ခေတ်မှီနည်းပညာတွေကြောင့် ရေငုပ်သင်္ဘောငယ်ကို ပြန်လည်တွေ့ရှိနိုင်မယ်လို့ ကျွမ်းကျင်သူတွေကလည်း ယုံကြည်နေပါတယ်။
အမေရိကန်နဲ့ ကနေဒါ ကမ်းခြေစောင့်တပ်တွေလည်း ရှာဖွေမှုထဲ ပါဝင်နေပြီလို့ မီဒီယာတွေကဖော်ပြနေပါတယ်။ ပျောက်ဆုံးသူတွေထဲ ဗြိတိန်သန်းကြွယ်သူဋ္ဌေး Hamish Harding လည်းပါဝင်နေပါတယ်။ ဇွန်လ ၁၆ ရက်နေ့မှာ သူတို့ပင်လယ်ထဲကို စထွက်ခဲ့ပြီး ၁၉ ရက်နေ့မှာ ရေငုပ်ကြတယ်လို့ Hamish က လူမှုကွန်ယက်မှာတင်ထားပြီးနောက် ပျောက်ဆုံးနေတာပါ။
တိုင်တန်းနစ်လေ့လာရေးခရီးစဉ်မှာလိုက်ပါဖို့ တဦးကို ဒေါ်လာ နှစ်သိန်းခွဲ ကျသင့်ပြီး ပင်လယ်ထဲ မိုင် ၄၀၀ ခရီးကို သွားကြည့်ရမယ်လို့ OceanGate ကုမ္ပဏီက ကြေညာခဲ့တာပါ။