သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ပစိဖိတ် ဆူနာမီ ရိုက်ခတ်


၂၀၀၇ ခုနှစ်က Solomon ကျွန်းစုဒေသမှာ ဆူနာမီ ရိုက်ခတ်ခဲ့ပြီးနောက်
ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းမှာရှိတဲ့ Solomon ကျွန်းစုတွေမှာ ပြင်းအားအဆင့် ၈ ရှိတဲ့ အားပြင်းတဲ့ ငလျင် လှုပ်ခတ်မှုကြောင့် မြို့ရွာအတော်များများ ပျက်စီးခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့မှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ အခုတော့ ပြန်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

Solomon ကျွန်းစုတွေပေါ်က နေရာ အတော်များများမှာ ပျက်စီးမှုတွေ ရှိခဲ့ပေမဲ့ အခုထိတော့ ထိခိုက် သေကြေမှု ရှိ မရှိ မသိရသေးပါဘူး။

ပစိဖိတ်ဒေသ ဆူနာမီ သတိပေးရေး ဗဟိုဌာနကတော့ ပါပူဝါ၊ နယူးဂီနီနဲ့ ဖီဂျီ အပါအ၀င် Solomon ကျွန်းစုတွေ ရှိရာဒေသတွင်း ၃ ပေလောက်အမြင့်ရှိတဲ့ ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်နိုင်သလို ငလျင် ဗဟိုချက် တ၀ိုက် ကမ်းရိုးတန်းဒေသတွေမှာ ပျက်စီးမှုများမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ Solomon ကျွန်းစုတွေအတွက် သတိပေးချက်ကို ရုပ်သိမ်းလိုက်ပြီး ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းဒေသ တခုလုံးအတွက် သတိပေးခဲ့ပါတယ်။

အမေရိကန် ဘူမိစူးစမ်းရှာဖွေရေး USGS က ထုတ်ပြန်ချက်ထဲမှာတော့ Solomon ကျွန်းစုအနီး ရေအောက် ၃ မိုင်ခွဲအနက်မှာ စတင်လှုပ်ခတ်တဲ့ ငလျင်ဟာ ပြင်းအား အဆင့် ၈ ရှိပြီး နောက်ဆက်တွဲ လှုပ်ခတ်တဲ့ ငလျင်တွေကတော့ ပြင်းအား ၆ ဒဿမ ၄ ကနေ ၆ ဒဿမ ၆ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Solomon ကျွန်းစုတွေဟာ ငလျင်ရပ်ဝန်းထဲမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုတွေ၊ မီးတောင် ပေါက်ကွဲမှုတွေကို မကြာခဏ ကြုံတွေ့ရတဲ့ ဒေသဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဧပြီလထဲ Solomon ကျွန်းစု အနောက်ပိုင်းဒေသမှာ ပြင်းအား ၈ ဒဿမ ငလျင်လှုပ်ခတ်ခဲ့တုန်းက သေဆုံးသူ ၅၀ ကျော် ရှိခဲ့ပါတယ်။
XS
SM
MD
LG