သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ဆီက ပါရီမြို့တော်ဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်းမည်


ပြင်သစ်ရဲ့ အမြင့်ဆုံး ဆုချီးမြှင့်ခံခဲ့ရစဉ် မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီ ၁၃၊ ၂၀၁၂)
ပြင်သစ်ရဲ့ အမြင့်ဆုံး ဆုချီးမြှင့်ခံခဲ့ရစဉ် မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီ ၁၃၊ ၂၀၁၂)

ပဲရစ်မြို့တော်အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပေးထားတဲ့ ပြင်သစ်မြို့တော်ဆိုင်ရာ ဂုဏ်ထူးဆောင်လွတ်လပ်ရေးဆုကို ပြန်ရုပ်သိမ်းမယ်လို့ ပဲရစ်မြို့တော်ဝန်ရုံးက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုတွေအပေါ် မတရားနှိမ်နင်းခဲ့တာအတွက် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ တားမြစ်ပြောဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် ခုလို ဆုကို ပြန်ရုပ်မှာဖြစ်ကြောင်း့ သောကြာနေ့က ပဲရစ် မြို့တော်ဝန်ရုံး ပြောခွင့်ရက ဆိုပါတယ်။

ပဲရစ်မြို့တော်ဝန်ရုံး ပြောခွင့်ရကပဲ မြို့တော်ဝန် Anne Hidalgo အနေနဲ့ ခုလို ဆုပြန်ရုပ်ဖို့ ဆုံးဖြတ်ရတာက မြန်မာနိုင်ငံထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ရိုဟင်ဂျာလူနည်းစုတွေအပေါ် အကြမ်းဖက်နှိပ်စက်တာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးစံြုဖစ်တာကြောင့်ပါလို့ AFP သတင်းဌာနကို ပြောလိုက်ပါတယ်။

Oxford တက္ကသိုလ်၊ Edinburg နဲ့ Glasgow မြို့တွေက အလားတူ ဒေါ်အောင်ဆုကြည်ကိုပေးခဲ့တဲ့ ဂုဏ်ထူးဆောင်ဆုတွေကို ဖြစ်လာတဲ့ အခု ပဲရစ်မြို့တော် ဂုဏ်ပြုဆုအတွက် အရင် ပြန်ရုပ်ခံရတာ ဘယ်သူမှမရှိခဲ့ဖူးဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြန်ရုပ်ခံခဲ့ရတာပါ။

အရင်အတိုက်အခံဘဝနဲ့ ဒီမိုကရေစီအရေးဦးဆောင်ခဲ့တာကြောင့် နိုင်ငံတကာမှာ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မဲန်ဒဲလားလို့ ဒီမိုကရေစီ မီးရှုးတန်ဆောင်အဖြစ် အကြီးအကျယ် အလေးစားခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု အစိုးရခေါင်းဆောင်ဖြစ်လာချိန်မှာတော့ ရိုဟင်ဂျာအရေးကြုံလာပြီး အနောက်နိုင်ငံတွေအကြား ရေပန်းမစားတော့ဘူး ဖြစ်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG