သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှစတော့ဈေးတွေ ထိုးကျ


အာရှစတော့ဈေးတွေ ထိုးကျ
အာရှစတော့ဈေးတွေ ထိုးကျ

ကမ္ဘာဟာ နောက်ထပ်စီးပွားရေး အကြီးအကျယ် ဆုတ်ယုတ်မယ့်အခြေအနေကို ဦးတည်သွားနေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ကမ္ဘာတလွှားက အစုရှယ်ယာဈေးတွေကလဲ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ထိုးကျနေပါတယ်။ အာရှအစုရှယ်ယာဈေးတွေ သောကြာနေ့မှာ ကျဆင်းခဲ့ပြီး ဂျပန်နိုင်ငံက နိကေးအိ (Nikkei) အညွှန်းကိန်းက ငါးလအတွင်းမှာ အနိမ့်ဆုံးအဖြစ်နဲ့ ၃.၇ ရာခိုင်နှုန်းနဲ့ ဈေးပိတ်သွားပါတယ်။

ဟောင်ကောင်က ဟန်ဆန်း (Hang Seng) အညွှန်းကိန်းကတော့ ၄ ရာခိုင်နှုန်းကျော်အထိကို ထိုးကျသွားတာပါ။ ဥရောပက အဓိက အစုရှယ်ယာဈေးကွက်တွေလည်း ကြာသပတေးနေ့က ၄ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီးတဲ့နောက် သောကြာနေ့အစောပိုင်း ဈေးဖွင့်ချိန်မှာတော့ ၂ ရာခိုင်နှုန်းလောက်ထိ ဈေးကျနဲ့ ဈေးဖွင့်ခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ရွှေဈေးက ၁၉ ဒေါ်လာ ၈၀ ဆင့်န် ဈေးတက်ပြီး တအောင်စကို ၁၆၆၆ ဒေါ်လာ ၃၂ ဆင့်န်ဈေး ပေါက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ဒေါင်းဂျုန်းစ် (Dow Jones) ညွှန်းကိန်းက ၂၀၀၈ ခုနှစ် အောက်တိုဘာလကစကြည့်ရင် အနိမ့်ဆုံးအဖြစ်နဲ့ ၅၁၃ မှတ်၊ ရာခိုင်နှုန်းနဲ့ဆိုရင်တော့ ၄.၃ ရာခိုင်နှုန်း ကျဆင်းပါတယ်။ တခြား အဓိက ညွှန်းကိန်းတွေဖြစ်တဲ့ နက်စ်ဒက် (Nasdaq) နဲ့ S&P ၅၀၀ ညွှန်းကိန်း တွေကလည်း ဈေးတော်တော်ကျဆင်းခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ စီးပွားရေးပျက်ကပ်ဆီကို ပြန်ပြီးတော့ ဦးတည်နေနိုင်တယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေတယ်လို့ ဘဏ္ဍာရေးလေ့လာသုံးသပ်သူတွေက ပြောနေကြပါတယ်။

XS
SM
MD
LG