သုံးရလွယ်ကူစေသည့် Link များ

အခိုးခံရတဲ့ ဗန်ဂိုးပန်းချီကားတွေ ပြန်တွေ့

  • ဗွီအိုအေ (မြန်မာဌာန)

နယ်သာလန်နိုင်ငံ၊ ဗန်ဂိုးပြတိုက်။

၂၀၀၂ ခုနှစ်မှာ ခိုးယူခံသွားရတဲ့ ဗန်ဂိုးရဲ့  ပန်ချီကား ၂ ချပ်ကို စနစ်တကျ စီစဉ် လုပ်ကိုင်တဲ့ ရာဇ၀တ်မှုတွေကိုစုံစမ်းတဲ့ အီတလီရဲတပ်ဖွဲ့ တို့ကပြန် ရှာတွေ့ခဲ့ကြတယ် လို့ နယ်သာလန်နိုင်ငံ၊ ဗန်ဂိုးပြတိုက် ကပြောပါတယ်။ ၁၄ နှစ်ကြာအောင် ပျောက်ဆုံးခဲ့ပေမယ့် ပန်းချီကား ၂ ကား စလုံးရဲ့ အနေအထား အတော် ကောင်းမွန်နေသေးတယ်လို့ ပြတိုက်ရဲ့အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ပန်းချီကား ၂ ချပ်စလုံး ဘောင်တွေ မရှိတော့ပဲ အနည်းအကျဉ်းတော့ ပျက်စီးနေတယ်လို့ ဆိုပါတယ်။

ပန်းချီကားတွေရဲ့နာမည်ကတော့"Seascape at Scheveningen" နဲ့ "Congregation Leaving the Reformed Church in Nuenen " တို့ဖြစ်ပါတယ်။

Seascape ကားဟာ ဗန်ဂိုးရဲ့  အစောပိုင်း ပန်းချီရေးဟန်ကို အထင်အရှားတွေ့ရတဲ့ လက်ရာဖြစ်သလို ၁၈၈၁ ခုနှစ်နဲ့ ၁၈၈၃ ခုနှစ်အတွင်း The Heague မြို့မှာနေတဲ့အချိန်အတွင်း ဗန်ဂိုး ရေးဆွဲခဲတဲ့ seascapes ၂ ကားထဲက တကားဖြစ်ပါတယ်။ Congregation ကတော့ သူ့အမေအတွက် ၁၈၈၄ မှာရေးပေးတဲ့ကားဖြစ်ပါတယ်။

ဒီကားတွေကို ရာဇ၀တ်မှုကျူးလွန်တဲ့ အဖွဲ့ကို ၀င်ရောက်စီးနင်းချိန်တွင်း ရှာတွေ့ခဲ့တာလို့ ရဲကပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေနဲ့ နောက်ဆက်တွဲ တရားစီရင်မှု လုပ်နေချိန်တွင်း ပန်းချီကားတွေကို အီတလီနိုင်ငံမှာပဲ သိမ်းဆည်း ထားမှာပါ။ ပန်းချီကားတွေပြန်ရောက်လာဖို့ နည်းနည်းပိုပြီး စိတ်ရှည်ရှည်နဲ့ စောင့်ရလိမ့် မယ်လို့ ပြတိုက်ရဲ့ ထုတ်ပြန်ကြေညာချက် မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG