သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

VOA အပါအဝင္ သတင္းေထာက္တခ်ဳိ႕ Twitter အေကာင့္ေတြပိတ္ခံရ 


Twitter users on Dec. 15, 2022, were sharing this image of the notice posted on the account of VOA's Steve Herman.

[[Zawgyi/Unicode]]

VOA၊ CNN၊ Washington Post စတဲ့သတင္းဌာနႀကီးေတြက ထင္ရွားတဲ့သတင္းေထာက္ေတြအပါအဝင္ အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ သတင္းေထာက္ေတြရဲ႕ Twitter အေကာင့္စာမ်က္ႏွာေတြကို Twitter ကၾကာသပေတးေန႔က ပိတ္လိုက္ပါတယ္။

ပိတ္ခံရတဲ့သတင္းေထာက္ေတြထဲမွာ အေမရိကန္ဆိုင္ရာ VOA သတင္းေထာက္ခ်ဳပ္ Steve Herman လည္းပါဝင္ခဲ့ၿပီး ဘာေၾကာင့္ပိတ္ပင္ခဲ့တယ္ဆိုတာကို VOA က အီးေမးပို႔ဆက္သြယ္ခဲ့ရာမွာ “စာပို႔လို႔မရပါဆိုတဲ့” အေၾကာင္း ျပန္ၾကားခ်က္ကိုပဲ လက္ခံရရွိခဲ့ပါတယ္။ New York Time၊ CNN စတဲ့သတင္းဌာနေတြကလည္း ဘာေၾကာင့္ အခုလိုပိတ္ပင္ခဲ့တယ္ဆိုတာကိုစာေရးသား ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္လည္း အေၾကာင္းျပန္ၾကားျခင္းရွိပါဘူး။

အပိတ္ခံရတဲ့ သတင္းသမားအေတာ္မ်ားမ်ားနဲ႔ သတင္းဌာနအေတာ္မ်ားမ်ားက အေကာင့္ေတြအပိတ္ခံရေၾကာင္း သတင္းေတြေရးသား ေဖၚျပၾကပါတယ္။ ပိတ္ပင္ခံရတဲ့ထဲက လူသိမ်ားတဲ့ သတင္းသမားေတာ္ေတာ္မ်ားမ်ားက Twitter ကုမၸဏီကို ဘီလ်ံနာသူေဌး Elon Musk ဝယ္ယူလိုက္ၿပီးေနာက္ သူနဲ႔ Twitter ကုမၸဏီအေၾကာင္း သတင္းေတြကို ေရးသားေဖာ္ျပခဲ့ၾကသူေတြျဖစ္ပါတယ္။

ပုဂၢလိကပိုင္ဂ်က္ေလယာဥ္ေတြ ဘယ္ေနရာေရာက္ေနတယ္ဆိုတာ အခ်ိန္နဲ႔တေျပးညီသိႏိုင္တဲ့ Jet trackers link ေတြ၊ Twitter ေပၚမွာ ေဖာ္ျပတာနဲ႔ပတ္သက္လို႔ စည္းကမ္းခ်က္ေျပာင္းလဲလိုက္တာျဖစ္တယ္လို႔ Elon Musk ကရည္ၫႊန္းေျပာၾကားခဲ့ပါတယ္။ သူ႔ကို တေနကုန္ေဝဖန္ေနတာ ကိစၥမရွိေပမဲ့ သူဘယ္ေရာက္ေနတယ္ဆိုတာ ေျခရာေကာက္ေနတာနဲ႔ သူ႔မိသားစု အႏၲရာယ္ျဖစ္ႏိုင္တဲ့ကိစၥကိုေတာ့ လက္မခံႏိုင္ဘူးလို႔ Elon Mush က Twitter ေပၚမွာ ေရးသားခဲ့ပါတယ္။ လူတိုင္းလိုပဲ သတင္းေထာက္ေတြအေပၚထားတဲ့ စည္းကမ္းေတြ အတူတူပဲလို႔လည္း Tweet တခုမွာ ေရးသားပါတယ္။

Elon Musk ကိုယ္ပိုင္ေလယာဥ္ေရာက္ေနတဲ့ေနရာကို အခ်ိန္နဲ႔တေျပးညီေဖာ္ျပေနတဲ့ @ElonJet ဆိုတဲ့ အေကာင့္ကိုလည္း Twitter ကပိတ္ပစ္ခဲ့ပါတယ္။ @ElonJet အေကာင့္နဲ႔ပတ္သက္ၿပီး VOA အေမရိကန္သတင္းေထာက္ခ်ဳပ္ Steve Herman ၾကာသပေတးေန႔အေစာပိုင္းက ေရးသားခဲ့ၿပီးေနာက္ သူ႔အေကာင့္ပိတ္ခံရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

