သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားကေ ျာင်း ပစ်ခတ်မှု သံသယရှိသူ ဖမ်းဆီးစစ်ဆေး


ဘုရားကေ ျာင်းပစ်ခတ်မှု သံသယရှိသူ။
ဘုရားကေ ျာင်းပစ်ခတ်မှု သံသယရှိသူ။

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသက တောင် Carolina ပြည်နယ်၊ Charleston မြို့မှာရှိတဲ့ အာဖရိကန် - အမေရိကန် ဘုရှားရှိခိုးကျောင်းမှာ သေနတ်နဲ့ ပတ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားပြီး လူ ၉ ဦး သေဆုံးခဲ့ရတဲ့အတွက် ဒေသခံတွေ ဝမ်းနည်း ကြေကွဲနေကြချိန်မှာပဲ ဒီပစ်ခတ်မှုနဲ့ ဆက်နွယ်တဲ့သူတဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ လူမျိုးရေး မုန်းတီးပေါ် အခြေခံပြီး ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဟုတ်မဟုတ်ဆိုတာကို ပြည်ထောင်စု အစိုးရ အရာရှိတွေက စုံစမ်း စစ်ဆေးနေပါတယ်။

ပစ်ခတ်မှု ဖြစ်သွားခဲ့တဲ့နေရာနဲ့ ကီလိုမီတာ ၄၀၀ လောက်ဝေးတဲ့ အိမ်နီးချင်း မြောက် Carolina ပြည်အတွင်း ကားနဲ့ မောင်းသွားနေတဲ့အချိန် အသက် ၂၁ နှစ်အရွယ် Dylann Storm Roof ဆိုသူကို ရဲတပ်ဖွဲ့က ကြာသပတေးနေ့ အစောပိုင်းက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ညက သေနတ်နဲ့ ပစ်ခတ်ခြင်းမပြုခင် Roof ဟာ Emanuel African Methodist Episcopal ဘုရားရှိခိုးကျောင်းအတွင်းမှာ ဘုရှားရှိခိုးနေကြတဲ့ သူတွေနဲ့အတူ တနာရီလောက် ဘုရှားကျောင်းထဲမှာ ထိုင်နေခဲ့တယ်လို့ Charleston ရဲတပ်ဖွဲ့အကြီးအကဲ Greg Mullen က သတင်းထောက်တွေကို ပြောပါတယ်။

သမ္မတ Barack Obama ကလည်း အဲဒီ ပစ်ခတ်မှုအတွက် ဝမ်းနည်းကြောင်းနဲ့ သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်မှုနဲ့ဆိုင်တဲ့ ကိစ္စကို သူ့အနေနဲ့ ထပ်ခါတလဲလဲ ပြောကြားနေရတဲ့အတွက် ဒေါသဖြစ်ရကြောင်း သမ္မတ အိမ်ဖြူတော်ကနေ ပြောကြားခဲ့ပါတယ်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အနေနဲ့ အကြိမ်ကြိမ် ပြောခဲ့ရပြီးဖြစ်ကြောင်း၊ ဒီလိုမျိုး လူမှုအသိုင်းဝိုင်းအနေနဲ့ အခုလို စိတ်မကောင်းဖွယ် ဖြစ်ရပ်ကို ကြိမ်ဖန်များစွာ ကြုံတွေ့ ခံစားခဲ့ကြရကြောင်း၊ ပစ်ခတ်မှုနဲ့ဆိုင်တဲ့ အချက်အလက် အပြည့်အစုံကို မသိရသေးပေမယ့် သေနတ်ကို အလွယ်တကူ ရယူ ပိုင်ဆိုင်နိုင်သူတဦးက တပါးသူတွေကို နာကျင်အောင် လုပ်လိုတဲ့ ဆန္ဒရှိတာကြောင့် အပြစ်မဲ့တဲ့သူတွေ နောက် တကြိမ် သေဆုံးကြရကြောင်း သမ္မတ အိုဘားမားက ပြောသွားတာပါ။”

ပစ်ခတ်မှုကြောင့် တောင် Carolina ပြည်နယ် အထက်လွှတ်တော်အမတ် တဦးအပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၆ ဦးတို့ သေဆုံးခဲ့ရတာပါ။

XS
SM
MD
LG