သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BAE စစ်လက်နက် ကုမ္ပဏီ စေ ျးနှုန်းမြှင့်မှု တရားစွဲခံရ


BAE စစ်လက်နက်ကုမ္ပဏီ။ (စက်တင်ဘာ ၇၊ ၂၀၁၂)
BAE စစ်လက်နက်ကုမ္ပဏီ။ (စက်တင်ဘာ ၇၊ ၂၀၁၂)

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ BAE Systems Plc ရဲ့ ကုမ္ပဏီခွဲတခုကို အမေရိကန်အစိုးရက တရားစွဲထားပါတယ်။ စစ်ဘက်သုံးယာဉ် နှစ်သိန်း တည်ဆောက်ဖို့ အမေရိကန်ကြည်းတပ်နဲ့ချုပ်ဆိုတဲ့ ကန်ထရိုက် စာချုပ်တခုမှာ ဈေးနှုန်းပိုတင်ထားတာ ကြောင့်ဖြစ်တယ်လို့ အမေရိကန် တရားရေးဌာနက သောကြာနေ့မှာပြောပါတယ်။

မီရှီဂန်ပြည်နယ်၊ Warren မြို့မှာအခြေစိုက်တဲ့ ကြည်းတပ်က လုပ်ငန်းအပ်မယ့် သူတွေနဲ့ ကန်ထရိုက်စာချုပ်ကိစ္စ ပြောဆိုဆွေးနွေး ကြချိန်အတွင်း BAE Systems Tactical Vehicle Stystem LP ကုမ္ပဏီဟာ အပိုပစ္စည်းတွေနဲ့ စက်ပစ္စည်း ကိရိယာတွေရဲ့ဈေးကို ပိုတင်ပြီးပြောခဲ့တယ်လို့ တရားရေးဌာနက စွပ်စွဲပါတယ်။

လန်ဒန်အခြေစိုက် BAE Systems ရဲ့ကုမ္ပဏီခွဲ BAE Systems Inc ကတော့ တရားစွဲဖို့ အရင်းခံအကြောင်းရင်း သူတို့မတွေ့ဘူး လို့ ထုတ်ပြန်ချက် တခုမှာ ပြောပါတယ်။

အပိုပစ္စည်းအစိတ်အပိုင်း ၄၀ အတွက် ပိုသက်သာတဲ့ဈေးကို ဖွက်ထားတာအပါအဝင် BAE ကုမ္ပဏီဟာ မတိကျတဲ့တန်ဖိုးကို သိသိကြီးနဲ့ တင်သွင်းခဲ့တာကြောင့် လိမ်ညာ၍ အဆိုတင်သွင်းမှုဆိုင်ရာ ဥပဒေကို ၂၀၀၈ ခုနှစ်မှာ ချိုးဖောက်ခဲ့တယ်လို့ အစိုးရ ရှေ့နေတွေကပြောပါတယ်။

BAE ကုမ္ပဏီကသာ ပိုသက်သာတဲ့ဈေးနှုန်းကို တင်သွင်းခဲ့ရင် ကန်ထရိုက်တခုလုံးအတွက် ကုန်ကျ စရိတ်ဟာ ဒေါ်လာ သန်း ၂၀ ကျော် သက်သာသွားမယ်လို့ တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG