သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆူဒန္အာဏာသိမ္းေခါင္းေဆာင္ သူ႔ကိုယ္သူ ၾကားျဖတ္အစိုးရ အႀကီးအကဲ ခန္႔


အာဏာသိမ္းေခါင္းေဆာင္ ဆူဒန္ ဗိုလ္ခ်ဳပ္ႀကီး Abdel-Fattah Burhan (ေအာက္တိုဘာ ၂၆၊ ၂၀၂၁)

ဆူဒန္ႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က ဖဲြ႕စည္းထားတဲ့ ယာယီအစိုးရရဲ႕ အႀကီးအကဲအျဖစ္ အာဏာသိမ္း စစ္ေခါင္းေဆာင္က သူ႔ဖာသာ ခန္႔အပ္လိုက္ပါတယ္။ အာဏာသိမ္းၿပီး သီတင္း ၂ ပတ္အၾကာမွာပဲ ဗိုလ္ခ်ဳပ္ႀကီး Abdel-Fattah Burhan ယာယီအစိုးရ အႀကီးအကဲ တာ၀န္ယူမယ့္အေၾကာင္း ဆူဒန္႐ုပ္ျမင္သံၾကားက ၾကာသပေတးေန႔မွာ ေၾကညာလိုက္တာပါ။

အရပ္ဖက္ကို အာဏာလႊဲေပးမယ့္အေၾကာင္း ဆူဒန္စစ္တပ္က အႀကိမ္ႀကိမ္ ကတိျပဳထားေပမဲ့လည္း အာဏာသိမ္း စစ္ေခါင္းေဆာင္က အာဏာခ်ဳပ္ကိုင္လိုက္တာ ျဖစ္ပါတယ္။ ေအာက္တိုဘာ ၂၅ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဆူဒန္ႏိုင္ငံမွာ အစိုးရအရာရွိေတြနဲ႔ ႏိ္ုင္ငံေရးေခါင္းေဆာင္ ၁၀၀ ေက်ာ္အျပင္ အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပသူေတြနဲ႔ တက္ႂကြလႈပ္ရွားသူ အမ်ားအျပားကိုလည္း ဖမ္းဆီးထားတာပါ။

လုံျခံဳေရးတပ္ဖဲြ႕ေတြရဲ႕ ႏွိမ္နင္းမႈေၾကာင့္ အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပသူ အနည္းဆုံး ၁၄ ေယာက္ ေသဆုံးေၾကာင္းလည္း ဆူဒန္ဆရာ၀န္မ်ားအဖဲြ႕နဲ႔ ကုလသမဂၢက ေျပာပါတယ္။ ဆူဒန္ႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့အေပၚ ကုလသမဂၢ၊ အေမရိကန္နဲ႔ ဥေရာပသမဂၢ (EU) အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ျပစ္တင္ရႈတ္ခ်ထားၿပီး၊ စစ္ဖက္၊ အရပ္ဖက္ ပါ၀င္တဲ့ အသြင္ကူးေျပာင္းေရး အစိုးရထံ အာဏာလဲႊေျပာင္းေပးဖို႔လည္း ေတာင္းဆိုထားၾကတာပါ။

ႏိုင္ငံေရး အက်ပ္အတည္းေတြကို ႏိုင္ငံတကာ အသိုင္းအ၀န္းက ၾကား၀င္ေစ့စပ္ေပးဖို႔ ႀကိဳးပမ္းေနရာမွာ ဆူဒန္ႏိုင္ငံဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Volker Perthes ဟာလည္း အဂၤါေန႔တုန္းက အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး Burhan နဲ႔ ေတြ႕ဆုံခဲ့ေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးက ေျပာဆိုထားပါတယ္။ ေဆြးေႏြးမႈအတြင္း အသြင္ကူးေျပာင္းေရး အစိုးရကို အာဏာလဲႊေပးဖို႔၊ စစ္တပ္ ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ဖို႔၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြ အပါအ၀င္ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးၿပီး တင္းမာမႈေတြ ေလွ်ာ့ခ်ဖို႔လည္း တိုက္တြန္းခဲ့ေၾကာင္း ကုလသမဂၢေျပာခြင့္ရက ဗုဒၶဟူးေန႔ကပဲ ေျပာဆိုထားပါတယ္။

==============

တိုက္႐ိုက္ လင့္ခ္

ဆူဒန်အာဏာသိမ်းခေါင်းဆောင် သူ့ကိုယ်သူ ကြားဖြတ်အစိုးရ အကြီးအကဲ ခန့်

ဆူဒန်နိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က ဖွဲ့စည်းထားတဲ့ ယာယီအစိုးရရဲ့ အကြီးအကဲအဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင်က သူ့ဖာသာ ခန့်အပ်လိုက်ပါတယ်။ အာဏာသိမ်းပြီး သီတင်း ၂ ပတ်အကြာမှာပဲ ဗိုလ်ချုပ်ကြီး Abdel-Fattah Burhan ယာယီအစိုးရ အကြီးအကဲ တာဝန်ယူမယ့်အကြောင်း ဆူဒန်ရုပ်မြင်သံကြားက ကြာသပတေးနေ့မှာ ကြေညာလိုက်တာပါ။

အရပ်ဖက်ကို အာဏာလွှဲပေးမယ့်အကြောင်း ဆူဒန်စစ်တပ်က အကြိမ်ကြိမ် ကတိပြုထားပေမဲ့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က အာဏာချုပ်ကိုင်လိုက်တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆူဒန်နိုင်ငံမှာ အစိုးရအရာရှိတွေနဲ့ နိုင်ငံရေးခေါင်းဆောင် ၁၀၀ ကျော်အပြင် အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ တက်ကြွလှုပ်ရှားသူ အများအပြားကိုလည်း ဖမ်းဆီးထားတာပါ။

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုကြောင့် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူ အနည်းဆုံး ၁၄ ယောက် သေဆုံးကြောင်းလည်း ဆူဒန်ဆရာဝန်များအဖွဲ့နဲ့ ကုလသမဂ္ဂက ပြောပါတယ်။ ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ပြစ်တင်ရှုတ်ချထားပြီး၊ စစ်ဖက်၊ အရပ်ဖက် ပါဝင်တဲ့ အသွင်ကူးပြောင်းရေး အစိုးရထံ အာဏာလွဲှပြောင်းပေးဖို့လည်း တောင်းဆိုထားကြတာပါ။

နိုင်ငံရေး အကျပ်အတည်းတွေကို နိုင်ငံတကာ အသိုင်းအဝန်းက ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းနေရာမှာ ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Volker Perthes ဟာလည်း အင်္ဂါနေ့တုန်းက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Burhan နဲ့ တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုထားပါတယ်။ ဆွေးနွေးမှုအတွင်း အသွင်ကူးပြောင်းရေး အစိုးရကို အာဏာလွဲှပေးဖို့၊ စစ်တပ် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့၊ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးပြီး တင်းမာမှုတွေ လျှော့ချဖို့လည်း တိုက်တွန်းခဲ့ကြောင်း ကုလသမဂ္ဂပြောခွင့်ရက ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG