သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားပြင်းငလျင် ကယ်လီဖိုးနီးယားမှာလှုပ်ခတ်


ကယ်လီဖိုးနီးယားမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျမှု မြင်ကွင်း။ (သြဂုတ် ၂၄၊ ၂၀၁၄)
ကယ်လီဖိုးနီးယားမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျမှု မြင်ကွင်း။ (သြဂုတ် ၂၄၊ ၂၀၁၄)

ဒီနေ့ တနင်္ဂနွေနေ့အစောပိုင်းက အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့ ဘေးဧရိယာမှာ ၂၅ နှစ်အတွင်း အကြီးဆုံးငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

ဒေသ စံတော်ချိန် မနက်လင်းအားကြီး ၃ နာရီ၊ မိနစ် ၂၀ မှာ ပြင်းအား ၆ magnitude ရှိတဲ့ ငလျင်ဒဏ်ကြောင့် မော်တော်ယာဉ် သတိပေးချက်တွေ အသံမြည်ပြီး အိမ်တွေထဲက လူတွေ ပြေးထွက်လာခဲ့ကြပါတယ်။ Napa ခရိုင်၊ မီးသတ်တပ်ဖွဲ့တွေအားလုံး ဖုံးဆက် အကူအညီတောင်းခံမှုတွေနဲ့ အလုပ်ရှုပ်သွားခဲ့ပြီး မီးလောင်မှုတစ်ချို့၊ ဒဏ်ရာရမှုတစ်ချို့နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ LA Time သတင်းက အစီရင်ခံပါတယ်။

ငလျင်ဟာ Sacramento မြို့ အနောက်တောင်ဖက် မိုင် ၅၀ လောက်အဝေးမှာရှိတဲ့ ဒေသကို ဗဟိုပြုလှုပ်ခဲ့တာဖြစ်ပါတယ်။ California အဝေးပြေးလမ်းမကြီး ကင်းလှည့် ကြီးကြပ်တဲ့အဖွဲ့တွေက လမ်းတံတား ထိခိုက်ပျက်စီးမှု ဘယ်လောက်ရှိလဲဆိုတာ စစ်ဆေးနေကြဆဲဖြစ်ပြီး တချို့နေရာတွေမှာ လျပ်စစ်မီးပြတ်တောက်မှုတွေနဲ့ အဆောက်အဦး ပြိုကျမှုတွေ ရှိတယ်လို့သိရပါတယ်။

XS
SM
MD
LG