သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ကနဦး ဆန္ဒမဲ ရလဒ်တွေအရ တောင်ပိုင်းဆူဒန် သီးခြားနိုင်ငံအဖြစ် ခွဲထွက်လို
နောက်ဆုံးရသတင်း

ကနဦး ဆန္ဒမဲ ရလဒ်တွေအရ တောင်ပိုင်းဆူဒန် သီးခြားနိုင်ငံအဖြစ် ခွဲထွက်လို


ကနဦး ဆန္ဒမဲ ရလဒ်တွေအရ တောင်ပိုင်းဆူဒန် သီးခြားနိုင်ငံအဖြစ် ခွဲထွက်လို
ကနဦး ဆန္ဒမဲ ရလဒ်တွေအရ တောင်ပိုင်းဆူဒန် သီးခြားနိုင်ငံအဖြစ် ခွဲထွက်လို

ဆူဒန်နိုင်ငံ တောင်ပိုင်းကို မြောက်ပိုင်းကနေ ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုအဖြစ်နဲ့ ရပ်တည်ဖို့အတွက် ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲ ကနဦး မဲရလဒ်တွေ ထွက်ပေါ်လာနေတာနဲ့ အမျှ တိုင်းပြည်ရဲ့ ရှည်လျားလှတဲ့ ပြည်တွင်းစစ်ပွဲ အတွင်းမှာ ပါဝင်ခဲ့တဲ့ မြောက်ပိုင်းက တိုက်ခိုက်ရေး သမားတွေကို ခွင့်လွှတ်ကြဖို့ ဆူဒန်တောင်ပိုင်း သမ္မတ ဆယ်လ်ဗာ ကီး (Salva Kiir) က သူ့ရဲ့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

အစောပိုင်းဝင်လာတဲ့ ရလဒ်တွေမှာတော့ ခရစ်ယာန်နဲ့ နတ်ကိုးကွယ်တဲ့ ဆူဒန် တောင်ပိုင်းကို မွတ်စလင် အများစု နေထိုင်တဲ့ မြောက်ပိုင်းကနေ ခွဲထွက်ဖို့ ထောက်ခံမဲတွေ အခိုင်အမာ ရရှိထားပါတယ်။ ဒါပေမဲ့ နောက်ဆုံး မဲရလဒ်တွေကတော့ ရှေ့လ အစောပိုင်းအထိ ထွက်ပေါ်လာဦးမှာ မဟုတ်ပါဘူး။

တကယ်လို့သာ ဆူဒန် တောင်ပိုင်းသားတွေက လွတ်လပ်ရေးကို အတည်ပြုခဲ့မယ်ဆိုရင် ဆူဒန်တောင်ပိုင်းဟာ လာမယ့် ဇူလိုင်လကျရင် သီးခြားလွတ်လပ်တဲ့ နိုင်ငံသစ်တခု အနေနဲ့ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့ ဆန္ဒခံယူပွဲတွေ စတင်ပြုလုပ်ပြီးကတည်းက သမ္မတ မစ္စတာကီးဟာ တောင်ပိုင်းမြို့တော် ဂျူးဘားမှာရှိတဲ့ ကက်သလစ် ဘုရားကျောင်းကနေ တနင်္ဂနွေနေ့မှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ ဆူဒန်တောင်ပိုင်းကို ငြိမ်းချမ်းစွာ မဲပေးခဲ့ကြတဲ့အတွက် ချီးကျူးဂုဏ်ပြုလိုက်ပြီး ဒါဟာ တကမ္ဘာလုံးအတွက် အားကျ အတုယူစရာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

XS
SM
MD
LG