သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းဆီးခံ ကျောင်းသားတွေ မိဘ နဲ့ တွေ့ခွင့်ရ


Participants from Newar community in traditional attire, dance during the Newari New Year parade, also called Diwali, in Kathmandu, Nepal.
Participants from Newar community in traditional attire, dance during the Newari New Year parade, also called Diwali, in Kathmandu, Nepal.

သာယာဝတီ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသားတွေထဲ က ကျောင်းသား (၅) ဦးဟာ အရိုက်အနှက်ခံထားရတဲ့ ဦးခေါင်းပိုင်းမှာ အတွင်းဒဏ်ရာ ရနေတယ်။ အတွင်းဒဏ်တွေဖြစ်နေတဲ့အတွက် သင့်တင့် တဲ့ဆေးဝါး ကုသမှု လိုအပ်နေပါတယ်။ ဒီကနေ့ ထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသားတွေ ရဲ့ မိဘတွေက ထောင်ဝင်စာ သွားတွေ့တဲ့ အချိန်မှာ ဖမ်းဆီးခံ ထားရသူ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က အခုလိုပြောပြခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းနိုင်ငံအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီမိုကရေစီ ပညာရေးကို တောင်းဆိုတဲ့ ကျောင်းသားသပိတ်ကို ဖြိုခွဲပြီးတော့ ရိုက်နှက် ဖမ်းဆီးခံရပြီး တဲ့နောက်မှာတော့ ပထမဦးဆုံး အကြိမ်အဖြစ် ကျောင်းသား နဲ့ အရပ်သားတွေထဲက (၉) ဦးကို မိသားစုနဲ့ ထောင်ဝင် စာတွေ့ခွင့်ပေးခဲ့ရာမှာ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းသွေးသစ်နဲ့ မဖြိုးဖြိုးအောင်တို့ ပါဝင်ပါတယ်။ ဒီအထဲမှာ ရိုက်နှက်ခံရတဲ့ ကျောင်းသား (၅) ဦးလောက်ဟာ ခေါင်းက ဒဏ်ရာတွေက မသက်သာဘဲ နာကျင်ကိုက်ခဲမှု မူးဝေမှုတွေ ရှိနေတဲ့အတွက် စိုးရိမ်ရကြောင်း အာမခံနဲ့ အပြင်မှာ ဆေးကုသခွင့်ရဖို့ လိုအပ်တယ်ကြောင်း ကိုမင်းသွေးသစ်က ပြောဆိုခဲ့တယ်ဆိုပြီး မိခင်ဖြစ်သူကိုပြောပြခဲ့ပါတယ်။

"အဲဒါအခု ထောင်ထဲမှာ လေးငါးယောက် ခေါင်းတွေထိထားတဲ့ ကလေးတွေကတော့ သူတို့ခေါင်းတွေ ကိုက်ကိုက်နေတယ်တဲ့။ အဲဒီကလေး လေးငါးယောက်လောက် ကတော့ သမီးရယ်။သူတို့တွေက စိတ်ပူရတာပေါ့။ သူတို့နည်းနည်း စိုးရိမ်ရတယ်။ သူတို့ဆီမှာ ဓါတ်မှန်ရိုက်ပေးတာတွေမရှိဘူး သမီးရဲ့။ အပေါ်ယံပဲပေါ့နော်။ အပေါ်ယံ ကုပေးတာပဲ။ အတွင်းမှာ ဘာဖြစ်နေလဲဆိုတာတော့ အပြင်ရောက်တော့မှပဲ သူတို့ကို ကုပေးလို့ ရမှာတဲ့ အမေတဲ့ အဲလိုပြောတယ်။ အဲ့ဒီ့ကလေးတွေကို အာမခံတွေ ဘာတွေနဲ့ ပြန်လွှတ်ပေးရင်ကောင်းမှာတဲ့။ သူတို့အပြင်မှာ ဆေးကုလို့ ရတာပေါ့တဲ့ အဲ့လိုပြောတယ်"

ကျောင်းသားခေါင်းဆောင် မဖြိုး ဖြိုးအောင်ကတော့ အေးအေးဆေး အဖမ်းခံတဲ့ အချိန်မှာ မဖမ်းဘဲ ရိုက်နှက်ဖမ်းဆီးခဲ့တဲ့အတွက် သူမအနေနဲ့ ရဲတွေကို တရားစွဲဆိုဖို့ ဆန္ဒရှိကြောင်း မဖြိုးဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူ ဦးနေဝင်းကဆိုပါတယ်။

"သူတို့ကနေပြီးတော့ ဒီကိစ္စကို ပေါ့ဗျာ မကျေနပ်ဘူးတဲ့။ မကျေနပ်ဘူးဆိုတာက ရဲတွေက ပထမ သူတို့ အဖမ်းခံမယ်ဆိုတုန်းက ရဲမှူး နန္ဒဝင်းက ဖမ်းလို့မရဘူး တဲ့။ အထက်က အမိန့်မရှိဘူးတဲ့။ နောက်တော့ သူတို့ကို ရိုက်ဖမ်းတယ်ပေါ့ဗျာ။ ရိုက်ဖမ်း ကိစ္စ အဲဒီကိစ္စ သူ့ကိုလည်း ရိုက်တယ် ဖမ်းတယ် တရားစွဲတယ်ဆိုတာ ဒါဟာ နှစ်ထပ် ကျူးလွန်တာဖြစ်တယ်တဲ့။ ရဲအဖွဲ့က နှစ်ထပ် ကျူးလွန်တာဖြစ်တဲ့အတွက် သူတို့ကနေပြီးတော့ ရဲတွေကို ပြန်တရားစွဲချင်တယ်တဲ့။ အဲဒီ့လိုပြောတယ်။ ဒါဟာ ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အားလုံး အတွက် ပြည်သူပြည်သား ကျောင်းသူကျောင်းသားတွေရော သူတို့မိဘတွေရော အားလုံးအတွက်ကို ကြိုးစားပြီး လုပ်တဲ့ ကိစ္စပဲ။

အစိုးရက သူတို့ရဲ့ ကတိကဝတ်တွေ ချိုးဖောက်ပြီးတော့ ရိုက်နှက်တယ် ဖမ်းဆီးတယ် နောက်တခါ ဖမ်းပြီး ထောင်ချဖို့ ကြိုးပမ်းတယ် ဆိုတဲ့ ကိစ္စက အင်မတန်ကို ရုပ်ဆိုးအကျည်းတန်လွန်းလှတယ်။ အဲဒါမျိုး အစိုးရအနေနဲ့ လုံးဝ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စ အဲဒါပြောတာ။ တကယ့်တကယ် အပြစ်ရှိတာက သမီးတို့လို ကျောင်းသူကျောင်းသားတွေမဟုတ်ဘဲ အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ ရဲတပ်ဖွဲ့ပဲဖြစ်တယ်။ အဲဒီတော့ တကယ့်တကယ် အပြစ်ရှိတဲ့သူတွေက အပြစ်မရှိတဲ့လူတွေကို ဖမ်းဆီးတယ် ရိုက်နှက်တယ် ထောင်ချတယ် ဆိုတာဟာ လုံးဝ မဖြစ်သင့်တဲ့ကိစ္စပဲ"

ကိုမင်းသွေးသစ်ကတော့ အပြင်ပိုင်းအရ ကျန်းမာရေး ကောင်းမွန်ပြီး ရိုက်နှက်ခံရတဲ့ ဒဏ်တွေကတော့ နာကျင်နေဆဲ ဖြစ်တယ်လို့ မိခင်ဖြစ်သူကိုပြောပြခဲ့တယ်လို့ ဆိုပါတယ်။

"အခုတော့ ကျန်းမာရေးကောင်းတယ်တဲ့။ ဟိုတုန်းက ရိုက်နှက်ထားတဲ့ ဒဏ်တွေနဲ့ နည်းနည်းတော့ နာသေးတာပေါ့သမီးရယ်။ ကုပေးတယ်လေ။ သူကတော့ ခံနိုင်ရည် ရှိပါတယ်တဲ့။ သူက ကွဲပြဲသွားတာ မရှိဘူးလေ။ ခေါင်းတွေကြိမ်း နံရိုးတွေနာပေါ့လေ။ အဓိကက ခေါင်းနဲ့ ကျောနဲ့ကို ချတာလေ။"

ဒါဟာ ကျောင်းသားတွေကို ဖမ်းဆီးခဲ့ပြီး ပထမဦးဆုံးအကြိမ်အဖြစ် (၁၀) ရက်အကြာမှာ မိသားစုတွေနဲ့ ထောင်ဝင်စာတွေ့ခွင့် ရခဲ့တာပါ။ ပြီးခဲ့တဲ့ရက်တွေ တုန်းကတော့ ကျောင်းသား (၃၀) ခန့်ကို အာဏာပိုင်တွေက ခံဝန်ကတိများ ထိုးပေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့ ကျောင်းသားတွေကိုတော့ ပုဒ်မ (၅) ခုနဲ့ တရားစွဲဆိုထားကြောင်း သိရှိရပြီး မိသားစုနဲ့ တွေ့ခဲ့ရတဲ့ကျောင်းသားတွေကတော့ သူတိုကို ဘာပုဒ်မနဲ့ တရားစွဲထားသလဲဆိုတာ မသိရှိသေးကြောင်း ပြောဆိုခဲ့ တယ်လု့ိ မိသားစုတွေကပြောပါတယ်။

XS
SM
MD
LG