သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်ပဋိပက္ခ- လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံး


Sudan
Sudan

ဆူဒန်နိုင်ငံ Omdurmam မြို့က အရပ်သားတွေနေတဲ့နေရာကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂ ဒါဇင်လောက် သေဆုံးခဲ့ပြီး၊ ဆူဒန်ပဋိပက္ခဟာ ဒေသတခုလုံးကို မတည်မငြိမ်ဖြစ်လာနိုင်တဲ့ ပြည်တွင်းစစ်ကြီးတခု ဖြစ်လာလုဆဲဆဲ အခြေအနေကို ရောက်နေပြီ လို့ ကုလသမဂ္ဂ ဒီနေ့ သတိပေးလိုက်ပါတယ်။

မြို့တော်ခါတွန်နဲ့ ကပ်နေတဲ့ Omdurman မြို့မှာ မနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၂ ယောက် သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေဖြစ်တယ်လို့ ဆူဒန်ကျန်းမာရေးဌာနက ပြောပါတယ်။ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ပြတ်တောက်ပြီး မြေကြီးပေါ်မှာ ပြန့်ကျဲနေတာတွေကို ဆူဒန်ကျန်းမာရေးဌာနက တင်ထားတဲ့ လူမှုကွန်ရက်ဗီဒီယိုတခုမှာတွေ့ရပြီး အဲဒီထဲမှာ အမျိုးသမီးတွေ အများအပြားပါဝင်ပါတယ်။

ဆူဒန်စစ်တပ် နဲ့ ပြည်သူ့စစ်တွေကြာင့် တိုက်ပွဲတွေ ဖြစ်နေတာ ၃ လ လောက်ရှိသွားပြီဖြစ်ပြီး၊ ဒီလေကြောင်းတိုက်ခိုက်မှုကတော့ အခုနောက်ဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။ RSF ပြည်သူ့စစ်အဖွဲ့ဘက်ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ၃၁ ယောက် သေဆုံးတယ်လို့ ပြောပါတယ်။ ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ Omdurman မြို့ကို လေကြောင်းကနေ တိုက်ခိုက်တာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ သူရဲ့ ပြောခွင့်ရ Faran Haq က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

XS
SM
MD
LG