သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်အရေး ဆွေးနွေးဖို့ ၂ ဖက် ကိုယ်စားလှယ်တွေ ဆော်ဒီရောက်ရှိ


Smoke billows in Khartoum amid ongoing fighting between the forces of two rival generals in Sudan on May 6, 2023.
Smoke billows in Khartoum amid ongoing fighting between the forces of two rival generals in Sudan on May 6, 2023.

ဆူဒန်နိုင်ငံက လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ရန်ဖက်အဖွဲ့အစည်း ၂ ခုက ကိုယ်စားလှယ်တွေ ဆွေးနွေးညှိနှိုင်းဖို့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ရောက်နေကြပါပြီ။ Jeddah မြို့က ဆွေးနွေးပွဲမှာတော့ ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ Khartoum မြို့တော်နဲ့ Omdurman မြို့တွေမှာ လူသားချင်းစာနာမှုနဲ့ လမ်းကြောင်းဖွင့်ပေးနိုင်ရေး အဓိကဆွေးနွေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဗိုလ်ချုပ်ကြီး Abdel-Fattah Burhan ဦးဆောင်တဲ့ ဆူဒန်စစ်တပ်နဲ့ ဗိုလ်ချုပ်ကြီး Mohammed Hamdan Dagalo ဦးဆောင်တဲ့ RSF ပြည်သူ့စစ် တပ်ဖွဲ့တွေကြား ဧပြီလ ၁၅ ရက်နေ့မှာ တိုက်ခိုက်မှုတွေ စဖြစ်ခဲ့ပြီးနောက် ဒါဟာ ပထမဆုံးအကြိမ် တွေ့ဆုံကြမှာပါ။ တိုက်ပွဲတွေကြောင့် ဆူဒန်နိုင်ငံမှာ လူပေါင်း ရာချီသေဆုံး၊ ထောင်နဲ့ချီ နေရပ်စွန့်ခွာခဲ့ကြရပြီး တိုင်းပြည်ပြိုကွဲမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ ရခဲ့ပေမဲ့ လိုက်နာမှု မရှိခဲ့ကြပါဘူး။ တိုက်ပွဲတွေကြောင့် ပြည်တွင်းမှာ ဒုက္ခသည်ဖြစ်ကြရသူ ၃၃၄,၀၀၀ ထက်မနည်း ရှိခဲ့ပြီး၊ ပြည်ပကို ထွက်ခွာသွားတဲ့သူ ၁ သိန်းလောက် ရှိတယ်လို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ တိုက်ပွဲတွေကြောင့် လူ ၈ သိန်းလောက် ဆူဒန်ကနေ ထွက်ပြေးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပဋိပက္ခအတွင်း အကူအညီပေးရေး ဝန်ထမ်းအများအပြား သတ်ဖြတ်ခံရတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေပြီး၊ တိုက်ပွဲတွေကြောင့် အကူအညီပေးရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားရတာ၊ လျှော့ချထားရတာတွေလည်း ရှိပါတယ်။ အကူအညီပေးရေး လုပ်ငန်းတွေမှာ လုယက်မှုတွေကြောင့်လည်း အခက်အခဲတွေ ကြုံနေရတာပါ။ ဆူဒန်နိုင်ငံတဝှမ်း ကုန်လှောင်ရုံတွေက ဒေါ်လာ ၁၃ သန်းကနေ ၁၄ သန်းလောက်အထိ တန်ဘိုးရှိတဲ့ စားနပ်ရိက္ခာ တန်ချိန် ၁၇,၀၀၀ နီးပါးဟာလည်း ခိုးယူခံခဲ့ရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကပြောဆိုထားပါတယ်။

XS
SM
MD
LG