သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

California ကမ်းရိုးတမ်းဒေသ လှိုင်းကြီးဒဏ်ခံနေရ


လှိုင်းကြီးတဲ့ဒဏ်ခံနေရတဲ့ California ကမ်းရိုးတမ်းဒေသ
လှိုင်းကြီးတဲ့ဒဏ်ခံနေရတဲ့ California ကမ်းရိုးတမ်းဒေသ

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း California ပြည်နယ်ကမ်းရိုးတမ်းကို ကြီးမားတဲ့လှိုင်းလုံးကြီးတွေ သောကြာနေ့ ရိုက်ခတ်ခဲ့ပြီး ဒီထက်ကြီးတဲ့လှိုင်းကြီးတွေ လာဦးမယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

California ပြည်နယ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းအပြင် Oregon ပြည်နယ်ထဲက ကမ်းရိုးတမ်းဒေသကို ပေ ၃၀ ကျော်အထိမြင့်တဲ့ လှိုင်းလုံးကြီးတွေ ရိုက်ခတ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ အင်မတန်အန္တရာယ်ကြီးတဲ့ အခြေအနေတွေဖြစ်တယ်လို့ အမေရိကန် မိုးလေဝသဌာနက သတိပေးထားပါတယ်။ အင်အားပြင်း လှိုင်းလုံးကြီးတွေနဲ့ ရေစီးတွေကြောင့် ထိခိုက်ဒဏ်ရာရ၊ ရေနစ်နိုင်သလို၊ ကမ်းခြေနားက သင်္ဘောတွေမှောက်နိုင်ပြီး၊ ကမ်းရိုးတမ်းဒေသအတွက် အကာအကွယ်လုပ်ထားတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီနေ့ စနေနေ့ညနေပိုင်းမှာ ဒီရေတက်ချိန် ကမ်းရိုးတမ်းဒေသတလျှောက် မြေနိမ့်ပိုင်းတွေမှာရှိတဲ့ ကမ်းခြေတွေ၊ လမ်းလျှောက်နေရာတွေ၊ ကားရပ်တဲ့နေရာတွေမှာ ရေကြီးနိုင်တယ်လို့လည်း အမေရိကန်မိုးလေဝသဌာနက သတိပေးထားပါတယ်။ Los Angeles မြို့ မြောက်ဖက်မှာရှိတဲ့ Ventura မြို့နယ်မှာ ကြာသပတေးနေ့က ပင်လယ်ရေမဝင်နိုင်အောင်တားဆီးထားတဲ့ နံရံတွေကျော်တဲ့အထိ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့လို့ ကမ်းခြေမှာရှိနေသူ ၈ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ကမ်းခြေနားမှာရှိတဲ့ အဆောက်အဦးတချို့ထဲ ရေတွေဝင်ခဲ့ပါတယ်။ အမေရိကန်အနောက်ဘက်ခြမ်းမှာ မုန်တိုင်းကြောင့် အခုလို လှိုင်းကြီးနေတာဖြစ်ပြီး ကုန်းတွင်းပိုင်းဘက်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

XS
SM
MD
LG