သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚစု ICJ အျပန္ လူထုႀကိဳဆို (သတင္းဓာတ္ပုံမ်ား)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာ မြတ္စလင္ေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္ခဲ့တယ္ဆိုၿပီး ျမန္မာႏိုင္ငံအေပၚ လူမ်ဳိးတုံး သတ္ျဖတ္မႈဆိုင္ရာ စြပ္စြဲခ်က္နဲ႔ ႏုိင္ငံတကာတရား႐ံုး (ICJ) မွာ ဂမ္ဘီယာႏုိင္ငံက တိုင္ၾကားထားတာကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ICJ တရား႐ံုးမွာ သြားေရာက္ရင္ဆိုင္ ေျဖရွင္းခဲ့တာ ျဖစ္ပါတယ္။ ဒီဇင္ဘာ ၁၀ ရက္ေန႔ကေန စတင္ခဲ့တဲ့ ျမန္မာနဲ႔ ဂမ္ဘီယာ ႏိုင္ငံခ်င္းအလုိက္ ေလွ်ာက္လဲမႈေရာ အျပန္အလွန္ ေလွ်ာက္လဲမႈေတြက ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ အဆံုးသတ္ခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ ၁၄ ရက္ေန႔ စေနေန႔မွာေတာ့ နယ္သာလန္ႏုိင္ငံ The Hague ႏိုင္ငံတကာတရား႐ံုး (ICJ) ကေန တရားရင္ဆိုင္ၿပီး ျမန္မာႏုိင္ငံကိုျပန္လာတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာအစိုးရ ကိုယ္စားလွယ္အဖြဲ႔ကို ေနျပည္ေတာ္မွာ ျပည္သူအမ်ားက ေသာင္းေသာင္းျဖျဖ ႀကိဳဆိုခဲ့ၾကပါတယ္။
--------------------------------
(Unicode)
ဒေါ်စု ICJ အပြန် လူထုကြိုဆို (သတင်းဓာတ်ပုံများ)
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံးမှာ သွားရောက်ရင်ဆိုင် ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ စတင်ခဲ့တဲ့ မြန်မာနဲ့ ဂမ်ဘီယာ နိုင်ငံချင်းအလိုက် လျှောက်လဲမှုရော အပြန်အလှန် လျှောက်လဲမှုတွေက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ စနေနေ့မှာတော့ နယ်သာလန်နိုင်ငံ The Hagueနိုင်ငံတကာတရားရုံး (ICJ) ကနေ တရားရင်ဆိုင်ပြီး မြန်မာနိုင်ငံကိုပြန်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ ပြည်သူအများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

ေနာက္ထပ္ၾကည့္႐ႈရန္

XS
SM
MD
LG