သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Helene မုန်တိုင်းကြောင့် ၄၄ ယောက်ထက်မနည်း သေဆုံး


မြောက် Carolina ပြည်နယ်မှာ Helene မုန်တိုင်းကြောင့် ကားထဲပိတ်နေသူကို ကယ်ဆယ်နေကြစဉ်
မြောက် Carolina ပြည်နယ်မှာ Helene မုန်တိုင်းကြောင့် ကားထဲပိတ်နေသူကို ကယ်ဆယ်နေကြစဉ်

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းကို တိုက်ခတ်ခဲ့တဲ့ Helene မုန်တိုင်းကြောင့် သေဆုံးသူ ၄၄ ယောက်ထက်မနည်း ရှိနေပါတယ်။ မုန်တိုင်းကြောင့် အသက်အန္တရာယ် ရှိနိုင်လောက်တဲ့အထိ မြို့တွေမှာ ရုတ်တရက် ရေကြီးတဲ့ဒဏ်ကို ခံရနိုင်ခြေ ရှိနေသေးတယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက သတိပေးထားပါတယ်။ မြောက် Carolina နဲ့ Tennessee ပြည်နယ်တွေက ရေကာတာတွေ ကျိုးပေါက်လောက်အောင် ရေကြီးနေတာကြောင့် ဒေသခံတွေကို အမြန်ဆုံး ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ ညလုံးပေါက် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ မြောက် Carolina ပြည်နယ်အပါအဝင် အရှေ့တောင်ပိုင်းက ပြည်နယ်တွေမှာ မြစ်ရေတွေ စံချိန်တင်အောင်တက်နေတယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက သတိပေးထားပါတယ်။

တောင် Carolina ပြည်နယ်မှာ မီးသတ်တပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ Georgia ပြည်နယ်မှာလည်း ၁၅ ယောက်ထက် မနည်း သေဆုံးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုထားပါတယ်။ Florida ပြည်နယ်မှာ ၇ ယောက် သေဆုံးခဲ့ပြီး မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေဟာ အရင် ဟာရီကိန်းမုန်တိုင်း ၂ ခုပေါင်းထက်ကို ပိုများတယ်လို့ Florida ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။ Virginia ပြည်နယ်မှာလည်း Helene မုန်တိုင်းကြောင့် ၁ ယောက်သေဆုံးခဲ့သလို မုန်တိုင်း မပြီးသေးဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက သတိပေးထားပါတယ်။

ဟာရီကိန်းပြင်းအား ၄ နဲ့ ကြာသပတေးက Florida ပြည်နယ်ကို ဝင်တိုက်ခဲ့ပြီး မြောက်ပိုင်းကို ရွေ့လျားတိုက်ခတ်တဲ့ မုန်တိုင်းဟာ သောကြာနေ့ အစောပိုင်းထဲက မုတ်သုံမုန်တိုင်း အသွင်ပြောင်းသွားပေမဲ့ နေရာတော်တော်များများမှာ နေအိမ်တွေ လမ်းတွေ ရေလွှမ်းနေပါတယ်။ စနေနေ့ အစောပိုင်းရောက်တဲ့အထိ ပြည်နယ် ၁၀ ခုက ဒေသခံ ၄ သန်း နီးပါးလောက် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေကြပါတယ်။

Forum

XS
SM
MD
LG