သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာတိုက်ခိုက်မှု လူ ၄၀ ကျော် သေဆုံး


ကင်ညာနိုင်ငံ၊ Mpeketoni မြို့မှာ အယ်လ်ရှာဘတ်စစ်သွေးကြွလို့ ယူဆရသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုမြင်ကွင်း။ (ဂျွန် ၁၆၊ ၂၀၁၄)
ကင်ညာနိုင်ငံ၊ Mpeketoni မြို့မှာ အယ်လ်ရှာဘတ်စစ်သွေးကြွလို့ ယူဆရသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုမြင်ကွင်း။ (ဂျွန် ၁၆၊ ၂၀၁၄)
ကင်ညာနိုင်ငံက ကမ်းရိုးတန်းမြို့တမြို့မှာ အယ်လ်-ရှာဘတ်ဘ် ဆိုမာလီ စစ်သွေးကြွအဖွဲ့ရဲ့လက်ချက်လို့ တာဝန်ရှိသူတွေက အပြစ်တင်ထားတဲ့ တိုက်ခိုက်မှုအတွင်း လူ ၄၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကင်ညာကြက်ခြေနီအဖွဲ့ကပြောပါတယ်။

Mpeketoni မြို့မှာ ကမ္ဘာ့ဖလားဘောလုံးပွဲကိုကြည့်ဖို့ လူတွေစုဝေးနေကြတဲ့အချိန် တိုက်ခိုက်ခဲ့တာမှာ တခြားလူတွေလည်း ဒဏ်ရာရခဲ့တယ်လို့ ကင်ညာကြက်ခြေနီအဖွဲ့အကြီးအကဲ Abass Gullet က ဗွီအိုအေ ဆွာဟီလီဘာသာဌာနကို ပြောပါတယ်။ ဒဏ်ရာရသူအရေအတွက်ကို အတည်မပြုနိုင်သေးဘဲ အစိုးရလုံခြုံရေး တပ်ဖွဲ့တွေနဲ့အတူ လုပ်ဆောင်နေကြောင်းနဲ့ ဟော်တယ် နှစ်လုံး၊ ဘဏ်နှစ်ခုနဲ့ မော်တော်ယာဉ်တွေ မီးလောင်ကျွမ်းသွားတဲ့အကြောင်း၊ အဲဒါအပြင်တော့ တိုက်ခိုက်သူတွေ ထွက်ပြေးသွားတယ်လို့ပဲ သူသိထားကြောင်း ကြက်ခြေနီအဖွဲ့ အကြီးအကဲကပြောပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင်းက တိုက်ခိုက်မှုအတွင်း သေနတ်သမားတွေဟာ ရဲစခန်းတခု၊ အစိုးရရုံးတရုံးနဲ့ အရေအတွက် အတိအကျမသိသေးတဲ့ နေအိမ်တွေကို မီးရှို့သွားတယ်လို့လည်း ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

တိုက်ခိုက်သူတွေကို လုံခြုံရေးတာဝန်ရှိသူတွေက လိုက်ဖမ်းနေပြီး လူထုဒေါသထွက်အောင် လှုံ့ဆော်ဖို့ကြိုးစားသူတွေကို ကင်ညာ ပြည်ထဲရေးဝန်ကြီး Joseph Lenku က သတိပေးခဲ့ပါတယ်။
အယ်လ်-ရှာဘတ်အပါအဝင် ဘယ်အဖွဲ့ကမှ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုတာမျိုး ချက်ခြင်းထွက်မလာသေးပါဘူး။
XS
SM
MD
LG