သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ဖလော်ရီဒါ အထက်တန်းကျောင်း ပြန်ဖွင့်

Beverly Turner and Michele Brown huddle to pray in front of a fence decorated with wreaths as students and faculty arrive at Marjory Stoneman Douglas High School for the first time since the mass shooting in Parkland, Florida, Feb. 28, 2018.
Beverly Turner and Michele Brown huddle to pray in front of a fence decorated with wreaths as students and faculty arrive at Marjory Stoneman Douglas High School for the first time since the mass shooting in Parkland, Florida, Feb. 28, 2018.

အမေရိကန်သမိုင်းမှာ အစုလိုက်သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ဖြစ်စဉ်တွေထဲက လူအသေပျောက်အများဆုံးတခုဖြစ်တဲ့ ဖလော်ရီဒါက ကျောင်းတွင်းပစ်ခတ်မှုအတွင်း အသက်မသေ ကျန်ခဲ့တဲ့ ကျောင်းသားတွေဟာ ဗုဒ္ဓဟူးနေ့မှာ ကျောင်းပြန်တက်နေကြပါပြီ။

တချိန်ထဲမှာပဲ အမေရိကန်ကျောင်းတွေမှာ လုံခြုံမှုရှိအောင် စီမံဖို့ သဘောတူခဲ့ကြတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်အမတ်တွေကလည်း ကျောင်းသားလူငယ်တွေ အသက်မဆုံးရအောင် ကာကွယ်နိုင်ရေးအတွက် ဘယ်လို လုပ်ဆောင်မယ် ဆိုတာကို ဆက်ပြီးအခြေအတင် ငြင်းခုံဆွေးနွေး နေကြဆဲ ဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ် Parkland က Majory Stoneman Douglas အထက်တန်းကျောင်း မှာ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်က သေနတ်သမား တဦးရဲ့ လက်ချက်ကြောင့် လူပေါင်း ၁၇ ဦး သေဆုံးခဲ့ချိန်ကစပြီး ကျောင်းပိတ်ထားတာ ဖြစ်ပါတယ်။ အခုကျောင်းပြန်တက်လာ ကြတဲ့ ကျောင်းသူကျောင်းသားတွေကို လူအုပ်ကြီးက ပန်းတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။

ဒါပေမယ့် ကျောင်းသားတွေဟာ စစ်ရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ လုံခြုံရေးယူထားတဲ့ ရဲအရာရှိတွေ ကြားကနေ ကျောင်းတက်ကြရတာပါ။ ပစ်ခတ်မှု ဖြစ်ပွါးခဲ့တဲ ကျောင်းဆောင်ကတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ ကျောင်းတက်ချိန်ကစပြီး စတုတ္ထ စာသင်ချိန် ရောက်တဲ့အထိ စာသင်ကြားမှုတွေ မလုပ်ခဲ့ပါဘူး။ ပစ်ခတ်မှုဖြစ်ခဲ့ချိန်ကစပြီး ဆရာနဲ့ ကျောင်းသားတွေ ပထမဆုံ အကြိမ်ပြန်တွေ့ ကြရတာလဲ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေနဲ့ ပတ်သက်ပြီး ကာလကြာရှည် ငြင်းခုံနေမှုတွေဟာ တကျော့ပြန် ပေါ်လာခဲ့တာပါ။

သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဖလော်ရီဒါအထက်တန်းကျောင်း ပြန်ဖွင့်
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG