သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိသန္ဓေ ဖျက်ချပိုင်ခွင့် ပြည်နယ် စွက်ဖက်ပိုင်ခွင့်မရှိ၊ တရားရုံးချုပ် ဆုံးဖြတ်


ပဋိသန္ဓေ ဖျက်ချခွင့်ရရေး တက်ကြွ လှုပ်ရှားသူများ တနင်္လာနေ့က ဝါရှင်တန် ဒီစီမြို့ နိုင်ငံတော် တရားရုံးချုပ် ရှေ့တွင် အောင်ပွဲခံနေစဉ်။ ဓါတ်ပုံ - (AP Photo/J. Scott Applewhite)
ပဋိသန္ဓေ ဖျက်ချခွင့်ရရေး တက်ကြွ လှုပ်ရှားသူများ တနင်္လာနေ့က ဝါရှင်တန် ဒီစီမြို့ နိုင်ငံတော် တရားရုံးချုပ် ရှေ့တွင် အောင်ပွဲခံနေစဉ်။ ဓါတ်ပုံ - (AP Photo/J. Scott Applewhite)

အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံအရ ခွင့်ပြုထားတဲ့ အမျိုးသမီးတွေ ပဋိသန္ဓေ ဖျက်ချ ပိုင်ခွင့်ကို မလိုအပ်တဲ့ အခက်အခဲတွေ ဖန်တီးပြီး ဖျက်ချလို့ မရအောင် နိုင်ငံထဲမှာ ရှိတဲ့ ဘယ်ပြည်နယ်မှာမှ လုပ်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံတော် တရားရုံးချုပ်က တနင်္လာနေ့က ဆုံးဖြတ်ပြီး အမျိုးသမီးတွေရဲ့ ပဋိသန္ဓေဖျက်ချ ပိုင်ခွင့်ကို ထပ်မံ အတည်ပြုလိုက်ပါတယ်။

အမျိုးသမီးတွေ ပဋိသန္ဓေကို လွယ်လွယ်နဲ့ ဖျက်ချလို့ မရအောင် ဆေးခန်းတွေမှာ ကန့်သတ်ချက်တွေ ထားခွင့် မရှိဘူးလို့ နိုင်ငံတော် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာပါ။

နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး ၈ ယောက် ကြား ထောက်ခံမဲ ၅ မဲ ကန့်ကွက်မဲ ၃ မဲနဲ့ ဆုံးဖြတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ဟာ ၂၅ နှစ်အတွင်း ပဋိသန္ဓေ ဖျက်ချမှု ဆိုင်ရာ အရေးအပါဆုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

Texas ပြည်နယ် နည်းတူ တခြားပြည်နယ်တွေမှာ အတည်ပြုထားတဲ့ ပဋိသန္ဓေ ဖျက်ချမှုဆိုင်ရာ ဥပဒေက ဖျက်ချပေးတဲ့ ဆရာဝန်တွေအနေနဲ့ သူတို့ ဆေးခန်းတွေ နားမှာရှိတဲ့ ဆေးရုံတွေမှာ လူနာကို ဆေးရုံတင်ပေးနိုင်တဲ့ အခြေအနေရှိဖို့ လိုအပ်ပြီး သူတို့ရဲ့ဆေးခန်းတွေမှာ ဆေးရုံအဆင့်မှီ တန်ဖိုးကြီးတဲ့ ဆေးကုသမှု ကိရိယာတွေ ရှိရမယ်လို့ သတ်မှတ်ထားတာပါ။

Texas ပြည်နယ် အစိုးရကတော့ သူ့ရဲ့ ဥပေဒေကြောင့် ပဋိသန္ဓေ ဖျက်မယ့် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အကာအကွယ် ပေးရာရောက်တယ်လို့ ဆိုပါတယ်၊ ပဋိသန္ဓေ ဖျက်ချနိုင်ရေးကို စည်းရုံးလှုပ်ရှားနေကြ သူတွေကတော့ ဒီဥပဒေကြောင့် တနှစ် တနှစ်ကို ပဋိသန္ဓေ ဖျက်ချချင်တဲ့ အမျိုးသမီး ၇ သောင်းလောက် Texas ပြည်နယ် မှာ မဖျက်ချနိုင်ကြဘူး လို့ ထောက်ပြ ကြပါတယ်။

ပြည်နယ်ရဲ့ ပြဌာန်းချက်တွေဟာ ဆေးပညာပိုင်းအရ မလိုအပ်တဲ့ အပြင် အမျိုးသမီးတွေရဲ့ ပဋိသန္ဓေ ဖျက်ချပိုင်ခွင့်ကို ဖွဲ့စည်းပုံနဲ့ မညီဘဲ ကန့်သတ် နေတာ ဖြစ်တယ်လို့ နိုင်ငံတော် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် ကို ရေးသားတဲ့ တရားသူကြီး Stephen Breyer က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG