အေမရိကန္ျပည္ေထာင္စုမွာ အမ်ိဳးသမီးေတြ တရား၀င္ ကိုယ္၀န္ဖ်က္ခ်ခြင့္ကို တရားရုံးခ်ဳပ္က ပယ္ဖ်က္လိုက္တဲ့ တခ်ိန္တည္းမွာပဲ တရား႐ုံးခ်ဳပ္အေပၚ ယုံၾကည္မႈဟာ သမိုင္းတေလွ်ာက္ အနိမ့္ဆုံးေရာက္ေနေၾကာင္း လူထုသေဘာထား စစ္တမ္းသစ္က ေတြ႕ရွိခဲ့ပါတယ္။ အေမရိကန္က အဖဲြ႕အစည္းေတြအေပၚ ယုံၾကည္ကိုးစားမႈနဲ႔ ပတ္သက္လို႔ Gallup အဖြဲ႔က ႏွစ္စဥ္ေကာက္ယူေနတဲ့ လူထုသေဘာထားစစ္တမ္းအရ တရား႐ုံးခ်ဳပ္အေပၚ ယုံၾကည္မႈဟာ မႏွစ္တုန္းက ၃၆ ရာခုိင္ႏႈန္းရွိခဲ့ရာက ဒီနွစ္မွာေတာ့ ၂၅ ရာခိုင္ႏႈန္းထိက်ဆင္းသြားပါတယ္။ ဒါဟာဆိုရင္ အနိမ္႔ဆုံးျဖစ္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ လူထုသေဘာထားစစ္တမ္းထက္ ၅ ရာခုိင္ႏႈန္းက်ဆင္းသြားတာလည္းျဖစ္ပါတယ္။
ဒီႏွစ္မွာ အစိုးရဌာနေတြအေပၚလူထုယုံၾကည္မႈေတြ က်ဆင္းလာခဲ့ရာမွာ တရား႐ုံးခ်ဳပ္အေပၚ ယုံၾကည္မႈ သိသိသာသာ က်ဆင္းလာရာမွာ တျခားဌာနေတြထက္ ၂ ဆေလာက္တိုးၿပီး ၁၁ မွတ္ က်ဆင္းသြားခဲ့ေၾကာင္း စစ္တမ္းေကာက္ယူသူေတြကေျပာပါတယ္။ တရား႐ုံးခ်ဳပ္အေပၚ ယုံၾကည္မႈ က်ဆင္းလာရတဲ့အေၾကာင္းရင္းက ကိုယ္၀န္ဖ်က္ခ်ခြင့္နဲ႔ ပတ္သက္လို႔ ဆုံးျဖတ္ခ်က္ ထြက္လာမယ့္ ကိစၥနဲ႔ ဆက္ႏြယ္ႏိုင္တယ္လို႔လည္း စစ္တမ္းျပဳစုသူေတြက ေျပာပါတယ္။
ကိုယ္၀န္ ၃ လမေက်ာ္ခင္ သေႏၶသားဖ်က္ခ်ခြင့္ တရားဝင္ခြင့္ျပဳထားတဲ့ သမိုင္းဝင္ Roe v. Wade စီရင္ထံုးကို တရား႐ုံးခ်ဳပ္က ပယ္ဖ်က္လိုတဲ့ သေဘာထားရွိတဲ့ မူၾကမ္းတရပ္ ေပါက္ၾကားထြက္လာၿပီးေနာက္ ဂၽြန္လ ၁ ရက္ေန႔ကေန ၂၀ ရက္ေန႔ၾကား သေဘာထား ေကာက္ယူခဲ့တာပါ။ စစ္တမ္းမွာ သေဘာထား ေပးသူ ၂ ေယာက္မွာ ၁ေယာက္ေလာက္က Roe v.Wade စီရင္ထုံးကို ပယ္ဖ်က္ေရး ဆန္႔က်င္ၾကတယ္လို႔ Gallup စစ္တမ္းက ေျပာပါတယ္။
Unicode
အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ကို တရားရုံးချုပ်က ပယ်ဖျက်လိုက်တဲ့ တချိန်တည်းမှာပဲ တရားရုံးချုပ်အပေါ် ယုံကြည်မှုဟာ သမိုင်းတလျှောက် အနိမ့်ဆုံးရောက်နေကြောင်း လူထုသဘောထား စစ်တမ်းသစ်က တွေ့ရှိခဲ့ပါတယ်။ အမေရိကန်က အဖွဲ့အစည်းတွေအပေါ် ယုံကြည်ကိုးစားမှုနဲ့ ပတ်သက်လို့ Gallup အဖွဲ့က နှစ်စဉ်ကောက်ယူနေတဲ့ လူထုသဘောထားစစ်တမ်းအရ တရားရုံးချုပ်အပေါ် ယုံကြည်မှုဟာ မနှစ်တုန်းက ၃၆ ရာခိုင်နှုန်းရှိခဲ့ရာက ဒီနှစ်မှာတော့ ၂၅ ရာခိုင်နှုန်းထိကျဆင်းသွားပါတယ်။ ဒါဟာဆိုရင် အနိမ့်ဆုံးဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် လူထုသဘောထားစစ်တမ်းထက် ၅ ရာခိုင်နှုန်းကျဆင်းသွားတာလည်းဖြစ်ပါတယ်။
ဒီနှစ်မှာ အစိုးရဌာနတွေအပေါ် လူထုယုံကြည်မှုတွေ ကျဆင်းလာခဲ့ရာမှာ တရားရုံးချုပ်အပေါ် ယုံကြည်မှု သိသိသာသာ ကျဆင်းလာရာမှာ တခြားဌာနတွေထက် ၂ ဆလောက်တိုးပြီး ၁၁ မှတ် ကျဆင်းသွားခဲ့ကြောင်း စစ်တမ်းကောက်ယူသူတွေကပြောပါတယ်။ တရားရုံးချုပ်အပေါ် ယုံကြည်မှု ကျဆင်းလာရတဲ့အကြောင်းရင်းက ကိုယ်ဝန်ဖျက်ချခွင့်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ထွက်လာမယ့် ကိစ္စနဲ့ ဆက်နွယ်နိုင်တယ်လို့လည်း စစ်တမ်းပြုစုသူတွေက ပြောပါတယ်။
ကိုယ်ဝန် ၃ လမကျော်ခင် သန္ဓေသားဖျက်ချခွင့် တရားဝင်ခွင့်ပြုထားတဲ့ သမိုင်းဝင် Roe v. Wade စီရင်ထုံးကို တရားရုံးချုပ်က ပယ်ဖျက်လိုတဲ့ သဘောထားရှိတဲ့ မူကြမ်းတရပ် ပေါက်ကြားထွက်လာပြီးနောက် ဂျွန်လ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့ကြား သဘောထား ကောက်ယူခဲ့တာပါ။ စစ်တမ်းမှာ သဘောထား ပေးသူ ၂ ယောက်မှာ ၁ယောက်လောက်က Roe v.Wade စီရင်ထုံးကို ပယ်ဖျက်ရေး ဆန့်ကျင်ကြတယ်လို့ Gallup စစ်တမ်းက ပြောပါတယ်။