သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိသျှ ရူပဗေဒပညာရှင် Stephen Hawking ကွယ်လွန်


Stephen Hawking

စင်္ကြဝဠာရဲ့အစနဲ့ တွင်းနက်ကြီးတွေလို အာကာသရဲ့ နက်နဲဆန်းကြယ်မှုတွေကို လေ့လာစူးစမ်းခဲ့သူ အသက် ၇၆ နှစ်အရွယ် ကမ္ဘာကျော် ဗြိတိသျှ ရူပဗေဒပညာရှင် Stephen Hawking ဒီကနေ့ပဲ ကွယ်လွန်သွားပါပြီ။

ဆယ်စုနှစ်နဲ့ချီ သချာၤပညာပို့ချနေတဲ့ ဗြိတိန်နိုင်ငံ Cambridge မြို့က နေအိမ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေဆုံးသွားခဲ့ကြောင်းလည်း မိသားစုပြောခွင့်ရသူက ပြောပါတယ်။ ထင်ရှားတဲ့ သိပ္ပံပညာရှင် အဖြစ်နဲ့ရော၊ ထူးခြားတဲ့ လူပုဂ္ဂိုလ်တဦးအဖြစ်နဲ့ရော သူ့ရဲ့ဆောင်ရွက်ချက်တွေနဲ့ အမွေအနှစ်တွေဟာ နောင်နှစ်ပေါင်းများစွာအထိ ရှင်သန် ကျန်ရစ်မှာဖြစ်ကြောင်းလည်း ကျန်ရစ်သူ သားသမီးတွေ ဖြစ်ကြတဲ့ Lucy, Robert နဲ့ Tim တို့က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

ခန္ဓာကိုယ်မှာ အကြောတွေအားနည်းပြီး လှုပ်ရှားလို့မရတဲ့ရောဂါ ရှိနေတာကို အသက် ၂၁ နှစ်အရွယ်မှာ တွေ့ရှိခဲ့ရတဲ့ Hawking ဟာ နောက်ဆုံးမှာ ဘီးတပ်ကုလားထိုင်နဲ့ သွားလာခဲ့ရသလို၊ စကားမပြောနိုင်တဲ့အတွက် စကားပြောစက်ကို အသုံးပြုခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နှစ်အနည်းငယ်လောက်သာ အသက်ရှင်မယ်လို့ ဆရာဝန်တွေက ခန့်မှန်းခဲ့ကြပေမဲ့၊ ဆက်လက်ရှင်သန်ခဲ့ပြီး ကမ္ဘာကျော် ရူပဗေဒ ပညာရှင် Albert Einstein ရဲ့ ယေဘုယျနှိုင်းရသီအိုရီနဲ့ Quantum Mechanics သီအိုရီတို့ကြား ပေါင်းကူးပေးနိုင်ဖို့ ကြိုးပမ်းမှု အပါအဝင် သိပ္ပံပညာမှာ အရေးကြီးတဲ့ သုတေသနလေ့လာမှုတွေကို အာရုံစိုက်ဆောင်ရွက်ခဲ့တာပါ။

စင်္ကြဝဠာကြီး ဘယ်လိုပေါ်ပေါက် ဖြစ်တာလာတယ်ဆိုတာကို နားလည်အောင် ကြိုးစားဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ကြောင်းလည်း သုတေသနလေ့လာမှုတွေနဲ့ ပတ်သက်လို့ Hawking ကပြောခဲ့ဖူးပါတယ်။

၁၉၈၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ A Brief History of Time အချိန်ရဲ့ ရာဇဝင်အကျဉ်းချုပ် စာအုပ်ဟာ နိုင်ငံတကာမှာ အရောင်းရဆုံး စာအုပ်တအုပ် ဖြစ်ခဲ့သလို၊ သူ့ရဲ့ဂုဏ်သတင်းလည်း ကျော်ဇောလာခဲ့တာပါ။ အာကာသထဲက တွင်းနက်ကြီးတွေ အကြောင်း လေ့လာမှုဟာလည်း သူ့ရဲ့အအောင်မြင်ဆုံး စွမ်းဆောင်မှုတွေထဲမှာ တခုဖြစ်ခဲ့ပါတယ်။

ဗြိတိသျှ ရူပဗေဒပညာရှင် Stephen Hawking ကွယ်လွန်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG