သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်ခေါင်းဆောင်တွေကို ကုလသမဂ္ဂ ချီးကျူး


ဆူဒန်ခေါင်းဆောင်တွေကို ကုလသမဂ္ဂ ချီးကျူး
ဆူဒန်ခေါင်းဆောင်တွေကို ကုလသမဂ္ဂ ချီးကျူး

ဆူဒန်နိုင်ငံ တောင်ပိုင်း လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲမှာ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာဖို့ သဘောတူခဲ့ကြတဲ့ ဆူဒန်တောင်ပိုင်းနဲ့ မြောက်ပိုင်းက ခေါင်းဆောင်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချီးမွမ်း ပြောဆိုလိုက်ပါတယ်။

လူထု ဆန္ဒခံယူပွဲဟာ တနင်္ဂနွေနေ့က စတင်ခဲ့တာဖြစ်ပြီး အနည်းဆုံး တပတ်ကြာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အနာဂတ်မှာ အဘ်ယီးရ် ဒေသအတွင်း လောင်စာဆီ ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ သဘောတူချက်တွေ လျော့ပါးနေတာနဲ့ ပတ်သက်လို့တော့ အကြီးအကျယ် စိုးရိမ်ပူပန်ရပါကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒီ အဘ်ယီးရ်ဒေသမှာ သီးခြား မဲဆန္ဒနယ် ကောက်ယူဖို့အတွက် နှစ်ဘက်ခေါင်းဆောင်တွေ သဘောကွဲလွဲခဲ့ကြပေမဲ့ ဘယ်သူတွေ မဲပေးခွင့်ရှိသလဲ ဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိခဲ့တာကြောင့် အဲဒီဒေသမှာ ဆန္ဒခံယူပွဲ မလုပ်ဖြစ်ခဲ့ပါဘူး။

လွတ်လပ်တဲ့ လူထုဆန္ဒခံယူပွဲ ရလဒ်က ဘာပဲဖြစ်ဖြစ် ဒီအငြင်းပွားမှုကြောင့် ဆူဒန်နိုင်ငံ အတွင်းမှာ ပြည်တွင်းစစ်ဆီ ပြန်လည် ဦးတည်နိုင်တယ်ဆိုပြီး စိုးရိမ်ထိတ်လန့်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

XS
SM
MD
LG