သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း Yingluck ကို ဖမ်းဝရမ်း ထုတ်


ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra တရားရုံးရောက်ရှိ လာစဉ်။ ( သြဂုတ်လ ၁-၂၀၁၇)
ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra တရားရုံးရောက်ရှိ လာစဉ်။ ( သြဂုတ်လ ၁-၂၀၁၇)

ထိုင်းတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း ယင်လပ်ခ်ရှင်နဝပ်ကို ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ခ်ဟာ သူ့အပေါ် ပေါ့ဆမှုနဲ့ တရားစွဲထားတဲ့အမှု အမိန့်ချမှာကို တရားရုံးကို လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အခုလိုဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။

သူမရဲ့ ရှေ့နေကတော့ ဝန်ကြီးချုပ်ဟောင်း ယင်လပ်ခ်ဟာ အလွန်ကို နာမကျန်းဖြစ်နေတယ်လို့ ပြောပါတယ်။ တရားပြိုင်ဟာ ပုန်းရှောင်နေတယ် ဒါမှမဟုတ် ထွက်ပြေးနေတယ်လို့ ထင်ကြောင်း တရားရုံးချုပ်ရဲကြေငြာမှာ ပြောထားပြီး လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာ အမိန့်ချဖို့ ရုံးချိန်း ပေးလိုက်ပါတယ်။

ဆန်စပါးစိုက်ပျိုးဖို့အတွက် အမတော်ကြေးတွေထုတ်ချေးခဲ့တာနဲ့ ဆက်စပ်ပြီး သူမအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို အပြစ်မရှိဘူးလို့ ဝန်ကြီးချုပ်ဟောင်း ယင်လပ်ခ်ကတော့ ထွက်ဆိုထားပါတယ်။ အဲဒီလို အမတော်ကြေးတွေ ထုတ်ချေးလိုက်တဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျစေခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုမှာ ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို ရာထူးကနေဖယ်ရှားပြီး အာဏာရလာတဲ့ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကတော့ - ဝန်ကြီးချုပ်ဟောင်းယင်လပ်ဘယ်ရောက်နေတယ်ဆိုတာ သူမသိကြောင်း၊ ဒါပေမဲ့ သူ့အစိုးရအဖွဲ့အနေနဲ့ ရှာဖွေသွာမယ်လို့ ပြောလိုက်ပါတယ်။ တကယ်လို့ တရားရုံးချုပ်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ ယင်လပ်ခ်အနေနဲ့ ထောင်ဒဏ် ၁၀ နှစ်လောက်အထိ ကျခံရနိုင်ဖွယ်ရှိပါတယ်။ အဲဒီလိုဆိုရင်တော့ သူမအနေနဲ့ အယူခံဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG