သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူထိမ်းမြားမှု နိုင်ငံတော် တရားရုံးချုပ်ကြားနာ


လိင်တူချင်း ထိမ်းမြား လက်ထပ်ခွင့်ကို တားမြစ်တဲ့ အမေရိကန် ပြည်ထောင်စု California ဥပဒေတရပ်အပေါ်မှာ အင်္ဂါနေ့တုန်းက အမေရိကန် တရားရုံးချုပ်ကနေ တနာရီကျော် ကြားနာ စစ်ဆေးပါတယ်။

ပထမဆုံး အမှု ၂ မှုကို အခု သီတင်းပတ်အတွင်းမှာ ကြားနာခဲ့ပြီး၊ ဒါဟာ တနိုင်ငံလုံး အတိုင်းအတာအထိကို လိင်တူချင်း ထိမ်းမြား လက်ထပ်ခွင့် လမ်းပွင့်လာနိုင်ပါတယ်။

California ပြည်နယ်ရဲ့ ဒီဥပဒေဟာ အမေရိကန် ဖွဲ့စည်းပုံပါ တန်းတူညီမျှမှုအတွက် အကာအကွယ် ပေးရမယ်ဆိုတဲ့အချက်ကို ချိုးဖောက်မှု ရှိ မရှိဆိုတာကို တရားရုံးချုပ် တရားသူကြီး ၉ ဦးက သုံးသပ် စဉ်းစားနေပါတယ်။

အင်္ဂါနေ့ ကြားနာပွဲမှာတော့ ကြားနေတယ်လို့ ယူဆရတဲ့ တရားသူကြီး အန်တိုနီ ကနေဒီ (Antony Kennedy) ဟာ အခုလို California က တားမြစ်ချက်ကို ပစ်ပယ်လိုက်ခြင်း အားဖြင့်၊ တရားသူကြီးချုပ်ဟာ အရင်တုန်းက လုပ်လေ့မရှိတဲ့ ကိစ္စမျိုး ၀င်ရောက်
ဆောင်ရွက်ခြင်းအားဖြင့် ပိုမိုရှုပ်ထွေးလာမှာကို စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။

အခု ဒီနှစ်ပိုင်း အကုန်မှာတော့ တရာသူကြီးတွေအနေနဲ့ ဒီကိစ္စကို အဆုံးအဖြတ် ပေးရ မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ တရားရုံးချုပ်အနေနဲ့ အမျိုသားနဲ့ အမျိုးသမီးကြားမှာပဲ လက်ထပ်ရမယ်ဆိုပြီး သတ်မှတ်ထားတဲ့ ပြည်ထောင်စု လက်ထပ်ထိမ်းမြားမှု ဥပဒေကို ပြန်လှန် စဉ်းစားသုံးသပ်ဖို့ရှိပါတယ်။

တရားရုံးအပြင်မှာတော့ ဒီကိစ္စ ထောက်ခံသူတွေရော ကန့်ကွက်သူတွေရော စုရုံးနေကြ ပါတယ်။
XS
SM
MD
LG