သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူသားစာနာမှုအကူညီပေးသူတွေကို UNOCHA ဂုဏ်ပြု

MAP OF Shan villagers flee due to government offensives BY UNOCHA
MAP OF Shan villagers flee due to government offensives BY UNOCHA

သြဂုတ်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အကြိမ် ၂၀ မြောက် ကမာ္ဘ့လူသားစာနာမှုနေ့ အထိမ်းအမှတ်အဖြစ် မြန်မာန်ိုင်ငံက လူသာစာနာမှုအကူညီပေးနေသူတွေကို UNOCHA ရုံးက ကြေညာချက်ထုတ်ပြန် ဂုဏ်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း လူသားစာနာမှု အကူညီ လိုအပ်နေသူတွေနဲ့ ပြည်တွင်းအိုးအိမ် ပြောင်းရွှေ့နေရသူတွေအတွက် ကြီးမားတဲ့အခက်အခဲတွေ စိန်ခေါ်မှုတွေကြားက မဆုတ်မနစ် ကြိုးစားဆောင်ရွက်နေသူတွေကို ဂုဏ်ပြုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေသလို မုန်တိုင်းဒဏ်၊ ရေကြီးရေလျှံတဲ့ သဘာဝဘေးဒဏ် အမျိုးမျိုးကြောင့် အခက်ခဲမျိုးစုံနဲ့ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရတာဖြစ်ပြီး နိုင်ငံလူဦးရေ သုံးပုံ-တပုံဖြစ်တဲ့ ပြည်သူ ၁၈ သန်းလောက်ဟာ ၂၀၂၃ ခုနှစ်ထဲမှာ လူသားစာနာမှု အကူအညီ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ကူညီပေးလုပ်ငန်းမှာ လုပ်ဆောင်နေသူတွေအတွက် ကန့်သတ်မှုတွေ၊ စိန်ခေါ်မှုတွေ အမျိုးမျိုးကြုံနေရပေမယ့် အခက်ခဲမျိုးမျိုးကြားက ကျော်လွှားပြီး လိုအပ်နေသူတွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အကာကွယ်ပေးတာကအစ အကူညီအမျိုးမျိုးကို ကြိုးစားလုပ်ဆောင်ပေးနေတာ ဖြစ်ပြီး၊ သတ်မှတ်ချက်အတွက် ၃၆ % လောက် အောင်မြင်မှုရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ မိုခါမုန်တိုင်းဒဏ်ခံရတာ ၈ လထဲ ရောက်လာပေမယ့် ကုလသမဂ္ဂရဲ့ ပန်ကြားချက်အတွက် ရံပုံငွေဟာ ၂၅ % လောက်ပဲ ရသေးတာကြောင့် အကူညီပေးရေးမှာ အခက်ခဲတွေ ရှိနေကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများကြီးရှိနေဆဲ ဖြစ်တဲ့အတွက် ဒီစ်ိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ နိုင်ငံတကာက အထောက်အပံ့တွေ ပေးကြဖို့ ပန်ကြားထားသလို အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် န်ိုင်ငံတကာ အလှုရှင်တွေ မေ့မထားကြဖို့လည်း နှိုးဆော်ထားပါတယ်။

ဒါ့အပြင် လူသားစာနာမှု အကူညီပေးနေသူတွေကို အကာကွယ်ပေးဖို့နဲ့ အကူညီလိုအပ်သူတွေဆီသွားရောက် ပေးအပ်နိုင်ရေးအပါအဝင် လူသားစာနာမှုဆိုင်ရာ ဥပဒေတွေနဲ့ နိုင်ငံတကာ လိုက်နာရမယ့် လူ့အခွင့်ရေးရပိုင်ခွင့်တွေကို အဖွဲ့အားလုံးက လိုက်နာဆောင်ရွက်ကြဖို့လည်း နိုင်ငံတကာ လူသားစာနာမှုနေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG