သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဆူဒန်တွင်း ကုလဝန်ထမ်းများ ထွက်ခွာ


တောင်ဆူဒန်အရေး ဆွေးနွေး။
တောင်ဆူဒန်အရေး ဆွေးနွေး။
ပဋိပက္ခတွေဖြစ်နေတဲ့ အာဖရိကဒေသ တောင်ဆူဒန်နိုင်ငံမှာ အမေရိကန်က သူ့ရဲ့ ဝန်ထမ်းတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေသလို၊ လူတွေ သေကြေနေရတဲ့ သီတင်းပတ်နဲ့ချီ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။ တောင်ဆူဒန် အစိုးရဘက်က ကိုယ်စားလှယ်တွေ နဲ့ အစိုးရကို ဖြုတ်ချဖို့ကြိုးစားတဲ့ သူပုန်အဖွဲ့တွေဘက်က ကိုယ်စားလှယ်တွေဟာ ဒေသတွင်း စေ့စပ်ညှိနှိုင်းသူတွေနဲ့အတူ အီသီယိုးပီးယားနိုင်ငံ မြို့တော်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနေကြ တာဖြစ်ပါတယ်။

အရှေ့အာဖရိက ဒေသတွင်းနိုင်ငံများအဖွဲ့ IGAD က စေ့စပ် ညှိနှိုင်းရေးမှူးတွေကတော့ ဆူဒန်မှာ အပစ်အခတ် ရပ်စဲပြီး ပြည်တွင်းစစ် အဆုံးသတ်နိုင်အောင် ကြားဝင် စေ့စပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြ ပါတယ်။ တောင်ဆူဒန် သမ္မတ Salva Kiir နဲ့ ဒုသမ္မတဟောင်း Riek Machar တို့ရဲ့ တပ်ဖွဲ့တွေကြားက တိုက်ခိုက်မှုတွင်း လူပေါင်း ၁ ထောင်ကျော် သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဆွေးနွေးပွဲ စတင်နေချိန်မှာကိုပဲ တိုက်ခိုက်မှုတွေက ဆက်လက်ဖြစ်ပွားနေတာပါ။ အစိုးရတပ်ဖွဲ့တွေဟာ ဂျူဘားမြို့ကနေ ၁၂၄ မိုင်အကွာ၊ သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ Jonglei ပြည်နယ် မြို့တော် Bor ကို သိမ်းယူဖို့ ကြိုးစားနေကြပေမဲ့၊ သူပုန်အဖွဲ့တွေကလည်း သူတို့အနေနဲ့ Bor ကနေ ဂျူးဘားကို သိမ်းယူဖို့ ပြင်ဆင်ထားတဲ့ အကြောင်း ပြောပါတယ်။ သောကြာနေ့ တုန်း ကတော့ ဂျူဘားမြို့မှာရှိတဲ့ အမေရိကန်သံရုံးက လုံခြုံရေးအခြေအနေ ပိုဆိုးလာနေတာကြောင့် သူ့ရဲ့ ဝန်ထမ်းတွေကို ဘေးလွတ် ရာ ရွှေ့ပြောင်းနေထိုင်ကြဖို့ အမိန့်ထုတ်ထားပါတယ်။
XS
SM
MD
LG