သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စတီဗင်ဟော့ကင်းရဲ့ ဘီးတပ်ကုလားထိုင် $ ၄ သိန်းကျော်နဲ့ရောင်း


ကွယ်လွန်သွားပြီဖြစ်တဲ့ ဗြိတိသျှ ရူပဗေဒပညာရှင် Stephen Hawkin ရဲ့ ဘီးတပ်ကုလားထိုင်ကို ဒေါ်လာ ၄ သိန်း နီးပါးခန့်နဲ့ ရောင်းချလိုက်ပြီဖြစ်ပါတယ်။ အဲဒီက ရလာတဲ့ငွေတွေနဲ့ ပရဟိတ လုပ်ငန်းတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

Mr. Hawking အကြောသေသွားပြီးတဲ့နောက် အသုံးပြုခဲ့တဲ့ စက်တပ်ထားတဲ့ အဲဒီဘီးတပ်ကုလားထိုင် ကို Christie လေလံအဖွဲ့က အင်တာနက်ကနေ ဒေါ်လာ ၂ သောင်းနဲ့ လေလံတင်ရောင်းချသွားဖို့ ခန့်မှန်းခဲ့တာပါ။

“Properties of expanding universes” ဆိုတဲ့ Hawking ရဲ့ ၁၉၆၅ ခုနှစ်က ပါရဂူဘွဲ့ သုတေသန ကျမ်းမိတ္တူကိုတော့ အမေရိကန်ဒေါ်လာ ၇၆၇,၀၀၀ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါဟာ မူလက မှန်းထား တဲ့ ဒေါ်လာ ၂ သိန်းထက် အများကြီး ပိုရခဲ့တာဖြစ်ပါတယ်။

သူပါဝင်ခဲ့တဲ့ ရုပ်သံစီးရီးတွေထဲက တခုဖြစ်တဲ့ The Simpsons ထဲက ဇတ်ညွှန်းကလည်း လေလံတင် ရောင်းချတဲ့ ပစ္စည်း ၂၂ ခုထဲမှာ တခုဖြစ်ပြီး ဒါကိုတော့ ဒေါ်လာ ၈ ထောင် နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

လေလံပွဲကနေ ပရဟိတလုပ်ငန်းတွေအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၈ သန်းရရှိခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာဟော့ကင်းရဲ့ မိသားစုက သူ့ရဲ့ မှတ်တမ်းအဖြစ်သိမ်းဆည်းထားတဲ့အထဲကနေ ဗြိတိသျှ အစိုးရကလှူဒါန်းခဲ့ပါတယ်။ မစ္စတာ ဟော့ကင်းဟာ စကြဝဠာကြီး စတင်ပေါ်ပေါက်လာပုံအကြောင်းကို စူးစမ်းရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG