သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတန်း ဆန္ဒပြကျောင်းသားများ နေအိမ်ပြန်ဖို့ မဟန တိုက်တွန်း

protest
1/11 protest
အသေးစိတ် ဖတ်ရှုရန် Show less
protest
2/11 protest
အသေးစိတ် ဖတ်ရှုရန် Show less
protest
3/11 protest
အသေးစိတ် ဖတ်ရှုရန် Show less
protest
4/11 protest
အသေးစိတ် ဖတ်ရှုရန် Show less
protest
5/11 protest
အသေးစိတ် ဖတ်ရှုရန် Show less
protest
6/11 protest
အသေးစိတ် ဖတ်ရှုရန် Show less
protest
7/11 protest
အသေးစိတ် ဖတ်ရှုရန် Show less
protest
8/11 protest
အသေးစိတ် ဖတ်ရှုရန် Show less
protest
9/11 protest
အသေးစိတ် ဖတ်ရှုရန် Show less
protest
10/11 protest
အသေးစိတ် ဖတ်ရှုရန် Show less
protest
11/11 protest
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

လက်ပံတန်းမြို့မှာ ထိုင်သပိတ် ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်ကျောင်းသားတွေနဲ့ အတူ အစာငတ်ခံ ဆန္ဒထုတ်ဖော်နေတဲ့ သံဃာတော်တွေကို သပိတ်ကျောင်း သားတွေ နဲ့ ဆက်လက် မပူးပေါင်းဖို့နဲ့၊ ကျောင်းသားတွေကိုလည်း နေရပ် ကို ပြန်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ဂိုဏ်းပေါင်းစုံ သံဃနာယက အဖွဲ့များ ၊ ပဲခူး တိုင်းဒေသကြီး အနောက်ပိုင်း ဂိုဏ်းပေါင်းစုံ သံဃနာယက အဖွဲ့တို့က မေတ္တာ ရပ်ခံ တောင်းဆိုလိုက်ပါတယ်။ လက်ပံတန်းမှာ ကိုယ်တိုင် သတင်း ယူနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုစည်သူက တင်ပြပေးမှာပါ။

လက်ပံတန်းမြို့မှာ ထိုင်သပိတ် ဆင်နွဲနေတဲ့ ကျောင်းသားတွေနဲ့ သံဃာတော်တွေကို သပိတ်ရပ်နားပြီး နေရပ်ပြန်ကြဖို့ လက်ပံတန်းမြို့သံဃာ့နာယက အဖွဲ့က လာရောက်မေတ္တာရပ်ခံခဲ့တာပါ။ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်တွင်းဆွေးနွေးဖို့ အတွက် ပြင်ဆင်နေပြီဖြစ် တာကြောင့် ပေါ်ထွက်လာမယ့် ရလာဒ်တွေကို စောင့်ကြည့်ကြဖို့ မေတ္တာရပ်ခံချက် ကို လက်ပံတန်းမြို့ သံဃာ့ နာယကအဖွဲ့ဆရာတော်တပါး က ဖတ်ပြခဲ့ပါတယ်။

"ပည်သူအများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လောဟူသော စိတ်သောကများ မရှိစေရေးတို့ အတွက် ရန်ကုန်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းမှုမပြုပဲ မိမိတို့ရဲ့ မိဘရင်ခွင်သို့ ပြန်လည် ဝင်ရောက် ခိုလှုံပြီး ပေါ်ထွန်းလာမည့် ရလာဒ်ကောင်းများ အား စောင့်ကြည့်ကြသင့်ပါကြောင်း လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါသည်။"

သပိတ်နဲ့အတူ လိုက်ပါလာတဲ့ သံဃာတော်တွေအနေနဲ့လည်း မိမိတို့ သီတင်း သုံးရာကျောင်းတိုက်များဆီ ပြန်လည်ကြွရောက်ကြဖို့ လျှောက်ထားခဲ့ပါတယ်။

"အစိုးရ ဓမ္မာစရိယ၊ ပထမပြန် ပရိယတ္တိ စာမေးပွဲများကို ဖြေဆိုတော်မူကြမည့် စာဖြေသံဃာတော်များ အေးချမ်းစွာ ဖြေဆိုနိုင်ရေး (ဃ) ပြည်သူများ အကြား တည်ငြိမ်အေးချမ်းမှုပျက်ပြားမည်လောဟု စိုးရိမ်သောကများ မရှိစေရေးတို့အတွက် လက်ပံတန်းမြို့တွင် ကျောင်းသားအစုအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းမှု မပြုတော့ပဲ မိမိတို့သီတင်းသုံးရာ ကျောင်းများသို့ ပြန်လည်ကြွရောက်ပြီး သာသနာ့တာဝန် ထမ်းဆောင်ပြီး ဝိပဿနာ တရားတို့ကို ဆက်လက်ကြိူးစားအားထုတ်ကာ သာသနာ့ တာဝန်များကို ထမ်းဆောင်ပေးတော်မူကြပါရန် ရိုသေစွာ မေတ္တာ ရပ်ခံ လျှောက်ထားအပ်ပါသည်ဘုရား။"

လက်ပံတန်းမြို့နယ် ဂိုဏ်းပေါင်းစုံ သံဃာ့နာယက အဖွဲ့အနေနဲ့ သပိတ်ကျောင်းသားတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အစားအသောက်နဲ့ ရေ လှူဒါန်းဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ကတော့ ရန်ကုန်ကို လမ်းလျှောက် ချီတက်သွားမှာ မဟုတ်တဲ့ အကြောင်းနဲ့ ရန်ကုန်ရောက်တဲ့အခါ သပိတ်ရပ်နားဖို့စီစဉ် ထားကြောင်း ပြန်လည်လျှောက် ထားခဲ့ပါတယ်။

"တပည့်တော်တို့ ရန်ကုန်ပြန်ခြင်းသည် တပည့်တော်တို့က ချီတက်ခြင်းမဟုတ်ပါဘူး ဘုရား။ သာယာဝတီကနေ ရန်ကုန်ကို တပည်တော်တို့က သပိတ်ကို လှန်တာမဟုတ်ဘူးဆိုတဲ့အကြောင်း ရွှေတိဂုံဘုရားမှာရှိတဲ့ တပည့်တော်ကျောင်းသား အမျိုးသားကျောက်တိုင်ရှိပါတယ်ဘုရာ။ ကျောက်တိုင်မှာ သစ္စာပြုပြီး ဆယ်ငါးမိနစ်၊ ပြုပြီးတာနဲ့ တပည့်တော်တို့လည်း ပြောပါတယ်။ ကြိုက်သလောက် လုံခြုံရေး လိုက်ခဲ့ပါ။ တပည့်တော်တို့ တာဝန်လည်းယူပါတယ်။ တာဝန်လည်းခံပါတယ်။ တပည့်တော်တို့ ရန်ကုန်ပြန်ခြင်းသည် မိဘဆီပြန်ခြင်းဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့ ဒေသအသီးသီးက ရန်ကုန်က အများစုဖြစ်ပါတယ်။ ရန်ကုန်ကလူ ရန်ကုန်ကို မပြန်ရဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဘုရား။"

ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင် က ပြန်လည်လျှောက်ထားခဲ့တာပါ။

မနေ့က မတ်လ (၄) ရက်နေ့မှာ ထိုင်သပိတ်ရှိရာဆီ လာရောက်အားပေးခဲ့တဲ့ ဆန္ဒထုတ်ဖော်သူ (၁၁) ယောက်ကို စီတန်းလှည့်လည်ခွင့်ပုဒ်မ (၁၈) နဲ့ ဒီကနေ့မှာ အမှုဖွင့်ထားပြီးတော့ အဲဒီထဲက သုံးဦးကို ဖမ်းဆီးထားတယ်လို့ လက်ပံတန်းမြို့မ ရဲစခန်းက အတည်ပြု ပြောပါတယ်။ ထိုင်သပိတ်ဆင်နွဲနေတဲ့ ကျောင်းသားတွေနဲ့ အစိုးရ အာဏာပိုင်တွေရဲ့ ဆွေးနွေးမှုတွေလည်း ရပ်ဆိုင်းနေခဲ့တာ မနေ့ကနဲ့ ဒီနေ့ ၂ ရက်ရှိပါပြီ။ ကျောင်းသားတွေဖက်ကတော့ သပိတ်ရှိနေတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ဖို့ လမ်းဖွင့်ထားတယ် လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောထားပါတယ်။

XS
SM
MD
LG