သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စူပါအင်္ဂါနေ့ ကန် ပဏာမ ရွေးကောက်ပွဲတွေ စတင်


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ပြိုင်နိုင်ဖို့ ကြိုးစားနေကြတဲ့ ဒီမိုကရက်တစ်ပါတီနဲ့ Republican ပါတီဝင်တွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Super အင်္ဂါနေ့လို့ ခေါ်တဲ့ Super Tuesday ပဏာမ ရွေးကောက်ပွဲ တွေကို ဒီကနေ့မှာ ကျင်းပပါတယ်။

Republican ပါတီအတွက် ပြည်နယ် ၁၂ ပြည်နယ်နဲ့ Democratic ပါတီအတွက် ပြည်နယ် ၁၁ ပြည်နယ်မှာ Super Tuesday သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေကျင်းပတာပါ။

လူထုစစ်တမ်းတွေမှာ ထောက်ခံမှုနည်းနေတဲ့ သမ္မတလောင်းဖြစ်ဖို့ ကြိုးစားနေသူတွေအနေနဲ့ လူထုထောက်ခံမှု ဆယ်ဂဏန်းနဲ့ ဦးဆောင်နေသူတွေနဲ့ ရလာဒ်သိပ်မကွာဖို့အရေး အကြီးအကျယ် မဲဆွယ်မှုတွေလုပ်နေကြပါတယ်၊ ရီပတ်ဘလီကန်ပါတီသမ္မတလောင်းဖြစ်ဖို့ ယှဉ်ပြိုင်နေတဲ့ ဘီလျံနာသူဌေးကြီး Donald Trump ဟာ ပြည်နယ် ၃ ခုမှာ ဦးဆောင်အနိုင်ရှိနေပြီး Super Tuesday ပြည်နယ် အဖြစ်တင်စားခေါ်တဲ့ ပြည်နယ် ၁၀ ပြည်နယ်မှာလည်း အလားအလာကောင်းနေပါတယ်။

ဒါပေမယ့်လည်း တောင်ပိုင်းပြည်နယ်ဖြစ်တဲ့ Texas ပြည်နယ်မှာတော့ Trump ကိုထောက်ခံသူနည်းပြီး အဲဒီမှာ အထက်လွှတ်တော်အမတ် Ted Cruz ကတော့ သူ့ပြည်နယ်မို့ အနိုင်ရမယ်လို့ မျှော်လင့်နေပါတယ်၊ Mr. Trump အနေနဲ့ ပြည်နယ် ဘယ်နှစ်ခုမှာ အနိုင်ရမလဲဆိုတာက သူ့ပြိုင်ဖက် Cruz နဲ့ အထက်လွှတ်တော်အမတ် Marco Rubio တို့အပေါ် ထောက်ခံမှု ဘယ်လောက်ရမလဲဆိုတဲ့အပေါ် အဓိက မူတည်ပါတယ်၊ ဒီမိုကရက်တစ်ပါတီသမ္မတလောင်းရွေးချယ်ပွဲနဲ့ ပါတ်သတ်ပြီး CNN/ORC ကထုတ်ပြန်တဲ့ လူထုစစ်တမ်းတွေမှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က သူ့ပြိုင်ဖက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ထက် ၁၇% အသာရနေပြီး ၅၅ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပါတယ်။

XS
SM
MD
LG