သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘာတီ ရုပ်ထု ၁၂၅ နှစ်ပြည့်

နယူးယောက်မြို့ ဆိပ်ကမ်းက Statue of Liberty ရုပ်ထုကြီး (ဇွန်လ ၂၊ ၂၀၀၉)
နယူးယောက်မြို့ ဆိပ်ကမ်းက Statue of Liberty ရုပ်ထုကြီး (ဇွန်လ ၂၊ ၂၀၀၉)

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က အထင်အရဖြစ်တဲ့ Statue of Liberty ရုပ်ထုကြီးရဲ့ နှစ်ပေါင်း ၁၂၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ် အခမ်းအနားတွေကို သောကြာနေ့က နယူးယောက်မြို့မှာ ဆင်နွှဲခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို လက်ဆောင်ပေးခဲ့တဲ့ Statue of Liberty ရုပ်ထုကြီးဟာ နိုင်ငံခြားကနေ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်း လာရောက် အခြေချသူတွေအတွက် မျှော်လင့်ချက် သင်္ကေတကိုဖော်ဆောင်တဲ့ ရုပ်ထုကြီး ဖြစ်ပါတယ်။

သောကြာနေ့ကကျင်းပခဲ့တဲ့ ၁၂၅ ပြည့် အထိမ်းအမှတ်ပွဲမှာ နိုင်ငံခြားက လာရောက်အခြေချသူ ၁၂၅ ယောက်ကိုလည်း အမေရိကန်နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်မှတ်တွေကို ပေးအပ်ခဲ့ပါတယ်။

ဒီပွဲမှာ ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး ဆီဂေါ်နီဝီဖာ (Sigourney Weaver) က နံမည်ကြီး ကဗျာတစ်ပုဒ်ကို ရွတ်ဆိုခဲ့ပြီးတော့ ညပိုင်းမှာတော့ မီးရှူးမီးပန်းတွေ ဖောက်လွှတ်ပြီး အထိမ်းအမှတ်ကို ဆင်နွှဲခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG