သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူချင်း လက်ထပ်ခွင့် ကန်တရားရုံးချုပ် အတည်ပြု


လိင်တူချင်း လက်ထပ်ခွင့် ကန်တရားရုံးချုပ် အတည်ပြု။ (ဇွန် ၂၆၊ ၂၀၁၅)
လိင်တူချင်း လက်ထပ်ခွင့် ကန်တရားရုံးချုပ် အတည်ပြု။ (ဇွန် ၂၆၊ ၂၀၁၅)

လိင်တူစုံတွဲတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဘယ်နေရာမှာမဆို လက်ထပ် ထိမ်းမြားခွင့်ရှိတယ်လို့ အမေရိကန် တရား လွှတ်တော်ချုပ်က သောကြာနေ့မှာ ဆုံးဖြတ်လိုက်တာဟာ အမေရိကန်ပြည်ထောင်စု အတွက် အောင်ပွဲတခုဖြစ် တယ်လို့ပြောပြီး သမ္မတ ဘရာ့ခ် အိုဘားမားက ကြိုဆိုလိုက်ပါတယ်။

လူတိုင်းအတွက် ဥပဒေအရ ရပိုင်ခွင့်နဲ့ တန်းတူညီမျှတဲ့ အကာအကွယ်တွေကို အမေရိကန် အခြေခံဥပဒေက အာမခံချက်ပေး ထားတယ်လို့ အဖွဲ့ဝင်ကိုးဦးပါ တရားလွှတ်တော်ချုပ်မှာ ၅ မဲ ၄ မဲနဲ့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့်မို့ လိင်တူချင်း လက်ထပ်တာကို တရားမဝင်သတ်မှတ်ဖို့ ဘယ်ပြည်နယ်ကပဲမဆို ကြိုးစားပါစေ တရားလွှတ်တော်ချုပ်ရဲ့ အခုဆုံးဖြတ်ချက်ကပဲ နောက်ဆုံး အတည်ဖြစ်ရမှာပါ။ ဒီဆုံးဖြတ်ချက်ဟာ ပြည်နယ် ၅၀ စလုံးမှာ သက်ရောက်ရမှာဖြစ်ပါတယ်။

ထောင်ပေါင်းများစွာသော လိင်တူစုံတွဲတွေ ရင်ဆိုင်နေရတဲ့ မသေချာ မရေရာမှုကို ဒီဆုံးဖြတ်ချက်က အဆုံးသတ်စေမှာဖြစ်ပြီး မိမိတို့ရဲ့ လူမှုအဝန်းအဝိုင်း အားလုံးအတွက် အားကောင်းစေမှာဖြစ်ပါတယ်လို့ ဒီ သမိုင်းဝင်ဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက် သမ္မတအိမ်ဖြူတော်မှာ မစ္စတာအိုဘားမားက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ သိပ်ကို ဂုဏ်ယူသင့်ပါတယ်လို့လဲ မစ္စတာအိုဘားမား က ပြောပါတယ်။

XS
SM
MD
LG