VOA အပါအဝင် သတင်းထောက်တချို့ Twitter အကောင့်တွေပိတ်ခံရ

VOA၊ CNN၊ Washington Post စတဲ့သတင်းဌာနကြီးတွေက ထင်ရှားတဲ့သတင်းထောက်တွေအပါအဝင် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ သတင်းထောက်တွေရဲ့ Twitter အကောင့်စာမျက်နှာတွေကို Twitter ကကြာသပတေးနေ့က ပိတ်လိုက်ပါတယ်။

ပိတ်ခံရတဲ့သတင်းထောက်တွေထဲမှာ အမေရိကန်ဆိုင်ရာ VOA သတင်းထောက်ချုပ် Steve Herman လည်းပါဝင်ခဲ့ပြီး ဘာကြောင့်ပိတ်ပင်ခဲ့တယ်ဆိုတာကို VOA က အီးမေးပို့ဆက်သွယ်ခဲ့ရာမှာ “စာပို့လို့မရပါဆိုတဲ့” အကြောင်း ပြန်ကြားချက်ကိုပဲ လက်ခံရရှိခဲ့ပါတယ်။ New York Time၊ CNN စတဲ့သတင်းဌာနတွေကလည်း ဘာကြောင့် အခုလိုပိတ်ပင်ခဲ့တယ်ဆိုတာကိုစာရေးသား ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း အကြောင်းပြန်ကြားခြင်းရှိပါဘူး။

အပိတ်ခံရတဲ့ သတင်းသမားအတော်များများနဲ့ သတင်းဌာနအတော်များများက အကောင့်တွေအပိတ်ခံရကြောင်း သတင်းတွေရေးသား ဖေါ်ပြကြပါတယ်။ ပိတ်ပင်ခံရတဲ့ထဲက လူသိများတဲ့ သတင်းသမားတော်တော်များများက Twitter ကုမ္ပဏီကို ဘီလျံနာသူဌေး Elon Musk ဝယ်ယူလိုက်ပြီးနောက် သူနဲ့ Twitter ကုမ္ပဏီအကြောင်း သတင်းတွေကို ရေးသားဖော်ပြခဲ့ကြသူတွေဖြစ်ပါတယ်။

ပုဂ္ဂလိကပိုင်ဂျက်လေယာဉ်တွေ ဘယ်နေရာရောက်နေတယ်ဆိုတာ အချိန်နဲ့တပြေးညီသိနိုင်တဲ့ Jet trackers link တွေ၊ Twitter ပေါ်မှာ ဖော်ပြတာနဲ့ပတ်သက်လို့ စည်းကမ်းချက်ပြောင်းလဲလိုက်တာဖြစ်တယ်လို့ Elon Musk ကရည်ညွှန်းပြောကြားခဲ့ပါတယ်။ သူ့ကို တနေကုန်ဝေဖန်နေတာ ကိစ္စမရှိပေမဲ့ သူဘယ်ရောက်နေတယ်ဆိုတာ ခြေရာကောက်နေတာနဲ့ သူ့မိသားစု အန္တရာယ်ဖြစ်နိုင်တဲ့ကိစ္စကိုတော့ လက်မခံနိုင်ဘူးလို့ Elon Mush က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ လူတိုင်းလိုပဲ သတင်းထောက်တွေအပေါ်ထားတဲ့ စည်းကမ်းတွေ အတူတူပဲလို့လည်း Tweet တခုမှာ ရေးသားပါတယ်။

Elon Musk ကိုယ်ပိုင်လေယာဉ်ရောက်နေတဲ့နေရာကို အချိန်နဲ့တပြေးညီဖော်ပြနေတဲ့ @ElonJet ဆိုတဲ့ အကောင့်ကိုလည်း Twitter ကပိတ်ပစ်ခဲ့ပါတယ်။ @ElonJet အကောင့်နဲ့ပတ်သက်ပြီး VOA အမေရိကန်သတင်းထောက်ချုပ် Steve Herman ကြာသပတေးနေ့အစောပိုင်းက ရေးသားခဲ့ပြီးနောက် သူ့အကောင့်ပိတ်ခံရတာဖြစ်ပါတယ်။

XS
SM
MD
LG