မိတ်ဆွေတွေ လက်တွဲဘက်နိုင်ငံတွေနဲ့ ဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ လူသားစာနာမှု အထောက်ကူဆောင်ရွက်နေသူတွေ အတားအဆီး မရှိ သွားရောက် ခွင့်ပြုဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး အတွက် အဖွဲ့အစည်း အားလုံးနဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့လည်း တောင်းဆို လိုက်ပါတယ်။ တကယ်လို့ စစ်တပ်က မြန်မာပြည်သူတွေရဲ့ တောင်းဆိုချက်ကို ဆက်ပြီး ငြင်းဆိုနေသမျှ စစ်တပ်နဲ့ သူ့ကို ပံ့ပိုးနေသူတွေကို နောက်ထပ် အရေးယူမှုတွေ ဆက်လုပ်မှာ ဖြစ်ကြောင်းလည်း သတိပေးလိုက်ပါတယ်။

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး ရုန်းကန်လှုပ်ရှားမှုတွေကို အမေရိကန်က မေ့မထားပဲ နိုင်ငံ ဒီမိုကရေစီရရှိဖို့နဲ့ တရားဥပဒေစိုးမိုးဖို့ မြန်မာပြည်သူတွေရဲ့ ရဲရင့်တဲ့ သန္နိဌာန် အတွက် ဆက်လက်ပံ့ပိုးပေးမှာ ဖြစ်ကြောင်းလည်း ကတိပြုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

( Unicode)







XS
SM
MD
LG