စေနေန႔က ကစားတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္အမွတ္ ၉ ေဘာလံုးပြဲေတြမွာ လက္ရွိ အမွတ္ေပးဇယား အဆင့္ ၁ က ၅ ထဲမွာ ရွိေနၾကတဲ့ မန္စီးတီး၊ လက္စတာစီးတီးနဲ႔ ခ်ယ္လ္ဆီးတို႔ အႏုိ္င္ရၾကပါတယ္။
မန္စီးတီးက အေဝးကြင္းမွာ ခရစၥတယ္လ္ ပဲေလ့စ္ကို ၂ ဂိုးျပတ္၊ ခ်ယ္လ္ဆီးက အိမ္ကြင္းမွာ နယူးကက္ဆယ္လ္ကို ၁ ဂိုး ဂိုးမရွိ၊ လက္စတာစီးတီးက အိမ္ကြင္းမွာ ဘန္ေလကို ၂ ဂိုး ၁ ဂိုးနဲ႔ အသီးသီး အႏုိင္ရၾကတာပါ။
တျခားပြဲေတြမွာေတာ့ အဲဗာတန္က ဝက္စ္ဟမ္းကို ၂ ဂိုး ဂိုးမရွိ၊ အက္စ္တြန္ဗီလာက ဘ႐ိုက္တန္ကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏို္င္ရၾကၿပီး ေတာ္တင္ဟမ္နဲ႔ ဝတ္ဖို႔ဒ္၊ ဝုဗ္နဲ႔ ေဆာက္သမ္တန္တို႔ တဖက္ ၁ ဂိုးစီနဲ႔ အသီးသီး သေရက်ပါတယ္။ ဘုန္းေမာက္နဲ႔ ေနာဝစ္ခ်္စီးတီးပြဲကေတာ့ ဂိုးမရွိသေရက်ပါတယ္။
လက္ရွိ အမွတ္ေပးဇယား ထိပ္ဆံုးမွာေရာက္ေနတဲ့ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္တို႔ ပြဲစဥ္အမွတ္ ၉ ကို တနဂၤေႏြေန႔မွာ ကစားၾကမွာျဖစ္ၿပီး အဆင့္ ၅ မွာရွိတဲ့ အာဆင္နယ္ကေတာ့ ရွက္ဖီးလ္ယူႏိုက္တက္နဲ႔ ေအာက္တိုဘာလ ၂၁ ရက္ေန႔မွာ ကစားရမွာပါ။
ပြဲစဥ္အမွတ္ ၉ ကစားၿပီးသမွ် အမွတ္ေပးဇယား အေျခအေနကေတာ့ မန္စီးတီးက အဆင့္ ၂၊ လက္စတာစီးတီးက အဆင့္ ၃ နဲ႔ ခ်ယ္လ္ဆီးက အဆင့္ ၄ အသီးသီးရထားၾကပါတယ္။
--------------------------------
(Unicode)
စနေည ပရီးမီးယားလိဂ် ဇယားထိပ် သုံးသင်းလုံး နိုင်ပွဲရ
စနေနေ့က ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အမှတ် ၉ ဘောလုံးပွဲတွေမှာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁ က ၅ ထဲမှာ ရှိနေကြတဲ့ မန်စီးတီး၊ လက်စတာစီးတီးနဲ့ ချယ်လ်ဆီးတို့ အနိုင်ရကြပါတယ်။
မန်စီးတီးက အဝေးကွင်းမှာ ခရစ္စတယ်လ် ပဲလေ့စ်ကို ၂ ဂိုးပြတ်၊ ချယ်လ်ဆီးက အိမ်ကွင်းမှာ နယူးကက်ဆယ်လ်ကို ၁ ဂိုး ဂိုးမရှိ၊ လက်စတာစီးတီးက အိမ်ကွင်းမှာ ဘန်လေကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရကြတာပါ။
တခြားပွဲတွေမှာတော့ အဲဗာတန်က ဝက်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိ၊ အက်စ်တွန်ဗီလာက ဘရိုက်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကြပြီး တော်တင်ဟမ်နဲ့ ဝတ်ဖို့ဒ်၊ ဝုဗ်နဲ့ ဆောက်သမ်တန်တို့ တဖက် ၁ ဂိုးစီနဲ့ အသီးသီး သရေကျပါတယ်။ ဘုန်းမောက်နဲ့ နောဝစ်ချ်စီးတီးပွဲကတော့ ဂိုးမရှိသရေကျပါတယ်။
လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံးမှာရောက်နေတဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ပွဲစဉ်အမှတ် ၉ ကို တနင်္ဂနွေနေ့မှာ ကစားကြမှာဖြစ်ပြီး အဆင့် ၅ မှာရှိတဲ့ အာဆင်နယ်ကတော့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကစားရမှာပါ။
ပွဲစဉ်အမှတ် ၉ ကစားပြီးသမျှ အမှတ်ပေးဇယား အခြေအနေကတော့ မန်စီးတီးက အဆင့် ၂၊ လက်စတာစီးတီးက အဆင့် ၃ နဲ့ ချယ်လ်ဆီးက အဆင့် ၄ အသီးသီးရထားကြပါတယ်။