သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွေကြောင့် ဆူဒန်မှာ သေဆုံးသူ ၅၀ ကျော်


Sudan
Sudan

ဆူဒန်နိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ အင်အားကြီးတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ၊ အဲဒီတိုက်ပွဲတွေအတွင်း သေဆုံးသူအရေအတွက်ဟာ ၅၆ ယောက်ရှိသွားခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၅၉၅ ယောက်ထက်မနည်း ရှိတယ်လို့ ဆရာဝန်များအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။ တိုက်ပွဲတွေက မြို့တော် Khartoum အပါအဝင် တခြားနေရာတွေ အတော်များများမှာ ဖြစ်နေပြီး၊ အဲဒီတိုက်ပွဲတွေကြောင့် ဆူဒန်နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မျှော်လင့်ချက်ကို ထိခိုက်စေပြီး၊ ပဋိပက္ခတွေ ပိုပြီးကျယ်ပြန့်လာမှာကို စိုးရိမ်နေကြပါတယ်။

ဆူဒန်အာဏာသိမ်းစစ်တပ်နဲ့ Rapid Support Forces ပြည်သူ့စစ်အဖွဲ့ကြားမှာ တင်းမာမှုတွေ လအတန်အကြာ ဖြစ်လာခဲ့ပြီးတဲ့နောက် အခုလို တိုက်ပွဲတွေ အပြင်းအထန် ဖြစ်လာခဲ့တာပါ။ Khartoum မြို့မှာဆိုရင်လည်း၊ လူနေထူထပ်တဲ့ နေရာတွေမှာ စစ်ကားတွေပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူတွေ ထိတ်လန့်ပြီးတော့ ဝရုန်းသုန်းကား ဖြစ်နေကြပြီး မီးလောင်တာတွေနဲ့ ပေါက်ကွဲမှုတွေကလည်း နေရာတိုင်းမှာ ဖြစ်နေတယ်လို့ Omdurman ဆေးရုံက ဆရာဝန် Amal Mohamed က ပြောပါတယ်။

ဆူဒန်စစ်တပ်ကတော့ သူတို့အနေနဲ့ RSF ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ လုပ်မှာမဟုတ်ဘူးလို့ ကြေညာချက်ထုတ်ပြန်လိုက်ပြီး၊ သူပုန်ပြည်သူ့စစ်အဖွဲ့လို့ ခေါ်လိုက်ပါတယ်။ RSF ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ကလည်း ဆူဒန်စစ်ခေါင်းဆောင်ကို ရာဇဝတ်ကောင်လို့ ပြန်တုံ့ပြန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ ကုလအတွင်းရေးမှူးချုပ်၊ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ၊ အာရပ်နိုင်ငံများအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ အာဖရိကသမဂ္ဂကော်မရှင် အကြီးအကဲတွေကလည်း နှစ်ဘက်စလုံးကို အပစ်ရပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

==== Unicode =====





XS
SM
MD
LG