အင္ဒိုနီး႐ွားႏိုင္ငံမွာ ေလာင္စာဆီ သိုေလွာင္႐ုံတခု မီးေလာင္ရာကေန အနီးဝန္းက်င္အိမ္ေတြနဲ႔ အေဆာက္အဦးတခ်ဳိ ႔ပါ မီးေလာင္ခဲ့တာေၾကာင့္ ကေလးငယ္ ၂ ဦး အပါအဝင္ ၁၅ ဦးထက္မနည္း ေသဆုံးခဲ့ရပါတယ္။
ေသာၾကာေန႔ညက ေလာင္ကြၽမ္းခဲ့တဲ့ မီးေၾကာင့္ ေပ်ာက္ဆုံးေနသူ ၁၆ ဦး႐ွိၿပီး အသက္႐ွင္ က်န္ရစ္ႏိုင္သူေတြကို ႐ွာေဖြကယ္တင္ဖို႔ မီးသတ္နဲ႔ ကူညီကယ္ဆယ္ေရး အဖြဲ႔ေတြက ဒီကေန႔ ဆက္လက္ ႐ွာေဖြေနၾကပါတယ္။ မီး စေလာင္ခဲ့တဲ့ Plumpang ေလာင္စာဆီ သိုေလွာင္႐ုံဟာ အစိုးရပိုင္ ေရနံနဲ႔ သဘာဝဓာတ္ေငြ႔ကုမၸဏီ Pertamina က လည္ပတ္ေနတဲ့ သိုေလွာင္႐ုံျဖစ္ၿပီး ဂ်ကာတာၿမိဳ႕ေတာ္ေျမာက္ဘက္ လူဦးေရထူထပ္တဲ့ Tanah Merah ရပ္ကြက္အနီးမွာ ႐ွိပါတယ္။
အင္ဒိုနီး႐ွားႏိုင္ငံရဲ႕ ေလာင္စီဆီ ၂၅ % ႏႈန္းကို ျဖန္႔ျဖဴးေပးေနတဲ့ ေနရာပါ။ ၂ နာရီေက်ာ္ၾကာ ေလာင္ကြၽမ္းေနခဲ့တဲ့ မီးကို ၿငႇိမ္းသတ္ဖို႔ မီးသတ္ကား ၅၂ စင္းနဲ႔ မီးသတ္သမား ၂၆၀ ထက္မနည္းက ႀကိဳးပမ္းခဲ့ရပါတယ္။ မီးေလာင္ကြၽမ္းမႈနဲ႔ ပတ္သက္လို႔ စုံစမ္းစစ္ေဆးမႈေတြ ဆက္လုပ္ေနဆဲျဖစ္ၿပီး ကနဦး စစ္ေဆး ေတြ႔႐ွိခ်က္ေတြအရေတာ့ မိုး အျပင္းအထန္ ႐ြာေနတဲ့အခ်ိန္ မိုးႀကိဳးပစ္ခံရၿပီး၊ ေပါက္သြားပုံရတဲ့ ပိုက္လိုင္းတခုကေန မီး စေလာင္ခဲ့တာ ျဖစ္တယ္လို႔ Pertamina ကုမၸဏီရဲ႕ ဂ်ာဗားအေနာက္ျခမ္း ေဒသဆိုင္ရာ တာဝန္ခံမန္ေနဂ်ာ Eko Kristiawan က ေျပာပါတယ္။
အစိုးရ အရာ႐ွိတခ်ဳိ ႔ကေတာ့ Pertamina ကုမၸဏီကို စုံစမ္းစစ္ေဆးဖို႔ ေတာင္းဆိုထားပါတယ္။
==== Unicode ====
အင်ဒိုနီးရှားနိုင်ငံမှာ လောင်စာဆီ သိုလှောင်ရုံတခု မီးလောင်ရာကနေ အနီးဝန်းကျင်အိမ်တွေနဲ့ အဆောက်အဦးတချို့ပါ မီးလောင်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
သောကြာနေ့ညက လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ပျောက်ဆုံးနေသူ ၁၆ ဦးရှိပြီး အသက်ရှင် ကျန်ရစ်နိုင်သူတွေကို ရှာဖွေကယ်တင်ဖို့ မီးသတ်နဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ဒီကနေ့ ဆက်လက် ရှာဖွေနေကြပါတယ်။ မီး စလောင်ခဲ့တဲ့ Plumpang လောင်စာဆီ သိုလှောင်ရုံဟာ အစိုးရပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ Pertamina က လည်ပတ်နေတဲ့ သိုလှောင်ရုံဖြစ်ပြီး ဂျကာတာမြို့တော်မြောက်ဘက် လူဦးရေထူထပ်တဲ့ Tanah Merah ရပ်ကွက်အနီးမှာ ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ လောင်စီဆီ ၂၅ % နှုန်းကို ဖြန့်ဖြူးပေးနေတဲ့ နေရာပါ။ ၂ နာရီကျော်ကြာ လောင်ကျွမ်းနေခဲ့တဲ့ မီးကို ငြှိမ်းသတ်ဖို့ မီးသတ်ကား ၅၂ စင်းနဲ့ မီးသတ်သမား ၂၆၀ ထက်မနည်းက ကြိုးပမ်းခဲ့ရပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး ကနဦး စစ်ဆေး တွေ့ရှိချက်တွေအရတော့ မိုး အပြင်းအထန် ရွာနေတဲ့အချိန် မိုးကြိုးပစ်ခံရပြီး၊ ပေါက်သွားပုံရတဲ့ ပိုက်လိုင်းတခုကနေ မီး စလောင်ခဲ့တာ ဖြစ်တယ်လို့ Pertamina ကုမ္ပဏီရဲ့ ဂျာဗားအနောက်ခြမ်း ဒေသဆိုင်ရာ တာဝန်ခံမန်နေဂျာ Eko Kristiawan က ပြောပါတယ်။
အစိုးရ အရာရှိတချို့ကတော့ Pertamina ကုမ္ပဏီကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။