သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်အမေရိကတိုက်တဝန်း နေကြတ်မှုဖြစ်စဉ်


SOLAR-ECLIPSE/USA
SOLAR-ECLIPSE/USA

မြောက်အမေရိကတိုက်မှာ ဧပြီလ ၈ ရက် တနင်္လာနေ့က နေကြတ်သွားတာကို လူပေါင်းသန်းနဲ့ချီတို့ တွေ့မြင်ခဲ့ရပါတယ်။ မက္ကဆီကို၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုတို့မှာ နေလမ်းကြောင်းတည့်တည့်ပေါ်ကျတဲ့ ပြည်နယ်တွေကတော့ နေအပြည့်ကြတ်တာကိုမြင်တွေ့ခဲ့ရပါတယ်။ မြောက်အမေရိကတိုက်တွင်းနေထိုင်သူအားလုံးနီးပါး နေအပြည့်ကြတ်တာ၊ ဒါမှမဟုတ် တစိတ်တပိုင်းနေကြတ်တာကိုတော့ တွေ့မြင်ခဲ့ကြရတာပါ။

တချို့လူတွေကတော့ နေအပြည့်ကြတ်တာကိုမြင်ရတဲ့ ပြည်နယ်တွေဆီ ခရီးထွက်ကြပါတယ်။ ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းပေါ်က မက္ကဆီကိုနဲ့ တက္ကဆတ်ပြည်နယ်အပြင် အမေရိကန်ပြည်နယ် ၁၄ ခုတို့မှာ နေကြတ်တာကိုတွေ့မြင်ခဲ့ကြရပါတယ်။ နေမင်းကြီး ရှေ့ကနေ လကမ္ဘာ ဖြတ်သွားတဲ့ ၄ မိနစ်ခွဲလောက် အမှောင်ကျသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၇ နှစ်က နေကြတ်ခဲ့တဲ့အချိန်ထက် ၂ ဆပိုကြာတာဖြစ်ပါတယ်။
အဲဒီတုန်းကတော့ လမင်းက ကမ္ဘာမြေနဲ့ ပိုပြီးနီးနေတာကြောင့်နေကြတ်ချိန်တိုတာပါ။

ခုလို နေအပြည့်ကြတ်တာမျိုးကို ထပ်ကြုံရဖို့ နောက်ထပ် ၂၁ တော့ စောင့်ရဦးမှာဖြစ်ပါတယ်။ တနင်္လာနေ့က နေပတ်လမ်းကြောင်းတလျှောက် အကျယ်အဝန်းက ခန့်မှန်းခြေ ၁၁၅ မိုင်လောက်ရှိပြီး Dallas၊ Indianapolis၊ Cleveland၊ Buffalo၊ New York နဲ့ Montreal လိုမြို့ကြီးတွေမှာ နေအပြည့်ကြတ်တာကို တွေ့မြင်ခဲ့ရတာပါ။ နေလမ်းကြောင်းတလျှောက် ခန့်မှန်းခြေလူ ၄၄ သန်းလောက် နေထိုင်ကြပြီး နေလမ်းကြောင်းနဲ့ မိုင် ၂ ရာအကွာမှာနေထိုင်တဲ့လူက သန်း၁ ရာကျော်ထိရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG