သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္ျပင္မထြက္အမိန႔္ မႏၲေလးနဲ႔ပဲခူး ၉ ၿမိဳ႕နယ္ ထပ္တိုး


Stay at Homes ထပ္တိုးထားေသာ ၿမိဳ႕နယ္မ်ား

Zawgyi/Unicode

ပဲခူးတုိင္းက နတ္တလင္းၿမိဳ႕နယ္နဲ႔ မႏၲေလးတိုင္းထဲက ၉ ၿမိဳ႕နယ္မွာ မလိုအပ္ဘဲ အိမ္ျပင္မထြက္ Stay At Home အမိန္႔ ထုတ္လိုက္ပါတယ္။
ဒီကေန႔မနက္ ၄ နာရီကစၿပီး အဲဒီၿမိဳ႕နယ္ေတြမွာ အမိန္႔ထုတ္လိုက္တာေၾကာင့္ အခုဆိုရင္ Stay At Home ထုတ္ထားတဲ့ၿမိဳ႕နယ္ေပါင္း ၁၀၀ ေက်ာ္သြားပါၿပီ။
ဒါ့အျပင္ ႏုိင္ငံတကာ ေလေၾကာင္းခရီးစဥ္ေတြ ျမန္မာႏုိင္ငံမွာ ပ်ံသန္းဆင္းသက္တာကို ယာယီကန္႔သတ္ ထားတာ ဒီကေန႔မွာ သက္တမ္းကုန္သြားၿပီးတဲ့ေနာက္ ေနာက္ထပ္တလတိုးၿပီး ၾသဂုတ္လကုန္ထိ ဆက္ၿပီး ကန္႔သတ္လိုက္တဲ့အေၾကာင္း စစ္ေကာင္စီ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနက ေၾကညာခဲ့ပါတယ္။
ကိုဗစ္တတိယလိႈင္း ပ်ံ႕ႏွံ႔ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ စစ္ေကာင္စီက အခုလုိ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ လုပ္ေဆာင္ေနတဲ့ၾကားမွာပဲ ကူးစက္ ေသဆံုးသူအေရအတြက္က ေလ်ာ့က်မသြားဘဲ ဆက္တိုးလာေနဆဲပါ။
ကိုဗစ္လူနာေတြအတြက္ လိုအပ္တဲ့ေဆးဝါးေတြကလည္း ရွားပါးေနၿပီး ရတဲ့ေနရာေတြမွာ အခ်ိန္အၾကာႀကီး တန္းစီေစာင့္ၿပီးေတာ့ ဝယ္ေနၾကရပါတယ္။
အဲဒီၾကားထဲမွာ ဒီကေန႔ ရန္ကုန္၊ ေတာင္ဥကၠလာအရပ္က ေဆးဆိုင္တခုမွာ ေဆးဝယ္ဖို႔ လူေတြ တန္းစီေစာင့္ေနခ်ိန္ ရဲေတြေရာက္လာၿပီး အထက္အမိန္႔အရဆိုၿပီးေတာ့ လူစုခြဲ အိမ္ျပန္ခိုင္းတာေၾကာင့္ ေဆးမရဘဲ ျပန္သြားခဲ့ၾကရတယ္လုိ႔ ျပည္တြင္းကလာတဲ့သတင္းေတြမွာ ေတြ႔ရပါတယ္။
ကိုဗစ္ေၾကာင့္ ေသဆံုးသူေတြထဲမွာ သက္ႀကီးရြယ္အိုေတြ၊ ေရာဂါအခံရွိသူေတြသာမက က်န္းမာေရး ေကာင္းမြန္တဲ့ လူငယ္ေတြပါ ပါလာေနတဲ့အျပင္ က်န္းမာေရးက႑က ထင္ရွားသူေတြလည္း ပါပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းေတြကပဲ ကိုဗစ္ကူးစက္မႈ အေစာပိုင္းကာလေတြမွာ ဖ်ားနာကုေဆးခန္းေတြဖြင့္ဖို႔ ဦးေဆာင္လုပ္ကို္င္ခဲ့သူ ေဒါက္တာမာမာၾကည္ ကြယ္လြန္ခဲ့သလို က်န္းမာေရး အသိပညာေပး ေျပာဆိုေနတဲ့ထဲမွာ ထင္ရွားသူ ေဒါက္တာျမင့္ဦး ကြယ္လြန္သြားခဲ့ပါတယ္။
၁၉၉၀ ျပည့္ႏွစ္၊ ေရြးေကာက္ပြဲၿပီးတဲ့ေနာက္ ဖြဲ႔စည္းခဲ့တဲ့ ျပည္သူ႔လႊတ္​ေတာ္ကိုယ္စား​ျပဳ​ေကာ္မတီ (CRPP) ေခါင္းေဆာင္ေဟာင္းတဦးျဖစ္သူ ဇီုမီးအမ်ိဳးသားကြန္ဂရက္ဥကၠ႒ ပူက်င့္ရွင္းထန္လည္း ဒီကေန႔မွာပဲ ကြယ္လြန္သြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

ပဲခူးတိုင်းက နတ်တလင်းမြို့နယ်နဲ့ မန္တလေးတိုင်းထဲက ၉ မြို့နယ်မှာ မလိုအပ်ဘဲ အိမ်ပြင်မထွက် Stay At Home အမိန့် ထုတ်လိုက်ပါတယ်။
ဒီကနေ့မနက် ၄ နာရီကစပြီး အဲဒီမြို့နယ်တွေမှာ အမိန့်ထုတ်လိုက်တာကြောင့် အခုဆိုရင် Stay At Home ထုတ်ထားတဲ့မြို့နယ်ပေါင်း ၁၀၀ ကျော်သွားပါပြီ။
ဒါ့အပြင် နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံမှာ ပျံသန်းဆင်းသက်တာကို ယာယီကန့်သတ် ထားတာ ဒီကနေ့မှာ သက်တမ်းကုန်သွားပြီးတဲ့နောက် နောက်ထပ်တလတိုးပြီး သြဂုတ်လကုန်ထိ ဆက်ပြီး ကန့်သတ်လိုက်တဲ့အကြောင်း စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ကိုဗစ်တတိယလှိုင်း ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီက အခုလို ကန့်သတ်ချက်တွေ ချမှတ် လုပ်ဆောင်နေတဲ့ကြားမှာပဲ ကူးစက် သေဆုံးသူအရေအတွက်က လျော့ကျမသွားဘဲ ဆက်တိုးလာနေဆဲပါ။
ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကလည်း ရှားပါးနေပြီး ရတဲ့နေရာတွေမှာ အချိန်အကြာကြီး တန်းစီစောင့်ပြီးတော့ ဝယ်နေကြရပါတယ်။
အဲဒီကြားထဲမှာ ဒီကနေ့ ရန်ကုန်၊ တောင်ဥက္ကလာအရပ်က ဆေးဆိုင်တခုမှာ ဆေးဝယ်ဖို့ လူတွေ တန်းစီစောင့်နေချိန် ရဲတွေရောက်လာပြီး အထက်အမိန့်အရဆိုပြီးတော့ လူစုခွဲ အိမ်ပြန်ခိုင်းတာကြောင့် ဆေးမရဘဲ ပြန်သွားခဲ့ကြရတယ်လို့ ပြည်တွင်းကလာတဲ့သတင်းတွေမှာ တွေ့ရပါတယ်။
ကိုဗစ်ကြောင့် သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေသာမက ကျန်းမာရေး ကောင်းမွန်တဲ့ လူငယ်တွေပါ ပါလာနေတဲ့အပြင် ကျန်းမာရေးကဏ္ဍက ထင်ရှားသူတွေလည်း ပါပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေကပဲ ကိုဗစ်ကူးစက်မှု အစောပိုင်းကာလတွေမှာ ဖျားနာကုဆေးခန်းတွေဖွင့်ဖို့ ဦးဆောင်လုပ်ကိုင်ခဲ့သူ ဒေါက်တာမာမာကြည် ကွယ်လွန်ခဲ့သလို ကျန်းမာရေး အသိပညာပေး ပြောဆိုနေတဲ့ထဲမှာ ထင်ရှားသူ ဒေါက်တာမြင့်ဦး ကွယ်လွန်သွားခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်၊ ရွေးကောက်ပွဲပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ဇီုမီးအမျိုးသားကွန်ဂရက်ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်လည်း ဒီကနေ့မှာပဲ ကွယ်လွန်သွားပါတယ်။

#Covid19 #MyanmarCovid #MyanmarStayAtHome #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG