သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ နောက်တကြိမ် အပစ်ရပ်သဘောတူညီချက် စတင်အသက်ဝင်


People fleeing violence load their luggage onto a bus before departure from Khartoum on May 30, 2023. The war in Sudan has caused nearly 1.4 million people to flee their homes, including more than 350,000 who have crossed into neighboring countries.
People fleeing violence load their luggage onto a bus before departure from Khartoum on May 30, 2023. The war in Sudan has caused nearly 1.4 million people to flee their homes, including more than 350,000 who have crossed into neighboring countries.

ဆူဒန်နိုင်ငံ မြို့တော်ခါတွန်မှာ တနင်္ဂနွေနေ့ အစောပိုင်းက ပြိုင်ဘက်စစ်တပ်အုပ်စု နှစ်စုကြား နှစ်လကြာ ပဋိပက္ခတွေ ရပ်ဆိုင်းဖို့ ရည်ရွယ်တဲ့ (၇၂) နာရီကြာ အပစ်အခတ်ရပ်စဲရေးကို စတင်ခဲ့ပါတယ်။ ပစ်ခတ်မှုတွေ ငြိမ်သက်မသွားခင် စနေတညလုံး ခါတွန်မှာ တိုက်ပွဲတွေ၊ လေကြောင်း တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆူဒန်စစ်တပ်နဲ့ ခွဲထွက်သွားတဲ့ Rapid Support Forces (RSF) တပ်တွေကြား ဒေသစံတော်ချိန် နံနက် ၆ နာရီ မှာ စတင်တဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်း တိုက်ခိုက်တာတွေကို ရှောင်ကြဉ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ခွင့်ပြုဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီအချိန်တိုအတွင်းမှာလည်း နှစ်ဘက်လုံးက စစ်ရေးအရ အသာစီးရယူဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။ အခုနောက်ဆုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆော်ဒီနဲ့ အမေရိကန်နိုင်ငံတွေပဲ ကြားဝင်ဖျန်ဖြေပေးခဲ့ကြတာပါ။

ဆူဒန်စစ်တပ် နှစ်ဘက်အကြား အာဏာလွန်ဆွဲပွဲမှာ မြို့တော်ကို သိမ်းပိုက်နိုင်ရေး အပြန်အလှန် တိုက်ခိုက်နေကြတာကြောင့် ခါတွန်ဟာ စစ်ပွဲဇုန်အဖြစ်ကို ပြောင်းလဲခဲ့ပါတယ်။ နောက်ဆက်တွဲ အခြားဒေသတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်လာပြီး၊ ဆူဒန်အနောက်ပိုင်း ဒါဖာမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာပါတယ်။ နိုင်းမြစ်တလျှောက်ရှိနေတဲ့ ခါတွန်နဲ့ နီးကပ်နေတဲ့ အချက်အခြာကျတဲ့ Khartoum နဲ့ Omdurman မြို့နှစ်မြို့ မှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေပါရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆော်ဒီနဲ့ အမေရိကန်တို့ ကြားဝင်စေ့စပ်မှုနဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို ဆော်ဒီနိုင်ငံ Jeddah (ဂျက်ဒါ) မြို့မှာ ပြုလုပ်တုန်းက တိုက်ပွဲတွေရပ်တန့်သွားတဲ့အတွက် လူသားချင်းစာနာမှုအကူအညီတချို့ အရပ်သားတွေဆီကို ပို့ဆောင်ခွင့်ရခဲ့ပေမယ့် ကွဲနေတဲ့ ဆော်ဒီစစ်တပ် နှစ်ဖက်လုံးက သဘောတူညီချက်တွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG